အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆုမြတ်နိုး

ဆုမြတ်နိုး

တောင်သူ · ပဲခူး

193,302
လွန်ခဲ့သော ၁၀ လ က

မရနိုင်ပါ

မည့်သည့်မှိုသတ်ဆေးမဆို ပိုးသတ်ဆေးနှင့်တွဲသုံးလျင် ရနုိင်ပါသလား

မရောသင့်သော ဓာတုဆေးများ
လွန်ခဲ့သော ၁၁ လ က

မင်္ဂလာပါ

1.1.2026မှာဖရဲစစိုက်ရင်အဆင်ပြေလောက်လားဗျ ။ပြောင်းမျိုးစေ့နဲ့ဖရဲမျိုးစေ့ကောင်းကောင်းလေးဘယ်မာဝယ်လို့ရလဲဗျ

စျေးကွက် အချိတ်အဆက်
လွန်ခဲ့သော ၁၁ လ က

မင်္ဂလာပါ

ကျွဲကအသက်လုံမကောင်းဘူးအအရမ်းမောနေတယ်သူနဲ့အတူလုပ်နေတဲ့ကျွဲကမမောသေးဘူးသူကမောနေပြီမည်သည့်ချို့ယွင်းချက်ကြောင့်မောလွယ်နေရတာလဲဗျာ

ကျွဲ ကျန်းမာရေး
လွန်ခဲ့သော ၁ နှစ် က

မုန်ညှင်းပင်ကို ဆေးအဖြစ်ပြန်သုံးတာမျိုးတော့ မကြားဖူးသေးဘူးရှင့်

နေပူဒဏ် မိုးရွာဒဏ် ပိုးမွှားဒဏ် အပင်စိမ်းစိုတောင့်တင်းမူ့ရှိပြီး အသက်ပါပြင်းတဲ့ မုန်ညှင်းအပင်ကို စိုက်ပျိုးရေးဘက်စုံသုံးဆေးအဖြစ် အဘယ်ကဲ့သို့ ပြု့လုပ်သုံးစွဲ အသုံးချလို့ ရနိုင်ပါသလဲဆရာတို့

လွန်ခဲ့သော ၁ နှစ် က

ဥစားကြက်မွေးမြူရေးခြံများအတွက် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်

ဥစားကြက် အကောင်၄၀၀ အတွက် အစ မီးကိုင်မှ ဥတုံး ကာလထိ အဆင့်ဆင့်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပုံလေးသိပါရစေဗျ ဆရာများသို့🤗🤗

ကြက်မွေးမြူရေး
လွန်ခဲ့သော ၁ နှစ် က

ဆော့ဝဲနဲ့မှတ်ချင်တာဆို အပေါ်ဆုံးဘယ်ဘက်ထောင့်က ပရိုဖိုင်အောက်မှာ အစိမ်းရောင်မှတ်တမ်းဆိုတာရှိပါတယ် အဲ့ဒီမှာ မှတ်ရတာပါရှင့်

ဆရာ မိုးရွာပြိဆိုတော့လေ အပွင့်တွေလဲဝင်နေပိဆိုတော့ ကွန်ပေါင်း ထပ်ကျွေးဖို့လိုသေးလားခင်ဗျ ဆရာ့လဲမေးရတာအားနာနေပါပြီဗျာ 8 ရက်နေ့က လဘက်စားဇွန်းတစ်ဇွန်း ကျွေးထားပါတယ်ခင်ဗျ ထပ်ဆင့်ပွားလေးကြည့်ပေးပါအူး ထပ်ဆင့်ပွားက စျေးလေးတွေနည်းတော့ ဖျန်းပျော်တယ်လားလို့ဆရာ အဲ့ကောင်လေးကအပင်အားဆေးလား အသီးပွင့်အားဆေးလားဆရာ ဖားပျံပိုးဆေး လဲတစ်ထုတ် ၅၀၀ တဲ့ တွဲ ဖျန်းလို့ရပါသလားခင်ဗျ မိုးရွာပြီဆိုတော့ ဘယ်ဆေးကိုအရင် သုံးပြုရမလဲဆရာ အိမ်ရှိဆေး အားဆေး - အမိုင်နို / တောနစ် / ပွင့်သီးရှယ် / ထူးကောင်း / ထပ်ဆင့်ပွား / ကယ်မက် ပိုးဆေး - ဖော်ယူ / ဆိုင်လာ / ဒိုင်လေး / အစီဖိတ် မှိုဆေး - မက်တလဇီး / မန်ကိုဇက် + မက်တလဇီး ဆရာဖျန်းခိုင်းတာပဲ ဖျန်းမှာနော် ဦးလေးက အဲ့ဘက်တွေမကျွမ်းကျင်တော့ မေးနေတာလေးတွေ အပြစ်မမြင်ပါနဲ့ ကျေးဇူးတင်ပါတယ်နော်။

