အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ko saung thant kyi

ko saung thant kyi

ဆိုင်ပိုင်ရှင် · အောင်လံ

10,576
လွန်ခဲ့သော ၄ နှစ် က

အားဆေးမနက်ဆိုတာ အပင်က နေနဲ့အစာချက်တဲ့အလုပ်လုပ်တော့ အစိမ်းရောင်ကလိုဖီးလ်တွေကို ပိုပြီးအထောက်အပံံဖြစ်စေပါတယ်။ အင်အတွက် အလွန်ပဲ အကျိုးဖြစ်စေပါတယ်။ မှိုဆေးညနေဆိုတာ ရောဂါသတ်ဆေးမည်သည် ဘယ်ဆေးမဆို အပင်ကို ထိခိုက်စေပါတယ်၊ ဥပမာဆိုရင် လူတွေနှုံးသလို အပင်ဖြစ်တတ်ပါတယ်။ ညနေဆိုရင် အပင် နားချိန်အများကြီးရပြီး အပင်အတွက်အရမ်းကောင်းပါတယ်။ စုပ်စားပိုးကတော့ အပူချိန်နဲ့အတူ လိင်ရှိရှိမရှိတနာရီ တကောင်ဖွားပါတယ်။ အပူရှိန်ပြင်းလာရင် စုပ်စားပိုးက အချိုရည်အရမ်းထွက်ပါတယ်။ အဲ့အရည်က အရမ်းအပင်ကိုလောင်စေပါတယ်။ အဲလိုမဖြစ်အောင် မနက်ပိုင်ဖျန်းတာပိုအဆင်ပြေပါတယ်။ လိပ်ပြာဖလံအုပ်စုက ညနေနဲ့ညဖက်တွေမှာ ပိုမြူးပါတယ်။ မိတ်လိုက်​ြခ​​​င်း၊ အစာရှာခြင်း၊ ဥ ဥခြင်းတွေ ပိုလုပ်ပါတယ်။ နေခင်းဘက်ဆို များ​ သောအားဖြင့် အနားယူတတ်လို့ ညနေ့ဖက်ဆေးဖျန်းရင် ပိုပြီးထိရောက်စေလို့ပါ။ အပေါ်ကဆရာပြောသလို အီမာမက်တင်နဲ့ အာဘာမက်တင်က ပဋိဇီဝဆေး အုပ်စုအတူတူဖြစ်ပါတယ်။ ရောဖျန်းလို့ရပေ့မယ်။ ရေနဲရေနဲ့ရောသလိုပဲဖစ်မှာပါ။ လှေးနဲ့ ပွင့်ထွေးဆိုရင် ပရုိဖီနိုဖော့စ်နဲ့ သာယာမီသောက်ဆမ် ၊ အီမာမက်တင်နဲ့သာယာမီသောက်ဆမ်၊ ပရုိဖီနိုဖော့နဲ့ဖစ်ပရိုနေး ၊ အာဘာမက်တင်နဲ့ ဖစ်ပရိုနေးအစရှိတာတွေဖျန်းလိုရပါတယ်ခင်ဗျ။ ကျေးဇူးပါ

အားဆေးမနက် မှိုဆေးညနေ ပိုးသတ်ဆေးက စုပ်စားပိုးဆိုရင်မနက် လိပ်ပြာဖလံပိုးဆိုရင် ညနေဆိုတာ အမှန်ဘဲလားဗျ နောက်ပြီး ကျတော်ဖျန်းမှာက လှေးနဲ့ပွင့်ထွေးပိုးတွေပါ အီမာမက်တင် ဘန်ဆိုအိပ်နဲ့ အဘာမက်တင်ဆိုရင် နိုင်လားဗျ ဘယ်အချိန်ဖျန်းရင်ပိုထိရောက်မလဲ ဖြေပေးပါအုံးဗျာ

