အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြတ်စုဝေ

မြတ်စုဝေ

စိုက်ပျိုးရေးပညာရှင် · ပြင်ဦးလွင်

696
လွန်ခဲ့သော ၄ နှစ် က

အပင်က ရွက်လိပ်ရွက်ကပ်ပိုး ကျနေတယ်လို့ ယူဆရပါတယ်။ ပိုးကောင်လေးတွေကို အရွက်ဖြန့်ပြီး ရှိမရှိစမ်းသပ်နိုင်ပါတယ်။ နောက်ထပ်က အိမ်စားသီးနှံဆိုပါက အရွက်လိပ်နေတဲ့ အရွက်လေးတွေကို ဖယ်ပစ်ပြီး သေချာဂရုတစိုက်ပြုစုပေးပါ။

ရှောက်ပင်လေးက အစေ့ကိုပျိုးပြီးစိုက်ထားတာ ပုံလေးကိုကြည့်ပေးပါအုံးနော ကြီးထွားနှုန်းနှေးနေသလားမသိလို့ပါ ခု ၂၀၂၂ဧပြီလကုန်ရင် ၁၀လ လောက်ကြာပါပြီ။

လွန်ခဲ့သော ၄ နှစ် က

ပန်းဂေါ်ဖီစိုက်မယ်ဆိုပါက ကုန်ကျစရိတ် ယခုကာလပေါက်ဈေးအရ ၅-၁၀သိန်းကြာကုန်ကျနိုင်ပါတယ်။

ဟင်းသီးဟင်းရွက် စိုက်ပျိုး မှု တစ်ဧက ကုန်ကျ စရိတ်လေး ဖြေ ပေးကြပါအုန်း

လွန်ခဲ့သော ၄ နှစ် က

ဟင်းသီးဟင်းရွက်စိုက်ပျိုးမယ်ဆိုပါက ပထမဆုံး စဉ်းစားရမှာက ဈေးကွက် ပဲဖြစ်ပါတယ်။ ဈေးကွက်ရှိရင် ဘယ်လောက်စိုက်စိုက် အဆင်ပြေပေမဲ့ ဈေးကွက်အားနည်းပါက သီးနှံပျက်ဆီးဆုံးရှုံးနိုင်ချေရှိပါတယ်။ နောက်တစ်ချက်က မည်သည့်သီးနှံစိုက်မည်ဆိုတာပါပဲ။ ဒါ့အပြင် မြေက ကိုယ်ပိုင်လား ၊ငှားပြီးစိုက်မှာလား၊ သီးနှံမျိုးစေ့ ဈေးနှုန်း၊ သွင်းအားစုအားလူံးကို လေ့လာပြီးမှသာ စိုက်ပျိုးရန်ကုန်ကျစရိတ်ထွက်မှာဖြစ်ပါတယ်။ အလွယ်ပြော၍ မရပါ။

ဟင်းသီးဟင်းရွက် စိုက်ပျိုး မှု တစ်ဧက ကုန်ကျ စရိတ်လေး ဖြေ ပေးကြပါအုန်း

လွန်ခဲ့သော ၄ နှစ် က

စတော်ဘယ်ရီက ဒီချိန်စိုက်ချိန်မဟုတ်သေးပါဘူးရှင့်။ စိုက်မယ်ဆိုရင် လာမဲ့ Septemberလောက်မှ စိုက်ပါရှင့်။ ယခုလောလောဆယ်က ပြင်ဦးလွင်မှာဆိုရင် အသီးကုန်ချိန်ဖြစ်ပြီး မကြာခင် မျိုးများပြန်ယူကြတော့မှာပဲဖြစ်ပါတယ်။

စတော်ဘယ်ရီပင်စိုက်ပျိုးနည်းကိုသိချင်လို့ပါရန်ကုန်မှာစိုက်ချင်လို့ပါ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။