စပါးစိုက်ခင်းရက်25ရက်သားရှိပြီ အူလျှောက်ပိုးကြောင့် အပင်သေတာ ဘာဆေးသုံးရမလဲဗျ
အမေးအဖြေ
ဓာတ်ဆားကျွေးြပီးသုံးလေးရကါနေမှဖစ်တပါဘာဆေးြဖ်းရမလဲ့ဘာဖစ်တလဲရှင့်
အပင်တွေညှိုးသွားတာတော့ မြေဆီနှုန်းထားများခြင်းသို့မဟုတ်အပင်ခြေနားကပ်ကျွေးမိခြင်းတို့ကြောင့် အပင်လောင်တာဖြစ်နိုင်ပါတယ်ခင်ဗျာ မြေဆီကျွေးခြင်းခဏရပ်နားထားပေးပါဗျ၊ နောက်ဆုံးပုံက ရွက်ပြောက်လေးတွေကတော့ရောဂါကျတာဖြစ်နိုင်ပါတယ် မှိုကြောင့်လားဘက်တီးရီးယားကြောင့်လားခွဲခြားနိုင်အောင် ရောဂါကျအရွက်ကို သေချာမြင်ရအောင် ပုံရိုက်ပြီးထပ်တင်မေးပေးပါဗျ
ဘာရောဂါလည်းဗျာ မိုးမိရေ၀ပ်တဲ့နေရာတွေမှာအဖြစ်များပါတယ် ဆေးလည်းညွန်ပေးပါဆရာတို့ရေ
ကြက်သွန်နီဂျိုလိမ်ဝင်ရင် ဘာလုပ်ရမလဲ
အစိုဓာတ်များရင် ဖြစ်ပေါ်တတ်တဲ့ ကြက်သွန်နီဂျိုလိမ်ရောဂါ ကာကွယ်ကုသနည်း ဒီဆောင်းပါးထဲမှာကာကွယ်ကုသနည်းအကုန်ပါတယ်ဗျ
မနက်ခင်းကိုကာဆူဂါမင် ဖြန်းပီးတော့ ညနေခင်းကိုပိုးသတ်ဆေးထဖြန်း ရင်ရနိုင်ပါသလား
ပိုးသတ်ဆေးတွေမှာ ရေဖျော်အဆီရည်(EC)၊ရေဖျော်ဆေးမှုန့်(WP)၊ရေပျော်ဆေးမှုန့်(SP)၊ရေပျော်ဆေးခဲ(WDG) ဆိုတာတွေရဲ့ အသုံးပြုနည်းတွေကို သိချင်ပါတယ်။ ဥပမာ.. .EC ဆိုရင် ဘယ်လိုဖျော်ပြီး ဘယ်လိုဖျန်းရတယ်၊WP ဆိုရင် ဘယ််လို ဆိုတာမျိုး ကို တစ်မျိုးစီ ပြောပြပေးစေချင်ပါတယ်။
ဆေးပြင်းအားအနည်းအများကိုရှင်းပြပါမယ် ဆေးပြင်းအားအနည်းအများတိုင်းချင်လျှင် ဆေးပါဝင်ပစ္စည်းအမျိုးအစားတူရပါမယ် ဥပမာ Cypermethrin 10EC, Cypermethrin 20EC ၂၀လီတာဝင်ဆေးဖျန်းပုံးထဲကို Cypermethrin 10EC ကို ၁၀၀စီစီထည့်မယ်၊ Cypermethrin 20EC ကိုလည်း ၁၀၀စီစီထည့်မယ်ဆိုပါက Cypermethrin 20EC က ပြင်းအားပိုမှာဖြစ်ပါတယ်။ Cypermethrin 20EC ကိုအကယ်၍၅၀စီစီနှုန်းထားဖြင့်ထည့်သွင်းပါက Cypermethrin 10ECကို ၁၀၀စီစီထည့်သွင်းခြင်းဖြင့်ပြင်းအားအတူတူပင်ဖြစ်ပါသည်။ ဥပမာပေးတင်ပြခြင်းဖြစ်ပါသည်။
ရောဂါအမည် နှင့် အသုံးပြုရမည့်ဆေးအမျိုးအစား
