ဖြေကြားချက် ၁ ခု
မင်္ဂလာပါရှင် အစိမ်းရောင်လမ်း အခမဲ့ စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ်မှ နူတ်ခွန်းဆက်သလိုက်ပါတယ်ရှင်။ အခုတလော တောင်သူတွေ ဆီကနေ မေးခွန်းမေးမြန်းမှုအပေါ် ကြန့်ကြာနေတယ်လို့ ကြားသိရပါတယ်ရှင့်။ ထိုအတွက် သတင်းကောင်းလေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်။ အစိမ်းရောင်လမ်း ဆော့ဝဲလ်တွင် မေးမြန်းကြသော တောင်သူများအနေဖြင့် မေးခွန်းများကို ပြည့်စုံစွာ မေးမြန်းပေးစေလိုကြောင်းလေးပါ။ တောင်သူများ မေးမြန်းသော မေးခွန်းများတွေက ပြည့်စုံမှု မရှိလျှင် ဖြေကြာပေးသော ပညာရှင်များ အနေဖြင့် အခက်အခဲ များရှိနိုင်သကဲ့သို့ အဖြေများပြန်လည်ရရှိနိုင်မှုတွေမှာလည်း ကြန့်ကြာစေပါတယ်။ ထိုကြောင့် တိကျသော မြန်ဆန်သော အဖြေရရှိစေရန် မေးခွန်းများကို ပြည့်စုံစွာမေးမြန်းပေးစေလိုပါတယ်ရှင်။ မေးခွန်းများမေးမြန်းရာတွင် လိုအပ်သော အချက်တွေကို ထည့်သွင်းစဉ်းစားပြီး မေးမြန်းစေလိုပါတယ်။ ၁။ သီးနှံအပင်အမျိုးအစား၊ မြေအမျိုးအစား မည်ကဲ့သို့သောသီးနှံ အမျိုးအစားကို သိချင်ပါသလဲ။ မြေစေးလား၊ ဂဝံမြေလား ၂။ အပင်ရဲ့ အခြေအနေ(အပင်အနေအထား၊ အပင်ရဲ့ အရွယ်သက်တမ်း) ၃။ ရာသီဥတု အခြေအနေ မေးခွန်းအမေးမီ လွန်ခဲ့သော ငါးရက်၏ ရာသီဥတု အခြေအနေများ ၄။ အသုံးပြုထားသော မြေသြဇာ၊ ဆေး အပင်တွင် ဘာမြေသြဇာတွေ ထည့်ထားခဲ့သလဲ။ ဘယ်လိုဆေးအမျိုးအစားတွေ သုံးခဲ့သလဲ။ ရေသွင်းရေထုတ် လွယ်ကူမှုရှိပါသလား ၅။ ရောဂါကျရောက်နေသော အပင်၏ အခြေအနေကို ရှင်းလင်းပြတ်သားသော ဓာတ်ပုံနှင့် ရိုက်ပို့ပေးစေလိုပါတယ်။ အထူးသဖြင့် အထက်ပါ အချက်အလက်များကို မေးမြန်းလိုသော အကြောင်းအရာများနှင့် ပြည့်စုံစွာ မေးမြန်းပေးစေလိုပါတယ်ရှင်။ သို့မှသာ ပညာရှင်များဖြေကြားရာတွင် မှန်ကန်တိကျသော အဖြေများကို ရရှိနိုင်မည် ဖြစ်ပါတယ်။ ပြည့်စုံမှုမရှိသော မေးခွန်းများအတွက် အနီးစပ်ဆုံးနှင့် အမှန်ကန်ဆုံး အဖြေများကို ရရှိနိုင်မှာ မဟုတ်ပါဘူးရှင့်။ အဖြေများကိုရရှိပြီးရင်တော့ အကြောင်းပြန်ပေးစေလိုပါတယ်ပါတယ်ရှင့်။ ဒါမှသာ ဖြေဆိုပေးသော ပညာရှင်များအားတက်စေမှာ ဖြစ်သလို တောင်သူများအတွက်မှန်ကန်သောအဖြေ တစ်ခုကို ဖြည့်ဆည်းပေး နိုင်မည် ဖြစ်ပါတယ်။ Green way အနေနှင့် တောင်သူအတွက် ပိုမိုကောင်းမွန်သော နည်းစနစ်များရရှိစေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိနေပါတယ်ရှင့်။ Greenway အနေဖြင့် တောင်သူများဆီမှ အကြံပြုချက်များကို အချိန်မရွေး လက်ခံလျက်ရှိနေပါသည်။ ဆော့ဝဲလ်မှ တစ်ဆင့် အကြံပြုနိုင်သလို ၀၉၅၀၅၃၅၇၀ သို့ ဆက်သွယ် အကြံပြုနိုင်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်ရှင် အစိမ်ရောင်လမ်း စိုက်ပျိုးရေးဖုန်းဆော့ဝဲလ်
ဆက်စပ်မေးခွန်းများ
မကွေးကပါ ဆောင်းမြေပဲအနီအတွက် အထွက်တိုးမျိုးရှိပါတလား မျိုးအမည်နဲ့ဝယ်ရမယ့်နေရာပြောပေးပါ
ဖြေကြားချက် 1 ခု
မိူ အားဆေး ဆိုတာဘယ်လို ဆေးမျိးကို ခေါ်ပါသလဲခင်ဗျာ ။
ဖြေကြားချက် 1 ခု
ကြယ်ပဲ စျေးကွက်ရှိမရှိသိချင်ပါတယ်။
ဖြေကြားချက် 0 ခု
လခြေးမှုန့်က N ဓာတ်လား? P ? K? သိချင်ပါတယ်ခင်ဗျာ
ဖြေကြားချက် 1 ခု
မတ်ပဲ အပင်များအကွက်လိုက်သေဆုံးတာ ဘာရောဂါလဲမသိလို့ရှင်းပြပါ ခင်ဗျာ
ဖြေကြားချက် 1 ခု