အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်

အမေးအဖြေ

sai wunna aung
လွန်ခဲ့သော ၁ နှစ် က · မလှိုင်

10လပိုင်းထဲ စမုံနက်စိုက်လို့အဆင်ပြေပါသေးလားခင်ဗျာ မြေပဲပြီးစိုက်ချင်လို့ပါ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,117,572 လွန်ခဲ့သော ၁ နှစ် က

မိမိ စိုက်မည့်မြေက၊သီးနှံသက်တမ်းပြည့်သည်ထိ၊အစိုဓာတ်ထိန်းနိုင်မလား၊သီးနှံအောင်နိုင်မလား ချိန်ဆသင့်ပါတယ်။ရာသီအလိုအရတော့ စိုက်လို့ရပါတယ်၊စိုက်လည်း စိုက်ကြပါတယ်။

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

စိုက်ပျိုးလို့ရပါတယ်ဗျ

You
kyaw zin
kyaw zin 5,064
လွန်ခဲ့သော ၁ နှစ် က · ပွင့်ဖြူ

ဧရာပဒေသာ၆၅ရက်သားထောပတ်ပဲမှော်ကျွေးပြီး၇လောက်ရှိတော့ပုံပါအတိုင်းအဖျားတွေချောက်ပြီးဝါလာလို့ဘာဖြစ်တာလဲခဗျထောပတ်ပဲမှော်တစ်ဥက၇တင်းနူန်းကျဲပတ်ထားပါတယ်ပိုတက်နဲ့ပုလဲကျွေးထားတာ၃ရက်လောက်ရှိပါပြီဘာဖြစ်တာလဲဖြေကြားပေးပါအုန်းခဗျ

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
Post image
Post image
Post image
Post image
kyaw zin
kyaw zin 5,064 လွန်ခဲ့သော ၁ နှစ် က

ကျေးဇူးပါဆရာ

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,117,572 လွန်ခဲ့သော ၁ နှစ် က

ပိုတက် အိတ်ဝက် သို့မဟုတ် ဂျစ်ဆန်တအိတ်လောက်နဲ့ ကေဟူးမစ်တထုပ် ပက်ပြီး ရေ စပ်စပ်သွင်းပေးပါ။

ဖြေကြားချက် ၅ ခုလုံး ကြည့်ရန်
You
Chan Myae Htun
လွန်ခဲ့သော ၁ နှစ် က · ဝက်လက်

ပေါ်ဆန်းစပါးသက် ၇၉ ရက်သားရပါပီ အခင်းက ရေလမ်းကြောင်းဖစ်နေတော့ ၁၅ပတ်လည် မြေဆီကျွေးချင်တာ ရမလား?ဗျ မိုးကကောင်းနေတော့ ရေက မကျသွားဘူးဗျ အခင်းက မြေဆီတောင်းနေလှပီမို့ပါ ရေကျချိန်စောင့်လိုက် မိုးရွာသွားလိုက်မို့ မြေဆီကျွေးရင် ရေလမ်းကြောင်းမာ မြေဆ‌ီ ဆုံးရှုံးနိုင်လား? သိချင်ပါတယ်ဗျ

စိုက်ပျိုးနည်း စပါး စပါးမြေသြဇာကျွေးနည်း
ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,117,572 လွန်ခဲ့သော ၁ နှစ် က

ကျွေးချိန်ကျရင်တော့ ကျွေးသင့်ပါတယ်။ရေလမ်းဆိုရင်တော့ ဆုံးရှုံးမှု များမှာတော့အသေချာပါပဲ။ slow release action တဖြည်းတဖြည်းချင်း ပျော်ဝင်စေတဲ့ကွန်ပေါင်း မျိုး ထည့်သင့်ပါတယ်။

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

လယ်ထဲရှိရေများကကန်သင်းကျိုးသည်အထိ ‌အခြားလယ်ထဲထိလျှံကျရင်တော့ ဆုံးရှုံးနိုင်ပါတယ်၊ ရေများရုံနဲ့တော့ မဆုံးရှုံးနိုင်ပါဘူးဗျ၊အပင်ကလည်းလိုအပ်နေပြီဆိုတော့ ရေကို ဖြစ်နိုင်အောင်ထိန်းပြီး ရေထွက်ပေါက်ပိတ်နိုင်ရင်ပိတ်၊ မပိတ်နိုင်ရင်လည်းမြေဆီစေ့‌ မျောပါမသွား အောင် ရေထွက်ပေါက်ပါးပါးလေးချပြီးစပါးအထွက်မထိခိုက်အောင်ကျွေးသင့်နေပါပြီ