လွန်ခဲ့သော ၄ နှစ် က

ဆာလဖာက မွှားပင့်ကူသတ်ဆေးအဖြစ်အသုံးပြုနိုင်သလို ဖားဥမှိုသတ်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ ပိုတက်စီယမ်နဲ့မက်ဂ္ဂနီဆီယမ် ဖြစ်ပေါ်ခြင်းမှာလည်း အဓိကပါဝင်ပါတယ်။ များလွန်းရင်တော့ သံဓာတ်များသကဲ့သို့ အရွက်နီကြောင်ကြောင်နဲ့အမြစ်တိုတာတွေခဖစ်နိုင်သလို အရွက်တွေမှာ အဖြူလေးအဆင််တွေဖြစ်စေနိုင်ပါတယ်။ တရွက်လုံးဖွေးနေတာလဲမင်ဘူးလောက်မယ်ထင်ပါတယ်။ ကျေးဇူးပါ

sulphur ကအပင်အတွက်ဘာတွေအကျိုးပြုပါသလဲ။ လိုတာထက်ပိုနေရင်ဆိုးကျိုးဘာတွေရှိပါသလဲ။

ဆာလဖာဓာတ်
လွန်ခဲ့သော ၄ နှစ် က

ပဲတီစိမ်းပါရပါတယ်

ရှင်းပြပေးပါ

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၄ နှစ် က

အပေါ်ကဆရာပြောတာ အလွန်သင့်တော်ပါတယ်။ ဓာတုဆေးဝါးသုံးရင်တော့ အားလိုချင်ရင် ဆာလဖာလို ဆေးဖျန်းပြီးတော့ လိပ်ပြာဖလံပါကျရင်တော့ အာဘာမက်တင်ဆေးကိုအသုံးပြုပါ။ အရွက်က စိမ်းပြီး အရွက်ကို ကိုင်ကြည့်ပါက ကျွတ်ဆတ်နေရင် မွှားပင့်ကူသေချာပါတယ်။

မွှားပင့်ကူနီ ကိုဘာဆေးဖျန်းရမလဲဗျ။

ပဲတီစိမ်းတွင်ကျရောက်တတ်သောဖျက်ပိုးများ
လွန်ခဲ့သော ၄ နှစ် က

ပုံပါစာအတိုင်းဆို သိုင်အိုဒီကပ်ရဲ့ နှိမ်နင်းနိုင်တဲပိုးတွေပြောတာပါ။ lepidopterous ဆိုတဲ့ လိပ်ပြာဖလံ အုပ်စုတင်မက coleopterous ဆိုတဲ့ ယင်ကောင်အုပ်စု hemiptetous ဆိုတဲ့ ကြမ်းပိုးအုပ်စု အစရှိတာတွေလဲ အသဲံးပြုနိုင်တယ်။ ပြီးတော့ ဝါသီးလုံးဖောက်ပိုးနဲ့ ဖူးစားပိုးရဲ့ ဥအဆင့်ကိုတောင်တိုက်ခိုက်နိုင်တယ်။ သူအသုံးပြုနိုင်တဲ့သီးနှံကတော့ ဝါ၊ပြောင်းချို၊ ပဲပုတ်အစရှိသဖြင့်...လို့ရေးထားတာပဲ။ ကျေးဇူးပါ

ရှင်းပြပေးပါ

ပိုးသတ်ဆေးအေအိုင်များ
လွန်ခဲ့သော ၄ နှစ် က

ဖော်ကျွန်းက ပေါင်းသတ်ဆေးပါခင်ဗျ။

ယခုဆေးနှစ်မျိုးကိုရောစပ်ပြီးမတ်ပဲတွင်ဖြန်းလို့ရပါသလားခဗျ

လွန်ခဲ့သော ၄ နှစ် က

ဆရာတွေကတော့ အားဆေးမနက် မှုိဆေးညနေ ပိုးသတ်ဆေးဆို စုပ်စားပိုးဆေးမနက် လိပ်ပြာဖလံဆေး ညနေလို့ ကြားဘူးပါတယ်။ သင့်တော်သလိုအသုံးပြုပါ။ ကျေးဇူးပါ

ပိုးသတ်ဆေး နဲ့ မှိုဆေးကတို့က ဘယ်အချိန်ဖျန်းဖျန်းရလားဗျ မနက်ဖျန်းရတာနဲ့ ညနေဖျန်းရတာရှိလားဗျ

