Htunn Winn Kyaw
မြားနီနည်းပညာပေးရေးအဖွဲ့တောင်သူ · ဒဂုံမြို့သစ်အရှေ့ပိုင်း
ကြွက် ကာကွယ်နှိမ်နှင်းနည်း ကြွက်ကာကွယ်နှိမ်နင်းစာအုပ်ပါဗျ။
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
ပိတောက် ဟုတ်ပါတယ်
ဘာအရွက်လဲ ပိတောက်ရွက်လား
အပင်ပုံလေး ပါ ထည့်ပေးလို့ရရင် ထည့်ပေးပါလားဗျ။ - အာဟာရချို့တဲ့မှုက အပင်မှာဖြစ်တာလား မြေမှာဖြစ်တာလား ဆိုတာလည်း စစ်ဆေးဖို့ လိုပါလိမ့်မယ်ဗျ။ လောလောဆယ် အဖြေရှာလို့ရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်ပါဗျ။ နှင်းဆီပင်တွေ အမြဲပွင့်လန်းနေစေဖို့ (နှင်းဆီပန်းစိုက်ပျိုးမှု အာဟာရလမ်းညွှန်)
အပင်ဖြစ်နှေးနေလို့ပါ
ပျ ကျရောက်နေတာဖြစ်ပါတယ်။ သဘာဝဆေးသုံးချင်ရင် အစိမ်းရောင်လမ်းထဲမှာ ဒီလိုဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်။ ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ? ဓာတုဆေး ဆိုရင်တော့ ဆေးအုပ်စုမတူတာကို လှည့်သုံးပေးတာကောင်းပါတယ်။ Imidacloprid / Acetamiprid / Thiamethoxam တို့ ပါတဲ့ ဆေး သုံးလို့ရပါတယ်။ ဓာတုဆေးတွေ သုံးတဲ့အခါမှာ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုကို သတိပြုပြီး နောက်ဆုံးရွေးချယ်စရာအဖြစ်သာ သုံးပါခင်ဗျာ။
ဝါပိုးရှိနေလို့
နည်းလမ်းတွေကတော့ ကိုယ်စိုက်ပျိုးမဲ့ သီးနှံနဲ့ ကိုယ့်ဒေသက ရေမြေရာသီဥတုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်ဗျ။ အခြေခံပဲဆိုရင် - မြေစစ်ဆေးမယ်။ ကိုယ်စိုက်မဲ့အပင်နဲ့ကိုက်ညီတဲ့ ချဉ်ငံကိန်းမျိုးရအောင်ပြုပြင်တာမျိုး၊ မြေဆီလွှာကိုကောင်းမွန်အောင် လုပ်ပြီးတော့ - ပင်ကြားတန်းကြားမှန်မှန် - ပြုစုစောင့်ရှောက်နည်းနဲ့ - ရိတ်သိမ်းချိန်လွန် ထိန်းသိမ်းနည်းပညာတွေကို ကိုယ်စိုက်မဲ့ သီးနှံ ပေါ်မူတည်ပြီး အစိမ်းရောင်လမ်းထဲမှာ ဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်ဗျ။
စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ
စိုက်ပျိုးပြုစုနည်းကို ဒေါင်းလုပ်လုပ်ပြီး ယူထားလို့ရပါတယ်ဗျ https://growhow.eastwestseed.com/mm/my/crop-guide-template/eetakpayaanu
ကျောက်ဖရုံစိုက်ခင်းမာ အသီးအကင်းလေးတွေ ထွက်လာပီဗျ မျှားနီမျိုးစိုက်တာပါ အသီးအဟာရ အတွက် မိုးရာသီ မှိုရောဂါအတွက်ရော ဘာဆေးတွေသုံးရမလဲဗျ
မီးလုံးမီးချောင်းအလင်းရောင်ကို အသုံးပြုချင်တာဆိုရင်တော့ အသုံးပြုရတဲ့ မီးတွေကလိုအပ်ချက်တွေတော့ များပါတယ်ခင်ဗျာ။ အပင်မျိုးတစ်ခုချင်းအလိုက် အလင်းရောင်လိုအပ်ချက်တွေကို ထိန်းညှိပေးရတာဖြစ်တဲ့အတွက်မို့ ပိုပြီး အနုစိတ်ပါတယ်။ ကျွန်တော်တို့ သုံးနေတဲ့ မီးလုံး မီးချောင်းတွေ LED မီးလုံးတွေနဲ့ တော့ အဆင်ပြေမှာမဟုတ်ပါဘူးခင်ဗျာ။ လိုအပ်တဲ့ ကယ်လ်ဗင်အတိုင်းအတာ။ သူတို့ ယူနစ်အတိုင်းအတာတွေနဲ့ သေချာ တွက်ချက်နိုင်ဖို့ လိုအပ်ပါတယ်ခင်ဗျ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
နေအလင်းရောင်မသုံးပဲ မီးလုံး မီချောင်းအလင်းရောင်ကိုအသုံးပြုပြီးအပင်စိုက်ခြင်းအကြောင်းရှင်းပြပါလားဆရာ
အပင်တွေက များလို့လေ သိချင်တဲ့ အဓိက အပင်လေးတွေဖော်ပြပေးနိုင်ရင် ပိုအဆင်ပြေမှာခင်ဗျ 4.5 ကနေ 8 ကြားထဲမှာတော့ သီးနှံအများစု စိုက်လို့ရပါတယ်။ 6 ကနေ ၇ ကို ထိန်းထားပေးနိုင်တယ်ဆိုရင်တော့ သီးနှံစိုက်ပျိုးရာမှာ အခက်အခဲမရှိစိုက်ပျိုးနိုင်မှာပါ။
အပင်းများ အသီးသီး အတွက် မြေ PH ကို သိချင်ပါတယ်ခင်ဗျ ဥပမာ...ကွမ်းရွက်ပင် ဆိုရင် PH- ဘယ်လောက်က နေ ဘယ်လောက် ရှိသင့်သလဲ ဆိုတာလေးတွေ ပဲ ဆိုရင် ဘယ်လောက် | စပါး ဘယ်လောက် | ငရုတ် ... စသဖြင့် သိချင် ပါတယ် ခင်ဗျ
N ပါ
မင်္ဂလာပါ ခဗျာ မသိတာလေးတွေ မေးရင်ဖြေဆိုပေးသလား ခဗျာ တောင်သူအားလုံး အသုံးပြုနေကြတဲ့ ပုလဲ ဓာတ်မြေသြဇာ ရဲ့ အဟာရဓာတ်ဟာ N . P .K ဘယ်အရာထဲမှာ ပါဝင်သလဲ ခဗျာ