You
ရင်ရင်
လွန်ခဲ့သော ၁ နှစ် က · သင်္ဃန်းကျွန်း

ငါးကိုရော ဖိုက်ဘာတိုင်ကီနဲ့မွေးလို့ရလားဗျ ငါးပြေမ မွေးချင်လို့ပါဖိုက်ဘာတိုင်ကီက ရှိထားလို့ပါ အရင်က ရေကန်လုပ်တဲ့ဟာ လေးထောင့်ကန်ပေါ့ အခုကျ မသုံးတော့ ပိုနေလို့ မိုးကာနဲ့ကန်မလုပ်ပဲ အဲ့ထဲထည့်မွေးချင်လို့ပါ အလျား ၃ ပေခွဲ အနံ ၃ ပေခွဲ အမြင့် ၂ ပေခွဲ ကန် ၃လုံးရှိပါတယ် ငါးအကောင်ရေ ဘယ်လောက်ထည့်သင့်သလည်းဗျ

မွေးမြူနည်း ငါးမွေးမြူနည်း
နှင်းဖြူဖြူ
နှင်းဖြူဖြူ 30,905 လွန်ခဲ့သော ၁ နှစ် က

ငါးပြေမကို အိမ်မှာရှိတဲ့ တိုင်ကီ၊ ကန်၊ အိုင်မှာ မွေးထားလို့ရပါတယ်။ အခြားငါးတွေနဲ့ မတူတာက ငါးပြေမဟာ ရေချဉ်ဖန်နှုန်းနဲ့ အရေအပူချိန် အပြောင်းအလဲဒဏ်ကို ခံနိုင်ပါတယ်။ မြစ်ချောင်း၊ အင်းအိုင်တွေနဲ့ နီးစရာမလိုဘဲ အိမ်မှာရှိတဲ့ ရေနဲ့ မွေးလို့ရပါတယ်။ ငါးပြေမမွေးမယ်ဆိုရင်တော့ အလယ်အလတ် ကန်အရွယ်အစားကတော့ အလျား ပေ ၃၀ နဲ့ အနံ ၁၅ ပေရှိပြီး အနက် ၅ ပေ သို့မဟုတ် ၆ ပေလောက်ရှိရင်ရပါပြီ။ ဒါပေမယ့် ငါးပြေမမွေးမယ်ဆိုရင်တော့ သတိထားရမယ့် အချက်တွေရှိပါတယ်။ အဲဒါကတော့ ဥမှပေါက်ခါစ ငါးမှုန် ငါးသန် အဆင့်တွင် အချင်းချင်း ပြန်စားတတ်တဲ့ အလေ့ရှိတဲ့အတွက်ကြောင့် ဒါကို ဂရုစိုက်ဖို့လိုပါတယ်။ ကောင်းတာကတော့ အသက် အရွယ်အစားတူညီတဲ့ မျိုးငါးကို ရွေးချယ်၍ ပြိုင်တူထည့်ခြင်းဖြင့် ဒါကို ရှောင်နိုင်ပါတယ်။ ငါးပြေမမွေးဖို့အတွက် အကောင်းဆုံး ရေချဉ်ဖန်နှုန်းဟာ ၇ ဝန်းကျင်ရှိတာ ကောင်းပါတယ်။ အဲ့ထက် မြင့်နေရင်တော့ ရှောက် သံပုရာရည်ထည့်ပေးခြင်းဖြင့် နိမ့်ပေးနိုင်ပါတယ်။ တကယ်လို့ ရေချဉ်ဖန်နှုန်း အရမ်းနိမ့်နေရင်တော့ မုန့်ဖုတ်ဆိုဒါထည့်ပေးနိုင်ပါတယ်။ ငါးပြေမ မွေးလို့ရတဲ့ အရေအတွက်ကတော့ အကောင်းဆုံးက ရေ ၁၀၀၀ ဂါလံမှာ ငါးမှုန် ငါးသန် အကောင်ရေ ၂၅၀၀ ထက် မပိုဖို့ လိုပါတယ်။ အစာကျွေးရာမှာလည်း အရွယ်ရောက်တဲ့ ငါးပြေမ ငါးတွေကို ပရိုတင်း ၅၀ ရာခိုင်နှုန်းနဲ့ အဆီဓါတ် ၂၀ ရာခိုင်နှုန်းပါတဲ့ အစာတောင့်တွေကို ကျွေးပေးနိုင်ရင် ပိုကောင်း ပါတယ်။ သက်တမ်းအနေနဲ့ ကြည့်မယ်ဆိုရင် ငါးပြေမတစ်ကောင်ဟာ သက်တမ်း ၁၀ နှစ်မှ ၁၁ နှစ်အထိ ရှိပါ တယ်။ ဒါပေမယ့် ဥ သို့မဟုတ် ငါးမှုန် ငါးသန်အဆင့်ကနေ ၁၂ လမှ ၁၅ လအတွင်း မွေးမြူနိုင်ပါတယ်။ ငါး ပြေမတစ်ကောင်ဟာ ၃ နှစ်အရွယ်အထိ ဥ ဥ နိုင်တဲ့အနေအထား မဖြစ်သေးပါဘူး။ ဒါကြောင့် ငါးပြေမမွေးမယ်ဆိုရင် သဘာဝမှာရှိတဲ့ ဥတွေကို ယူပြီး အိမ်မှာ အကောက်ဖောက်လို့ရပါတယ်။ ဥကနေ အကောင်ဖောက်မယ့် အကောင်းဆုံး ရေအပူချိန်ဟာ ၄၅ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပါတယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
ဖြေလည်သော အဖြေရရှိပြီး
U Yan
U Yan 10,302
လွန်ခဲ့သော ၁ နှစ် က · ချောက်

