အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မေမြတ်မော်

မေမြတ်မော်

အခြား · ကျုံပျော်

6,273
လွန်ခဲ့သော ၆ နှစ် က

ခရေပင်ကို ‌ကိုင်းကူးစိုက်နိုင်ပါတယ်။‌‌ ‌‌ေမြထုပ်စည်းမျိုးပွားပြီး စိုက်နိုင်ပါတယ်။မြေထုပ်စည်းနည်းကို မြေထုပ်စည်းမျိုးပွားနည်း (သီအိုရီသဘောတရားနှင့် လက်တွေ့ဆောင်ရွက်နည်း) မှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

ခရေပင်ကိုကိုင်ကူးလို့ရလားဆရာ ဘယ်လိုကူးရမလဲသိချပါတယ်

လွန်ခဲ့သော ၆ နှစ် က

ကြက်ဥဂျူလင်စီ ကို ကြက်ဥ-1 လုံး ငါးပိ or ငံပြာရည် -1 အချိုမုန့် -1 ဇွန်း သမအောင် ခေါက်ပီး ခေါက်ပြီးသား ဆေးရည် 1.5 ဇွန်း ရေ 1-လီတာ ခန့် ရော သမ ပြီး နေ ပူထဲ ပြစ်ထား ပါ 2-3 ရက် ကြာ ပါကတကြိမ်ခန့် လုပ်ခါ ပါ အဖုံးဖွင့် ပေးပါ ရေ အလိုက် အနီရောင်သန်းလာတာ အနှေး အမြန် တွေ့ရမှာ ပါ မြစ် ရေ ကန် ရေ ဘုံ ဘိုင် ရေ ချောင်း ရေ မြောင်းရေ အကုန် ပြုလုပ် ပိုး မွှေး ယူ လို့ ရ ပါတယ် မြန်မြန်နီ ချင်ရင်တော့ ပဲဆီအနောက် - အရောင်တင်ဆီ တဇွန်းခန့် အထက်ပါ ရောဖျော်ထဲ ထည့် မွှေ ပါ ဒါဟာ အရောင်တင် ခြင်းမဟုတ်ပါ ပိုး ပေါက်ဖွားရန် အတွက်အားဖြည့် အစာပါ ရေ အလိုက် အနီ အစိမ်း အစိမ်းပုတ် ရောင် ဖြစ်တာ ကို တွေ့ ရ ပါလိမ့်မယ်ရှင့် အစိမ်း ရောင်အဖြစ်များသော ကြက်ဥဂျူလင်စီကတော့ ကန်ရေ ရေမှော် ရေညိ များ သော ရေမှာ အဖြစ်များ ပါတယ်။

ကြက်ဥဂျူလင်စီပြုလုပ်တဲ့နည်းအလင်းပြပေးကြပါဦး

သဘာဝအားဆေး ကြက်ဥဂျူလင်စီ
လွန်ခဲ့သော ၆ နှစ် က

ထုံးဘိုခြံက ဒေါ်ခိုင်ခိုင်ဦး ကို ဆက်သွယ်‌ဝယ်ယူနိုင်ပါတယ်။ဖုန်းနံပတ်က( ၀၉-၄၂၈၃၂၈၇၇၈ )ပါရှင်

တစ်သျှူးငှက်ပျောပျိုပင်ဘယ်မှဝယ်လို့ရမလဲဗျ

လွန်ခဲ့သော ၆ နှစ် က

“မြေအောင်းရောဂါတွေအတွက် ထရိုင်ကိုဒါးမား အကျိုးပြုမှို” အလွယ်တကူပြုလုပ်ပွားယူတဲ့နည်းလေး လေ့လာနိုင်ပါတယ်။