လွန်ခဲ့သော ၄ နှစ် က

ဖော်ကျွန်းလို ကွီဇာလိုဖောစ့်က မတ်ပဲပဲတီစိမ်းနှမ်း ခရမ်းချဥ် အစရှိတဲ့ သီးနှံအတော်များများမှာအသုံးပြုတဲ့ မြက်သတ်ပေါင်းသတ်ဆေးပါ။ စပါ ဂျုံ ပြောင်း ကြံသီးနှံတွေမှာ အသုံမပြုသင့်ပါ။ ကုလားပဲမှာဆို အရွက်တွေပြာပြီး အထွက်ထိခိုက်စေနိုင်ပါတယ်။ မတ်ပဲသုံးရင်တော့ ပုံပါပေါင်းသတ်ဆေးကို ဖော်မီစေဖန်နဲ့တွဲဖက်အသုံးပြုပါ။ ပေါင်းအနုအရင့်ပေါ်မူတည်ပြီး ဆေးဖျန်းပုံးတစ်ပုံးကို ၃၀ မှ ၆၀ စီစီ ( ထမင်စားဇွန်း ၃ မှ ၆ဇွန်း)အထိအသုံးပြုလို့ရပါတယ်။ ကျေးဇူးပါ

ယခုဆေးနှစ်မျိုးကိုရောစပ်ပြီးမတ်ပဲတွင်ဖြန်းလို့ရပါသလားခဗျ

လွန်ခဲ့သော ၄ နှစ် က

မိုးမြေပဲက ပင်ထောင်ပဲစိုက်တာများတယ်။ ရာသီဥတုအခြေအနေအရ မိုးများတော့ စမ်းကိုင်မှာဆိုးပြီး ပုလဲအကျွေးများပြီး အပင်အထများတယ်။ တကယ်လိုအပ်တဲ့ ကယ်ဆီယမ် ဆာလဖာ အကျွေးနည်းတယ်။ ​မြေပဲသဘောက ရက်နှစ်ဆယ်ကျော်တာနဲ့ ပေါင်းစုံပန်း ခေါ်တဲ့ ခွေးခြေခုံကနေပွင့်တဲ့ လက်ရင်းပန်းပေါ့ ပွင့်လေ့ရှိတယ်။ တောင်သူသဘာဝအရ အဲ့အချိန်မှ ကြားလိုက်တာများတော့ အပွင့်ကန်းကုန်တာကြောင့်ဖြစ်နိုင်သလို မြေပဲပွင့်တွေဟာ ကယ်ဆီယမ် ဆာလဖာဓာတ်နဲ့တွေ့မှ အောင်မြင်တဲ့ မြေပဲတောင့်များဖြစ်နိုင်သလို မရှိရင် လေသီးဘောက်သီးများနိုင်ပါတယ်။ ပန်းပွင့်တဲ့အချိန်တိုင်း ကြားတိုက်တာရှောင်ပြီး ကျောက်မှုန့်ကျွေးဆေးလိုပါတယ်။ ပြီးတော့ ကယ်ဆီယမ် ဘိုရွန် ကို ဖျနိးစေလိုပါတယ်။ သက်တန်းတိုတဲ့ ပင်ထောင်မျိုးမှာ ရက်၂၀ ၃၀ ကြား ရက်၄၅ ၅၅ ကြား ၆၅ ၇၅ ကြားကျွေးသင့်ပြီး။ ပင်ပြန့်မျိုးကိုတော့ အနည်းငယ်ခြားကျွေးသင်ပါတယ်။ ကျေးဇူးပါ

မိုးရာသီစိုက်တဲ့မြေပဲဆိုအပင်တွေသန်ပီးဥနည်းနေတာဘာကြောင့်လည်းကျေးဇူးပြုပြီးရှင်းပြပေးပါ

လွန်ခဲ့သော ၄ နှစ် က

အမေရှိမှ အီလန်သုံးပါ။ စတာပါ ရပါတယ် detergent ပါနဲ့ ဘယ်အရာမဆိုအရင်သုံးမှ ပိုးစေးနဲ့လို ဖယောင်လွှာထူတဲ့ အကောင်တွေ အရေဖျားပါးမှ ကျန်ဆေးတွေအစွန်ပိုထက်မှာမို့ပါ။ ကျေးဇူးပါ

ယင်ဖြူနိုင်တဲ့ဆေးလေးတေရှိရင်မျှဝေပါအူးခဗျာ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။