အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Saw Thamot Sue

Saw Thamot Sue

ကုန်သည် · လှိုင်းဘွဲ့

1,162
လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဆရာ

တောင်ပို့များပီး မြေအောက် 5 လက်မလောက်ဆိုခြအိမ်တွေအပြည့်ဘဲခြကောင်ရောပေါ့။မြေကနှုန်းမြေ အမဲရောင်ပါ။ကျနော်နှမ်းစိုက်ဖို့ပါ၊ပုရွက်ဆိတ်ပေါင်းစုံလည်းတော်တော်များပါတယ်။ပိန်းနဲခြံအဟောင်းဖျက်ထားလို့သစ်ငုတ်များတယ်ထွန်ယက်လို့မရပါဆရာ။မြေပေါ်မြေအောက်အကောင်အားလုံးရဲ့ရန်ကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာ။ညွန်ပြပေးပါဦးဆရာ။ဖြစ်နိုင်ရင်သဘာဝနည်းလမ်းဆို ပိုသိချင်ပါတယ်ဆရာ

လွန်ခဲ့သော ၄ နှစ် က

အသားတိုးကြက် မွှေးမြူချင်ပါတယ် ဘယ်ကုမဏီနဲ့ချိတ်ဆက်လို့ရလဲ သိချင်ပါတယ်

အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာ တွက်ချက်နည်း သင်တန်း အသေးစား မွေးမြူရေး လုပ်ငန်းများအနေဖြင့် မိမိတို့ မွေးမြူထားသော တိရစ္ဆာန်များအား အာဟာရပြည့်ဝသော အစာများကို ကုန်ကျစရိတ် သက်သာစွာ ကျွေးမွေးနိုင်ရန် လိုအပ်ပါသည်။ ဒေသထွက်အစာကုန်ကြမ်းများကို အသုံးပြု၍ တိရစ္ဆာန်၏ အာဟာရလိုအပ်ချက်နှင့် ကိုက်ညီသော တိရစ္ဆာန်အစာများကို ကိုယ်တိုင် ဖော်မြူလာတွက်ချက်ကာ ရောစပ်ကျွေးမွေးလိုသည့် တနိုင်တပိုင်နှင့် အသေးစားမွေးမြူရေးသမားများအတွက် အစာဖော်မြူလာကို တွက်ချက်နည်း သင်တန်း (လက်တွက်၊ Microsoft Excel) များကို LivestockInfo က ဖွင့်လှစ်ပေးသွားမည် ဖြစ်ပါသည်။ သင်တန်းတွင် အောက်ပါ အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးပေးမည် ဖြစ်ပါသည် - (၁) အာဟာရဗေဒ (၂) အစာကုန်ကြမ်းများရဲ့ အာဟာရတန်ဖိုး (၃) တိရစ္ဆာန်များအတွက် အာဟာရလိုအပ်ချက် (၄) အစာဖော်မြူလာတွက်ချက်ပုံ သင်တန်းတက်ရောက်လိုသူ တနိုင်တပိုင်နှင့် အသေးစား မွေးမြူသူများ အနေဖြင့်အုပ်စုလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ Viber 09975335206 နှင့် [email protected] သို့ ဆက်သွယ်စုံစမ်း နိုင်ပါသည်။

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးအထူးတင်ပါတယ် ဆရာ

လေးရက်လောက် ရေလွှမ်းသွားတာ ခုရေပြန်ကျလို့ အပင်တော့ပြန်မြင်ရပီး။အာ့တာဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို သိချင်ပါတယ်။ဘာရောဂါတွေဖြစ်နိုင်လဲပေါ့၊ဖြစ်မလာအောင်ဘယ်လိုကြိုတင်ကာကွယ်လို့ရလဲပေါ့။အာ့တာ ဆရာတို့ညွန်ကြားပေးပါဦး

လွန်ခဲ့သော ၄ နှစ် က

ကျနော်တို့ဘက် ဒေသအခေါ် လယ်ထောင်နှမ်းမျိုးပေါ့။ရိုးရိုးလယ်နှမ်းထက်ဆီအထွက်တိုးတယ်လို့လည်းသိရတယ်။တစ်ချို့ဆတိုးနှမ်းလို့လည်းခေါ်ကြတယ်ဆရာ။သူ့အကြောင်းလည်း သိပါရစေဆရာ

စမှုံနက်နှမ်းမျိုး စိုက်ဖို့လပ်နေတယ်ခင်ဗျ။ဒီနှမ်းမျိုးက ကိုင်းဖြာမျိုးလား၊တစ်ပင်တိုင်လား မသိဘူးဖြစ်နေလို့ပ ဆရာတို့ရေ။လင်းပေးကြပါဦး

နှမ်းမျိုး
လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါဆရာ။ကျနော်မှာထားတာ ဆင်းရတနာ14ဖြစ်မယ်ခင်ဗျ။ကြာအင်းဆိပ်ကြီးဘက်မှာ ဒေသအခေါ်ရှမ်းနှမ်းလို့သိရတယ်ဆရာ

စမှုံနက်နှမ်းမျိုး စိုက်ဖို့လပ်နေတယ်ခင်ဗျ။ဒီနှမ်းမျိုးက ကိုင်းဖြာမျိုးလား၊တစ်ပင်တိုင်လား မသိဘူးဖြစ်နေလို့ပ ဆရာတို့ရေ။လင်းပေးကြပါဦး

နှမ်းမျိုး
လွန်ခဲ့သော ၄ နှစ် က

နယ်ဝေးကောပို့ပေးလားခင်ဗျ။ပီးတော့နွေရာသီမှာကောရေလောင်းဖို့လိုအပ်လား ဆိုတာလည်းသိချင်ပါတယ်

နို့စားနွား နှစ်ကောင်အတွက် နေဗီယာမြက်ကို ဆယ်လံဘယ်နှစ်ကွက်လောက်လောက်စိုက်ရင်လောက်ငှနိုင်လဲခင်ဗျာ

လွန်ခဲ့သော ၄ နှစ် က

အကို နေဗီယာမြက်မျိုးတွေ ဘယ်မှာရနိုင်လဲခင်ဗျ။ညွန်ပေးပါဦးဗျာ

နို့စားနွား နှစ်ကောင်အတွက် နေဗီယာမြက်ကို ဆယ်လံဘယ်နှစ်ကွက်လောက်လောက်စိုက်ရင်လောက်ငှနိုင်လဲခင်ဗျာ

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။