ထရိုင်ကိုဒါးမား အလွယ်ပြုလုပ်နည်းလေးရှိရင် မျှဝေပေးကြပါဦး မိတ်ဆွေဆရာများခင်ဗျာ။

လွန်ခဲ့သော ၆ နှစ် က

ထောပတ်ပဲတွေကို မိုးနှောင်းနဲ့ ဆောင်းရာသီတွေမှာ စိုက်ပျိုးနိုင်ပါတယ်။

ထောပတ်ပဲကို ဘယ်ရာသီ စိုက်ရမှာတုန်း

လွန်ခဲ့သော ၆ နှစ် က

အရောင်အသွေး အစုံအလင်နှင့် လှပသော မေမြို့ပန်း စိုက်ပျိုးနည်း လေ့လာနိုင်ပါတယ်ရှင်

မေမြို့ပန်းစိုက်မယ်ဆိုရင်ဘယ်လိုမေပြင်ရမလဲ

လွန်ခဲ့သော ၆ နှစ် က

မုန်လာဥ က ဆောင်းတွင်းသီးနှံတစ်မျိုးပါ။ ‌မြေမွ ပြီးရေရရင် ဈေးကွက်ဝင်အောင်အလုံးလှပါတယ်။ မိုးတွင်းမှာစိုက်မယ်ဆို အလုံးသေးတာ၊အမျှင်များတာ ဖြစ်ပြီး ဈေးကွက်မဝင်နိုင်ပါဘူး။ မိသားစု စားသောက်ဖို့ဆိုရင်တော့ စိုက်နိုင်ပါတယ်။ ဆောင်းရာသီမှာစိုက်ပျိုးသလိုတော့ အလုံးမလှနိုင်ပါဘူး

မိုးတွင်းမှာ မုန်လာဥအဖြူ (သုိ့) အနီစိုက်လို့ရပါသလားရှင့် ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်

လွန်ခဲ့သော ၆ နှစ် က

ကြွက်နှိမ်နင်းတဲ့ နည်းလမ်းတွေကတော့၁.ထောင်ချောက်ထောင်ခြင်း၂.ကြွက်ကျင်းတူးဖမ်းခြင်း၃.လူအင်အားဖြင့် ‌ခြောက်လှန့်ခြင်း၄.ထောင်ခြောက်သီးနှံထားခြင်း၅.သဘာဝရန်သူမွေးခြင်း၆.ကြွက်သတ်ဆေးဖြင့်နှိမ်နင်းခြင်း စသည့်နည်းလမ်းများတွင် မိမိအဆင်ပြေသည့် နည်းလမ်းအား စနစ်တကျ လုပ်‌‌ေဆာင်နှိမ်နင်းနိုင်ပါတယ်။

ကြွက်အထူနှိမ်နင်းရတဲ့နီးလေးသိချင်ပါတယ်ဗျာ

လွန်ခဲ့သော ၆ နှစ် က

စပျစ်ပင် စိုက်ပျိုးနည်းစနစ်နှင့် သိကောင်းစရာများ ဝင်ရောက်လေ့လာနိုင်ပါတယ်

မြေအမျိုးအစားနဲ့ရာသီဥတုအကြောင်းလေးသိခြင်လို့ပါ

လွန်ခဲ့သော ၆ နှစ် က

ခွေးလှေးယားသီးအမြစ်ကို အမှုန့်ကြိတ်ပြီး ရေနဲ့သောက်ရင် ကာလဝမ်းရောဂါသက်သာပါတယ်။အမြစ်ကို ကြိတ်ပြီးလိမ်းရင် ရေဖျဉ်းရောဂါပျောက်ပါတယ်။အမြစ်ကြိတ်ရည်သောက်ပါက လေငန်း၊‌ဆင်‌ခြေထောက်ရောဂါ၊သွေးဝမ်းရောဂါတို့ကို သက်သာစေပါတယ်။

ခွေးလှေးယားသီးအရု်ိင်းရဲ့ အမြစ်က အသုံးဝင်ပါသလား ဘယ်လိုအသုံးတယ်ဆိုတာလေ ပြောပြကြပါအုံး ဆရာတို့ အပင်ရဲ့ အမြစ်အသုံးဝင်နည်းကိုသိချင်တာပါ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။