ဒေါက်တာစန်းလှထွေး
စိုက်ပျိုးရေးပညာရှင် · ပြင်ဦးလွင်
ကျွဲကော် အသီးသီးဖို့ဆိုရင် စိုက်တဲ့မြေက မြေဆီသြဇာထက်သန်ဖို့ လိုပါတယ်။ နေရောင်ခြည်ကို ရှစ်နာရီကြာသည်ထိ ရရှိရေး လိုပါတယ်။ ကိုင်း သေ၊ ကိုင်းခြောက်၊ ကိုင်းသေးကိုင်းမွှား အတွင်းလှည့်ကိုင်း များနဲ့ အပေါ်ထောင်မတ်ကိုင်းများ ဖြတ်ထုတ်ပစ်ရန် လိုပါတယ်
ကျွဲကောပင် အသက်အခုဆိုရင် 15 နှစ်ဝန်းကျင်ရှိပါပြီ။ အသီးအပွင့်အခုထိမမြင်ဘူးသေးပါ။လမ်းညွှန်ပေးပါ ဆရာများခဗျာ။ကျေးဇူးတင်ပါတယ်ခဗျ။
OMဆိုတာ organic matter အတိုကောက်ရေးထားတာပါ သစ်ဆွေးဓါတ်ပါ မြေဆီလွှာအတွင်းသစ်ဆွေးဓါတ် များပါက မြေဆီလွှာ မွရွစေသည် ရေထိန်းသိမ်းနိုင်စွမ်းကောင်းစေသည် အပင်မှအာဟာရဓါတ်စုပ်ယူနိုင်စွမ်းကောင်းစေသည်
OMဆိုတာ ဘာဓာတ်လဲဗျ ဘာတွေကောင်းလဲ။
ဓါတ်ပုံပါအရ အာဟာရချို့တဲ့သော လက္ခဏာသာ ဖြစ်ပါသည်။ ပိုတက်စီယမ် ချို့တဲ့သော လက္ခဏာဖြစ်သဖြင့် ပိုတက်ရှ်ဓါတ်မြေသြဇာ ထည့်သွင်းရန် လိုအပ်ပါသည်။ ဓါတ်မြေသြဇာ မထာ့်သွင်းမီ ရေထုတ်ရန် လိုပါတယ်။ ရေထုတ်ပြီးနောက် ပိုတက်ရှ် ဓါတ်မြေသြဇာကို (၁)ဧက (၁၂)ကီလိုဂရမ် နှုန်း စိုက်ခင်းထဲသို့ ညီညာစွာ ကြဲပက်ပါ။ ၎င်းနောက်ရေပါးပါးသွင်းပါ။ ရေကိုတစ်ပါတ်ခန့် မထုတ်ပါနှင့်။ တစ်ပတ် ဆယ်ရက်အတွင်း ပိုတက်ရှ်အာဟာရဓါတ်ချို့တဲ့မှု ပြန်လည်ကောင်းမွန်လာပါလိမ့်မည်။ ၎င်းေနာက် ရာသီချိန်တလျှောက် ရေသွင်းရေထုတ် စနစ်တကျ မှန်ကန်စွာ ဆောင်ရွက်ရ လိုအပ်ပါသည်။ သို့မှသာ အာဟာရချို့တဲ့မှုကို ကောင်းသော ကုစားနိုင်မည် ဖြစ်ပါသည်။
ဂုပ်ကျိုးလား ရွက်ခြောက်လားခွဲပေးပါအုံးဆရာရေ့။ကျေးဇူးပါ။