ဆရာ ပရိုမက်တင်နဲ့ အဘာမက်တင်က ခရမ်းချဥ်ပွင့်တွေ ထိခိုက်နိုင်လားဆရာ အဲ့ဆေးတွေမဖျန်းတာအတော်ကြာပါပြီ ရွက်ထွင်းယင်ကောင်လေးတွေ တွေ့နေရလို့ပါဆရာ ယူရီးယားနဲ့ လက်ချားတော့ ဒီဘက်မှာမရှိဘူးဆျာ တစ်နှစ်စာဝယ်ထားတဲ့ ပွင့်သီးရှယ် ကယ်မက်ဟက် အမိုင်နို တောနစ် ထူးကောင်း အဲ့အားဆေးတေတော်အတော်များကျန်တေးတယ်ဆရာ မြို့တက်ဖို့ကလဲ မလွယ်လို့ပါဆရာ အခုမိုးရက်တွေပီးရင်တော့ အသီးတွေတင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ် စနစ်တကျဆေးဖျန်းခြင်း
Post image
Post image
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

ဆေးနှုန်းထားမှန်ကန်စွာပက်ဖျန်းပေးပါက အပွင့်မထိခိုက်နိုင်ပါဘူးဗျ၊ ပန်းများအပြည့်အဝပွင့်ဖူးနေချိန်တွင် မည်သည့်ဓာတုဆေးကိုမှ အပေါ်ကနေအုပ်မိုးပြီးမဖျန်းသင့်ပါ။ ပွင့်ဖက်၊ပွင့်ချပ်များ (ရေ၊မိုး၊မြူနှင်း) ကြောင့်စိုစွတ်နေသောအနေအထားတွင် မည်သည့်ဓာတုဆေးမှ မဖျန်းသင့်ပါ။

U Yan
U Yan 10,302 လွန်ခဲ့သော ၁ နှစ် က

မှတ်သားထားပါမယ်ဆရာ

You
ဖြေလည်သော အဖြေရရှိပြီး
Ko San Min
Ko San Min 145
လွန်ခဲ့သော ၁ နှစ် က · ရေနံချောင်း

