အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စောထိုလွီထူး

စောထိုလွီထူး

စိုက်ပျိုးရေးပညာရှင် · ဇေယျာသီရိ

467
လွန်ခဲ့သော ၇ နှစ် က

နည်းတွေကတော့အထက်ကအဖြေအတိုင်းဖြစ်ပါတယ်။ ရာသီကတော့ပင်စည်အားရှိချိန်၊ ပင်ရည်ရွှမ်းလို့အခေါက်ခွာရလွယ်ချိန်၊ လေထုထဲမှာစိုထိုင်းဆများတဲ့မိုးရာသီအချိန်တွေမှာလုပ်တာအောင်မြင်မှုအကောင်းဆုံးပါ။ ဇွန်လမှာလုပ်တဲ့ကိုင်းကူးကိုင်းဆက်တွေကအောင်မြင်မှုရာခိုင်နှုန်းအကောင်းဆုံးပါ။

သရက်ကိုင်းကူးနည်းသိချင်လို့ပါ ဘယ်အချိန် ဘယ်လိုရာသီဥတုမှာ ကိုင်းကူနည်းလုပ်ရမလဲ ခြံထဲမှာ စိုက်ထားတဲ့ အပင်အိုတွေကို စမ်းကြည့်ချင်လို့ပါ ဝါသနာပါလို့ပါ

လွန်ခဲ့သော ၇ နှစ် က

အသီးလှောင်ချင်တယ်လို့ဆိုလိုချင်တာထင်ပါတယ်ဗျ။ ခရမ်းချဉ်လိုသီးနှံမျိုးအတွက်အလွယ်ကူဆုံးလှောင်တဲ့နည်းကအအေးခန်းစနစ်ပါပဲ။ ဒါပေမယ့်လတ်လတ်ဆတ်ဆတ်စားရတဲ့သီးနှံမျိုးဖြစ်သလိုမှည့်သွားရင်လည်းအုံလိုက်ကျင်းလိုက်မှည့်တတ်တဲ့သဘာဝကြောင့် လှောင်နိုင်ရင်တောင်နှစ်ပတ်ထက်ပိုမကောင်းနိုင်ပါဘူး။ လှောင်နိုင်တဲ့နည်းပညာတွေကလည်းဒီလိုသီးနှံမျိုးအတွက်ဆိုရင်လည်းသိပ်ပြီးတွက်ချေကိုက်တာမဟုတ်တဲ့အတွက်ကြောင့်လက်တွေ့မကျပါဘူး။ ရင်ဆိုင်နေရတဲ့အခက်အခဲကိုတကယ်ကိုယ်ချင်းစာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ယိုထိုးတာဖြစ်ဖြစ် အနှစ်ထုတ်တာဖြစ်ဖြစ်နောက်တစ်ဆင့်လုပ်နိုင်ရင်သို့မဟုတ် အနီးဝန်းကျင်မှာအဲဒီလိုနေရာမျိုးကိုသွင်းနိုင်ရင် ဆုံးရှုံးမှုသက်သာနိုင်ပါတယ်။ နောက်တစ်ခုကစိုက်ချိန်ကိုနည်းနည်းညှိပြီးသူများနဲ့ပြိုင်မထွက်အောင်စိုက်ရင်တော့ဈေးကောင်းရဖို့အလားအလာပိုကောင်းပါတယ်ဗျ။

ဈေးမကောင်းလို့ အသီးကျင်း ချင်လို့ နည်းလမ်းလေးများ ပြောပေးကြပါ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။