ခရမ်းချဉ်စနစ်တကျအစာကျွေးနည်း
လွန်ခဲ့သော ၁ နှစ် က

အစိမ်းရောင်မှတ်တမ်းရဲ့ စာအုပ်ဗားရှင်းထွက်ပြီ

Hello U Yan ရှင့် Digital ကိုသုံးပြီး စိုက်ခင်းactivity ကို အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ အခမဲ့အထာကျကျ မှတ်လို့ရနေပြီနော်

ဆရာ မိုးရွာပြိဆိုတော့လေ အပွင့်တွေလဲဝင်နေပိဆိုတော့ ကွန်ပေါင်း ထပ်ကျွေးဖို့လိုသေးလားခင်ဗျ ဆရာ့လဲမေးရတာအားနာနေပါပြီဗျာ 8 ရက်နေ့က လဘက်စားဇွန်းတစ်ဇွန်း ကျွေးထားပါတယ်ခင်ဗျ ထပ်ဆင့်ပွားလေးကြည့်ပေးပါအူး ထပ်ဆင့်ပွားက စျေးလေးတွေနည်းတော့ ဖျန်းပျော်တယ်လားလို့ဆရာ အဲ့ကောင်လေးကအပင်အားဆေးလား အသီးပွင့်အားဆေးလားဆရာ ဖားပျံပိုးဆေး လဲတစ်ထုတ် ၅၀၀ တဲ့ တွဲ ဖျန်းလို့ရပါသလားခင်ဗျ မိုးရွာပြီဆိုတော့ ဘယ်ဆေးကိုအရင် သုံးပြုရမလဲဆရာ အိမ်ရှိဆေး အားဆေး - အမိုင်နို / တောနစ် / ပွင့်သီးရှယ် / ထူးကောင်း / ထပ်ဆင့်ပွား / ကယ်မက် ပိုးဆေး - ဖော်ယူ / ဆိုင်လာ / ဒိုင်လေး / အစီဖိတ် မှိုဆေး - မက်တလဇီး / မန်ကိုဇက် + မက်တလဇီး ဆရာဖျန်းခိုင်းတာပဲ ဖျန်းမှာနော် ဦးလေးက အဲ့ဘက်တွေမကျွမ်းကျင်တော့ မေးနေတာလေးတွေ အပြစ်မမြင်ပါနဲ့ ကျေးဇူးတင်ပါတယ်နော်။