ခရမ်းချဉ် ပင် အရွက်တွေကုပ်နေလို့အောက်လက်ကနေစပီးကုပ်လာတာ အသီးပွင့်လိုက်ချိန်ဆို နှစ်တိုင်းကုပ်လာတော့တာဘဲဗျာ မှိုရောဂါလား အပင်အား လိုနေလို့လား ဘာကြောင့်ဖြစ်တာလဲ ဘာဆေးဖျန်းသင့်လဲ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်ပျပိုး
Post image
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စိုက်ခင်းအစိုဓာတ်များခြင်း၊ရေအလွန်အကျွံသွင်းခြင်းကြောင့် Physical Disorder ဖြစ်ပါတယ်၊ပိုး၊ရောဂါမဟုတ်ပါဘူးဗျ၊ အမိုငိနိုအက်စစ်အားဆေးနှင့် အနည်းလိုအားဆေး(Ca,B,Zn,Mg,Mn)ပါအားဆေးများတွဲဖျန်းပေးခြင်း၊P,Kအချိုးများအားဆေးများဖျန်းပေးခြင်း၊ စိုက်ခင်းမြေဆီလွှာကောင်းမွန်စေရန် ကေဟူးမစ်နှင့်ဂျစ်ဆမ်ရောကျွေးခြင်းများပြုလုပ်ပေးနိုင်ပါတယ်။ နောက်ဆိုရေအလွန်အကျွံပေးခြင်းမျိုးရှောင်ကြဉ်ပါ၊ မိုးရွာလျှင်‌လည်းအပင်ခြေရေမဝပ်အောင် ရေထုတ်မြောင်းကောင်းကောင်းဆောင်ရွက်ပေးပါ

Ko San Min
Ko San Min 145 လွန်ခဲ့သော ၁ နှစ် က

ဟုတ် ကျေးဇူးတင်ပါတယ်ဗျ

You
ဖြေလည်သော အဖြေရရှိပြီး
tayza
tayza 16
လွန်ခဲ့သော ၁ နှစ် က · ဟင်္သာတ

ဘာဆေးဖြန်းပြီးဘလိုပြုစုရမလဲသိချင်ပါတယ်

ပိုးမွှားရောဂါ ကွမ်း ကွမ်းပင်စိုက်ပျိုးနည်း
Post image
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

အပင်ခြေရေမဝပ်စေရန်ဂရုစိုက်ပါ၊ မိုးကင်းစင်သွားရင် Copper oxychloride ဖျန်းပက်ပေးပါ၊ ပိုး၊ရောဂါကျရောက်မှုမရှိစေရန်အထူးဂရုစိုက်ပါ

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က
You
ဖြေလည်သော အဖြေရရှိပြီး
Kyaw Thu Lin
Kyaw Thu Lin 631
လွန်ခဲ့သော ၁ နှစ် က · ပေါက်

စပါးပြီးစပါး စိုက်ချင်ပါတယ်။တစ်နှစ်ကို နှစ်သီးမှ သုံးသီးထိစိုင်ပျိုးနိုင်ဘို့ရာနှင့် သတ်မှတ်အထွက်နှုန်းရရှိရန်အတွက် မြေပြင်ရမဲ့အနေအထားနဲ့ ရွေးချယ်ရမဲ့မျိုး အပင်ပြုစုနည်းတွေကို ဖြေကြားပေးစေလိုပါတယ်။ဆိုးကျိုး/ကောင်းကျိုးတွေကိုလဲ ပြောပြပေးစေလိုပါတယ်။

စိုက်ပျိုးနည်း စပါး စပါး သီးထပ်စိုက်ပျိုးခြင်း
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က
ဤအဖြေဖြင့် ပြေလည်

စပါးပြီးစပါး နှစ်သီးထိဘဲစိုက်ပျိုးရန်သင့်တော်ပါတယ်ဗျ

Kyaw Thu Lin
Kyaw Thu Lin 631 လွန်ခဲ့သော ၁ နှစ် က

ပြန်လည်ဖြေကြားအကြံပြုသော သော်ဇင်၊ဒို့ဦးလေးနှင်Khaing Thinzar Monတို့ အားလုံး ကျေးဇူးပါဗျာ။

ဖြေကြားချက် ၄ ခုလုံး ကြည့်ရန်
You
အောင်ကိုလင်း
လွန်ခဲ့သော ၁ နှစ် က · ဘိုကလေး

ဂန္မမာပန်းပင်များဝါနေတာကို ကာကွယ်ခြင်းနှင့်ကုသခြင်းကိုသိခြင်ပါတယ်

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

ပုံတင်မေးပေးပါဗျ၊ပုံပါမှဘာကြောင့်ဝါလဲဆိုတာ ဖြေကြားပေးလို့ရပါမယ်ဗျ

You
ဦးခင်ရှိန်
လွန်ခဲ့သော ၁ နှစ် က · ဖျာပုံ

ဖျာပုံမြို့နယ် ဒီရေဝင်သောအရပ် စပါးစျေးမကောင်းလို့ ဓာတုမချဘဲ စိုက်ခင်းလုပ်ထားပါတယ်၊ ပေါ်ဆန်းရင်အုပ်စုဝင် ခွံဝါတောင်ပျံ ပျိုးသက်ပါ ရက်၉၀ ရှိပါပြီ၊ ဓာတုမကျွေးဘဲအဆင်ပြေတယ်မို့လားခင်ဗျ။