ဆာကိုစပိုးရားရွက်ပြောက်ရောဂါ(Cercospora leaf spot)ဖြသ်ပါတယ်၊ Hexaconazole, Carbendazim, Chlorothalonil , Mancozeb ဖျန်းပေးပါဗျ၊ နောက်ဆိုပုံရိုက်ရင် ရှင်းရှင်းလင်းမြင်ရအောင်ရိုက်နိုင်ရင်ပိုကောင်းမယ်ဗျ၊ အခြားရောဂါကျအစိတ်အပိုင်းလက္ခဏာတွေရှိသေးရင်ပုံတင်ရိုက်မေးပေးပါ၊ အခြားဆေးများဖျန်းထားတာရှိသေးလားပြောထားပေးပါဦးဗျ
ပြောင်းပင်မှာ အ့လိုပုံစံလေးတွေ တွေ့ရလို့ဗျ ဘာဆေးဖြန်းရင် အဆင်ပြေမလဲ
လူနေအိမ်ခြံအတွင်း ပေါက်ရောက်နေတဲ့ မြက်ပင်တွေအတွက်ဆိုရင် ဘယ်လိုပေါင်းသတ်ဆေး သုံးသင့်ပါသလဲခင်ဗျာ။ ကျေးဇူးပြု၍ဖြေကြားပေးကြပါခင်ဗျာ။
ယခုနှစ်ဆောင်းသီးနှံပဲတီစိမ်းက ပြန်ရောင်းတဲ့အချိန်မှာ တစ်တင်းကို ကိုးသောင်း အောက်ကိုကျနိုင်လား
မြေပဲပင်ဟာအပင်သက်တမ်းဘယ်နှစ်ရက်သားလောက်မှာစွယ်စချတာလဲအပင်သက်တမ်းဘယ်နှစ်ရက်သားလောက်မှာဘောင်တင်ပေးသင့်လဲသိချင်ပါတယ်ဗျ
တစ်ခြမ်းေခြာက်ရောဂါကျနေလို့ ဘယ်လိုကုရမလည်း
ဗာတီစီလီယမ်ပင်ညှိုးရောဂါကျနေတာဖြစ်နိုင်ပါတယ်(Verticillium wilt) ဒီရောဂါကကုသနှိမ်နင်းရခက်ခဲပါတယ်။ မြေပြင်ချိန်မှာကတည်းကမြေခံမှာ ထရိုင်ဂိုဒါးမားထည့်ပေးသင့်ပါတယ်။ အသေအပျောက်နည်းအောင် Carbendazimကို အပင်ခြေအဓိကထားဖျန်းပေးနိုင်ပါတယ် အပင်အပေါ်ပိုင်းကိုတော့ Tebuconazole, Trifloxystrobin, Azoxystrobin ဆေးတမျိုးမျိုးဖျန်းပေးနိုင်ပါတယ်
အဖြားခြောက်နေပါတယ် တော်တော်များများပါ
ရွက်ခြောက်ရောဂါ(Botrytis leaf blight)ကျနေတာပါခင်ဗျာ နိုက်ထရိုဂျင်အလွန်အကျွံအသုံးပြုခြင်းကို ရှေင်ကျဉ်ပါ။ Iprodione, Azoxystrobin, Pyraclostrobin, Trifloxystrobinဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်၊ မကျသေးသောအခင်းများကာကွယ်ရန် Mancozeb, Chlorothalonil ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ် ရောဂါရပ်တန့်သည်အထိဆေးများကို ၇-၁၄ရက်ခြားပြီးဖျန်းပေးသင့်ပါတယ်ဗျ
ကျွနိတော့ပဲပင်လေးတွေ ဘာရောဂါလဲခမျ ၄ပတ်လောက်ခူးနေရပါပီ အောက်ချေအရိုးတံလေးမှာလဲ အမဲရောင်လေးဗျ စျေးလေးညွှန်းပါအုံး
အရွက်လိုက်နေလို့ဆေးညွန်းပါအုံးခင်ဗျအာဘာမက်တင် ဖြန်းထားပါတယ်ခင်ဗျ
မေးခွန်းမေးရန်
အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ
မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။