ခရမ်းချဉ်စနစ်တကျအစာကျွေးနည်း
လွန်ခဲ့သော ၁ နှစ် က

ပထမတစ်ခု ရှင်းပြချင်တာကတော့ ငလျင်ကြောင့် တိုက်ရိုက် သားလျောစေတယ် ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထား မရှိပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံမှာ မွေးမြူရေးသမားအချို့က ငလျင်ကြောင့် ဝက်တွေမှာ သားလျောကြောင်း မကြာခဏ ပြောဆိုတာကို ကြားရပါတယ်။ ဖြစ်နိုင်ချေကတော့ ငလျင်ကြောင့် ဝက်တွေမှာ ဒဏ် (stress) ဖြစ်ပေါ်တာ၊ လဲကျလို့ ဒါမှမဟုတ် ခြံပျက်စီးလို့ ထိခိုက်မိတာတွေကြောင့် သားလျောတာ ဖြစ်နိုင်ပါတယ်။ ငလျင်လှုပ်တာဟာ မတ်လ ၂၈ ရက်နေ့ကတည်းကမို့ အခုဆိုရင် ၄ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ဒီကြားထဲမှာ သားဘယ်နှစ်ကြိမ်တောင်းပြီး၊ ဘယ်နှစ်ကြိမ် ပြန်တင်သလဲ၊ ပြန်အောင်သလဲ၊ ပြန်ပျက်ကျသလဲ ဆိုတာတော့ မသိရပါဘူး။ ဒါပေမယ့် အကြိမ်ရေ သိပ်များလာရင်တော့ စီးပွားရေးအရ တွက်ချေကိုက်မှု နည်းတယ်ပဲ ပြောရမှာပါ။ အရင်လို ဝက်တွေ ပေါပေါများများ ဝယ်လို့ရတဲ့ အချိန်ဆိုရင်တော့ ရောင်းထုတ်ဖို့ပဲ အကြံပြုဖြစ်မယ် ထင်ပါတယ်။ အခုကတော့ ဝက်အရမ်းရှားချိန်မို့ အဲဒီလို ပြောဖို့ ခက်ပါတယ်။ဝက်မဟာ သားမပျက်ခင်မှာ ဖျားနာတာ ရှိသလား သေသေချာချာ သိသင့်ပါတယ်။ တကယ်လို့ ဖျားနာပြီးမှ သားလျောတာဆိုရင်တော့ အဲဒီ ဖျားနာမှုကြောင့်လို့ ဆိုရမှာပါ။ နောက်တစ်ကြိမ် သားအောင်ပြီးရင် ဝက်မမဖျားမနာအောင် ဂရုစိုက်ရပါမယ်။ ဒုတိယတစ်ခုကတော့ မျိုးပွားလမ်းကြောင်းဆိုင်ရာ ရောဂါတစ်ခုခုဝင်နေသလား ဆိုတာ သတိပြုရမှာပါ။ သားလျောတာ ခဏခဏ ကြုံရတယ်ဆိုတော့ ဘယ်ရက်မှာ ဖြစ်တာလဲ သိရရင် ကောင်းပါမယ်။ အခုကိစ္စမှာ ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ဆောင် သက်တမ်းနုချိန်မှာ သားလျောတာပါ။Porcine Parvovirus (PPV) ရောဂါဟာ ကိုယ်ဝန်ဆောင်သက်တမ်း ပထမတစ်လအတွင်းမှာ သားလျောစေတတ်ပါတယ်။ လပ်ပတိုစပိုင်ရိုးစစ် (Laptospirosis) ရောဂါကတော့ ကိုယ်ဝန်ဆောင်ကာလ ၁ ပတ်နဲ့ ၄ ပတ်ကြားမှာ သားလျောတတ်ပါတယ်။ အချိန်မရွေး သားလျောနိုင်တဲ့ အခြားသော ရောဂါတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် အချက်အလက် တိတိကျကျ သိရမှ ဘယ်ရောဂါလို့ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက ကူးစက်ရောဂါတွေအတွက် စဉ်းစားစရာပါ။ ကူးစက်ရောဂါတွေအပြင် အခြားအခြေအနေတွေကြောင့်လည်း သားလျောနိုင်ပါတယ်။ ဥပမာ အပူချိန်လွန်ကဲတာ မျိုးပါ။ အပူလွန်ကဲတာကြောင့်တော့ ဒီကာလမှာတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ အစာထဲမှာ မှိုဆိပ်ပါဝင်တဲ့အခါမှာလည်း မှိုဆိပ်သင့်ပြီး သားလျောနိုင်ပါတယ်။ အစာတွေကို သေသေချာချာ စစ်ဆေးသင့်ပါတယ်။ ပတ်ဝန်းကျင်မှာ စိုက်ပျိုးရေးပိုးသတ်ဆေးလိုမျိုး ပိုးသတ်ဆေးတွေ သုံးစွဲတာ၊ အာဟာရမပြည့်ဝတာတွေကလည်း သားလျောစေပါတယ်။ အခြားသော ပတ်ဝန်းကျင်အခြေအနေတွေလည်း ရှိပါသေးတယ်။ ဒီနေရာမှာ တစ်ကောင်တည်း ဖြစ်တာလား၊ ဝက်အများစု ဖြစ်တာလား ဆိုတာကိုလည်း ထည့်တွက်ရပါမယ်။အဲဒီ အချက်တွေ ရှိ/မရှိ ပြန်စစ်ဆေးပါ။ ရှိရင် ရှင်းလင်းပေးပါ။ မရှိဘူးဆိုရင်တော့ သားလျောပြီးနောက်မှာ ပဋိဇီဝပိုးသတ်ဆေးဝါးကို ထိုးနှံ/အစာထဲထည့်ကျွေးပြီး အရင်ကုသပြီးမှ သားပြန်တင်ကြည့်ပါ။ တင်ပြီးသွားရင်လည်း သေသေချာချာ ပြုစုစောင့်ကြည့်ဖို့ လိုပါတယ်။ဖြစ်နိုင်ရင်တော့ မကြာခဏသားလျောတဲ့ ဝက်မကို မျိုးအဖြစ် ဆက်မထားသင့်ပါဘူး။ လေးလ တောင်ရှိပြီ၊ ကိုယ်ဝန်ဆောင်ကာလ တစ်ခုစာ ဖြစ်နေပြီမို့ ဆုံးရှုံးမှုက အတော်ကြီးနေပါပြီ။ ထပ်ပြီး ဆုံးရှုံးရရင် ကိုက်/မကိုက် တွက်ချက်သင့်တယ်လို့ အကြံပြုလိုပါတယ်။ ဆရာဒေါက်တာ သက်ခိုင်မှ ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်ပါတယ်

ဝက်မကြီး ငလျင်လှုပ်တဲ့ အချိန်မှာ ဇီးနဲ့ကို သားလျှောသွားတာ နောက်ပိုင်း သားပြန်တင်တာ တောက်လျှောက်ပြန်ပြန်လျှောနေတာ ၂ကြိမ် ရှိပါပြီ ဘယ်လိုလုပ်သင့်လဲဗျ

ဝက်ဇီးမတင်ခြင်း
လွန်ခဲ့သော ၁ နှစ် က

Fish Amino Acid (ငါးအမိုင်နိုအက်ဆစ်ရဲ့ အင်္ဂလိပ်လို အတိုကောက်ပါ)

ဆရာတို့သဘာဝရွက်ဖျန်းအားဆေးကို500mlဘူးထဲကိုထည့်ပြီးခဲပိတ်စက်နဲ့ပိတ်ပြီးနှစ်လလောက်သိုလောင်ချင်တာဘယ်လိုအားဆေးလုပ်ရမလဲဆရာ

ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။