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

အထွက်နှုန်းတော့နည်းနိုင်ပါတယ်၊နွားချေး၊သဘာဝဓာတ်မြေဩဇာ၊မြေဆွေးတွေမထည့်ဘဲတော့ အဟာရမလုံမလောက်ဖြစ်ပြီး အထွက်နှုန်းထိခိုက်နိုင်ပါတယ်၊အပင်ပုံမပါတော့ အပင်အနေအထားကောင်းမကောင်းတော့ မမြင်ရတော့ပြောရခက်ပါတယ်ဗျ

You
ဦးခင်ရှိန်
လွန်ခဲ့သော ၁ နှစ် က · ဖျာပုံ

ဖျာပုံမြို့နယ် ဒီရေဝင်သောအရပ် စပါးစျေးမကောင်းလို့ ဓာတုမချဘဲ စိုက်ခင်းလုပ်ထားပါတယ်၊ ပေါ်ဆန်းရင်အုပ်စုဝင် ခွံဝါတောင်ပျံ ပျိုးသက်ပါ ရက်၉၀ ရှိပါပြီ၊ ဓာတုမကျွေးဘဲအဆင်ပြေတယ်မို့လားခင်ဗျ။

အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

အထွက်နှုန်းတော့နည်းနိုင်ပါတယ်၊နွားချေး၊သဘာဝဓာတ်မြေဩဇာ၊မြေဆွေးတွေမထည့်ဘဲတော့ အဟာရမလုံမလောက်ဖြစ်ပြီး အထွက်နှုန်းထိခိုက်နိုင်ပါတယ်၊အပင်ပုံမပါတော့ အပင်အနေအထားကောင်းမကောင်းတော့ မမြင်ရတော့ပြောရခက်ပါတယ်ဗျ

You
Nga Chan
Nga Chan 258
လွန်ခဲ့သော ၁ နှစ် က · မုံရွာ

ဆရာ သာပို ဖုန်းနံပါတ်လေးလိုချင်ပါတယ် အင်တာနက်လိုင်းအဆင်မပြေရင် ဖုန်းဆက်မေးလို့ ရအောင်လို့ပါ

စိုက်ပျိုး ဗဟုသုတ ခရမ်းချဉ် အခွင့်အလမ်းနှင့် အခြားမေးခွန်းများ
ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,117,572 လွန်ခဲ့သော ၁ နှစ် က

၂၆၅၀၄၁၉၉၆

You
Ma Thidar Soe
လွန်ခဲ့သော ၁ နှစ် က · ချောင်းဆုံ

အဲ့ပုံထဲမှာရှိတဲ့rubber bare root ၏တစ်ပင်စျေးနှုန်းဖော်ပြပေးပါ

စိုက်ပျိုး ဗဟုသုတ ရော်ဘာ ပြည်တွင်းသီးနှံဈေးကွက်
သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

ပုံမပါတော့ဖြေကြားရခက်နေပါတယ်

You
wai lin phyo
လွန်ခဲ့သော ၁ နှစ် က · ပုသိမ်

စပါးခင်းမှာကျတဲ့ နှံစုပ်ပိုးကိုဘယ်ဆေးဝါးနဲ့ နှိမ်နင်းရမလဲသိချင်လို့ပါဗျ ခု သံဒုတ် ၁၀အီးစီ ဆိုတဲ့ဆေးနဲ့ဖျန်တာနောက်နေ့ထပ်ကျတာပဲ ထပ်ခါထပ်ခါဖျန်းလို့ရောအတင်ပြေနိုင်လားဗျ

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

Dinotefuran, Imidacloprid, Fipronilတစ်မျိုးမျိုး ညနေခင်းမှာဖျန်းပေးမှ ဆေးထိရောက်ပါမယ်ဗျ

You
စကြည်စိုး
လွန်ခဲ့သော ၁ နှစ် က · အိမ္မဲ

ကြက်သွန် ဥစမ်းကွဲတာ ဘာဆေးတိုက်ရမလဲဆရာတို့

သော်ဇင်
သော်ဇင် 359,398 လွန်ခဲ့သော ၁ နှစ် က

ပုံတင်မေးပေးပါဗျ

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။