အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
MDEP

MDEP

အတည်ပြုပြီး MDEP

မွေးမြူရေးသမား · ဇေယျာသီရိ

29,123
လွန်ခဲ့သော ၇ နှစ် က

မြို့ပြင် အမြန်လမ်းဘက်ကလာရင် ၇၈ ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်က ကျွဲဆည်ကန်မီးပွိုင့်ကို ကျော်ပြီးသွားရင် ညာဘက်မှာ လမ်းသွယ်ရှိပါတယ်။ အဲ့လမ်းသွယ်ထဲမှာ ဆိုင်ရှိတာပါ။

နွားကလေးတိုက်တဲ့နို့ဘူးတွေဘယ်မှာဝယ်လို့ရလည်းခဗျာနို့စားနွားပါ မန်းတလေး တံတားဦးမြို့နယ်ကပါ

လွန်ခဲ့သော ၇ နှစ် က

လက်ရှိဘာအစာတွေကို ဘယ်လောက် ကျွေးနေပါသလဲ။ ကျွေးတဲ့အစာကိုသိရင် အစာပုံစံပြောင်းပေးပါ့မယ်။

နွားတွေအရမ်းပိန်နေလို့ပါခင်ဗျာ မွှားတွေလဲဆိုးဆိုးဝါးဝါးတွယ်ကပ်ဖူးပါတယ် သားသုံးခါကျပီးပါပြီခင်ဗျ ဆယ်လဆက်တိုက်နို့ညှစ်ခဲ့ဘူးပါတယ်ခင်ဗျ..ဘယ်လိုဝဖြိုးလာအောင်ဂရုစိုက်ရမလဲခင်ဗျာ ဘာအစာတွေ ဘာဆေးတွေတိုက်ကျွေးရပါမလဲခင်ဗျာ

လွန်ခဲ့သော ၇ နှစ် က

မန္တလေးက ကျော်သရဖူ မွေးမြူရေးဆေးဝါးနဲ့ ခြံသုံးဆောင်ပစ္စည်း ဆိုင်မှာဝယ်လို့ရပါတယ် ထိုင်းထုတ်ပစ္စည်းကအဆင်ပြေပါတယ်။

နွားကလေးတိုက်တဲ့နို့ဘူးတွေဘယ်မှာဝယ်လို့ရလည်းခဗျာနို့စားနွားပါ မန်းတလေး တံတားဦးမြို့နယ်ကပါ

လွန်ခဲ့သော ၇ နှစ် က

နွားမက ဘယ်အရွယ် ဘယ်နှသားရှိပြီလဲ။ သားဆက်က တစ်ခါ တစ်ခါ ဘယ်လောက်ခြားလဲ။ လက်ရှိ ဘာတွေကို ဘယ်လောက်ကျွေးနေလဲ။ အချက်အလက်လေးတွေ ပိုပြောပြပေးပါ။

နွားမသားဆက်ကျဲနေပါသဖြင့်ဘာလုပ်ပေးရမလဲပြောပြပေးပါခင်ပြာ

လွန်ခဲ့သော ၇ နှစ် က

မြေသြဇာကျွေးလို့ရပါတယ်။ NPK 15 ပတ်လည်ကို အရင်ကျွေးပါ။ စတင် ကြီးထွားမယ့် အရွယ်မို့ပါ။ နောက်တကြိမ် ရက်အနည်းငယ်ကြာမှ နွားချေး ထည့်ပါ။ ရိတ်တဲ့အခါ အရိုးရင့်တာမများစေဖို့ ခန့်မှန်း ၅ပေလောက်အမြင့်မှာ ရိတ်ကျွေးပါ။ များများအကျွေးခံအောင်ဆိုပြီး တအားရှည်အောင်မထားပါနဲ့။ အပင်ရဲ့အောက်ဆုံးအရွက် ၂ လွှာ စခြောက်နေပြီဆိုရင် အဲ့အပင်က အာဟာရတန်းဖိုး စတင်လျော့နည်းလာပါပြီ။ အောက်ခြေအရွက်တွေပိုခြောက်လာလေ အာဟာရတန်ဖိုးလျော့လာလေပါ။

နေဗီယာတစ်လသားအရွယ်ပါမြေသြဇာကျွေးလို့ရလားခဗျာနို့စားနွားမအတွက်ဘယ်နှလမရိတ်ကျွေးရင်အသားဓာတ်အဟာရပိုပါဝင်ပါသလည်း

လွန်ခဲ့သော ၇ နှစ် က

နွားတွင် ပတ်ဝန်းကျင် အစာအာဟာရ ဟိုမုန်းအခြေအနေ သက်ရောက်မှုအရ ၂၁ ရက်ထက် ၃ ရက်အတိုးအလျော့ရှိနိုင်သည်။ ပျမ်းမျှ ၂၁ ရက်ဖြစ်သည်။

နွားမဒန်းကတခါဆော့ပြီရင်ဘယ်နှစ်ရက်နေပြန်ဆော့လဲဗျ

လွန်ခဲ့သော ၇ နှစ် က

ဟုတ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အလေးချိန် 400-500kg ရှိတဲ့နွား ၁ကောင်က ၁နေ့ကို ကောက်ရိုး အများဆုံး 11-12kg (7-8 ပိဿာခန့်ထိ)သာစားနိုင်ပါတယ်။ ဒါတောင် ရေသောက်ရမှ စားနိုင်တာပါ။ ကောက်ရိုးပဲရလို့ ကောက်ရိုးနဲ့ချည်းပဲ လိုအပ်ချက်ကို ဖြည့်မယ်တွေးရင် ကိုယ့်နွားက စားနိုင်ရဲ့လားလည်း တွက်ရပါမယ်။

ဇယားအရ MJME/Kg ရဲ့အောက်မှာကောက်ရိုးဆိုရင်5•40 ရှိပါတယ် အက်ဆို ကောက်ရိုး1kgကျွေးရင် 5.40MJME ရတာကိုဆိုလိုတာလားဗျ

လွန်ခဲ့သော ၇ နှစ် က

နွားတွေမှာ ၂၁ရက် ၁ကြိမ်မြိုင်လည်ပါတယ်။ တခါဆော့ပြီးရင် ၂၁ ရက်ကြာရင် နောက်တကြိမ်ဆော့ပါတယ်။

နွားမဒန်းကတခါဆော့ပြီရင်ဘယ်နှစ်ရက်နေပြန်ဆော့လဲဗျ

လွန်ခဲ့သော ၇ နှစ် က

မွေးပြီးနွားကလေးကို မွေးပြီးတာနဲ့ ချက်ချင်း မိခင်နဲ့သက်သက်ခွဲထားပြီး နို့ဦးရည်ကိုလည်း ညှစ်ယူပြီး နို့ဘူးနဲ့တိုက်တာပါ။ နို့ဦးရည်ကို မဖြစ်မနေတိုက်ဖို့အရေးကြီးပါတယ်။

မွေးကင်းစနွားလေးတွေကို တစ်ခါတဲခွဲပီးနို့ကိုသတ်မှတ်စံနူန်းနဲ့တိုက်ရတာလား နွားမကြီးဆီမှာပဲ ၅ရက်လောက်သူ့အလိုလိုစို့ခိုင်းရတာလားဗျ

လွန်ခဲ့သော ၇ နှစ် က

နို့တစ်ပိသာအတွက် = 9.3MJME ဆိုတာက အစာပမာဏ 9.3kg ကိုပြောတာလားဗျာရှင်းပြပါအုံး

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။