အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
69
လွန်ခဲ့သော ၁၉ မိနစ် က · ကျောက်တော်

မဂ်လာပါခမျ စိုက်ပျိုးရေးမှာ ထည့်တဲ့ထုံးကျောက်ဆိုတာဘယ်လိုအရသာရှိပါသလဲခမျ

စိုက်ပျိုး ဗဟုသုတ စပါး
အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၁၀ မိနစ် က

စားကြည့်မှ သိမှာပါ။ကွမ်းစားထုံးကတော့ အရသာ မရှိသလိုပါပဲ။

You
576
လွန်ခဲ့သော ၄ နာရီ က · မအူပင်

အရွက်တွေကွက်ကြားခြောက်ပြီးတစ်နေ့ထက်တစ်နေပိုပိုခြောက်တယ့်အကျယ်အဝန်းကများလာလို့ဆရာ/စပါးကမင်းဧရာပါ

Post image
Post image
Post image
Post image
Post image
338,952 လွန်ခဲ့သော ၂ နာရီ က

ပုံပါလက္ခဏာများအရ ဧရာမင်းစပါးခင်းတွင် စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါ (BLB) ကျရောက်နေတာပါ။ နောက်နှစ်မဖြစ်ရန်ရောဂါသက်သာစေရန်အတွက် အပင်ကို ပိုမိုနုပျိုပျော့အိစေပြီး ရောဂါတိုးစေသည့် နိုက်တြိုဂျင် (ယူရီးယား) မြေဩဇာကျွေးခြင်းကို လုံးဝရပ်ဆိုင်းရပါမယ်။ ၎င်းအစား အပင်ကို ခံနိုင်ရည်ရှိစေရန် ပိုတက်ရှ်မြေဩဇာကို တစ်ဧက (၁၀) ကီလိုဂရမ်မှ (၂၀) ကီလိုဂရမ်ခန့် ထည့်ပေးရပါမယ်။ အခုအမြန်ဆုံး ပျက်စီးမှုသက်သာစေရန်ကော့ပါးဓာတ်ပါသောဆေးများ (Copper Hydroxide သို့မဟုတ် Copper Oxychloride) သို့မဟုတ် Kasugamycin+Bismerthiazoleသို့မဟုတ် Oxolinic acid တစ်မျိုးမျိုးကို အညွှန်းစာပါအတိုင်း စနစ်တကျ ၅-၇ရက်ခြားပက်ဖျန်းနှိမ်နင်းပေးရပါမယ်။ ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအရွက်များဆက်လက်ပျံ့ပွားခြင်းရှိမရှိအမြဲစစ်ဆေးပါ၊ ဘက်တီးရီးယားရောဂါဆိုတော့ ကူးစက်မှုမြန်တာကြောင့် အမြန်ဆုံးဒီနေ့ပဲ ညနေခင်းဆေးဖျန်းပေးပါခင်ဗျာ

You
15
လွန်ခဲ့သော ၁၁ နာရီ က · ရမည်းသင်း

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Post image
338,952 လွန်ခဲ့သော ၅ နာရီ က

ကြက်သွန်နီစိုက်ခင်းများတွင် အဓိကကျရောက်တတ်သော ရောဂါများမှာ "တောက်တဲ့မြီးရောဂါ"၊ စိုစွတ်အေးမြသောရာသီတွင် မီးခိုးရောင်မှိုမျှင်များစွဲကပ်ပြီး ရွက်ခြောက်စေသည့် "ဒေါင်းနီးမှိုရောဂါ"၊ အပင်ခြေပုပ်ပြီး အရွက်များလိမ်ကောက်သွားစေသည့် "ဂျိုလိမ်ရောဂါ" နှင့် ပျိုးပင်/အပင်ကြီးပိုင်းတွင် ဥပုပ်ခါးရိစေသည့် "ဥပုပ်/ခါးရိရောဂါ" တို့ ဖြစ်ကြပါတယ်။ ယင်းရောဂါများကို ကာကွယ်ရန်အတွက် မစိုက်ပျိုးမီ မျိုးစေ့ကို မှိုသတ်ဆေးလူးနယ်ခြင်း၊ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ စနစ်တကျပြုလုပ်ခြင်းနှင့် မြေဆောင်မှိုများအတွက် အကျိုးပြု ထရိုင်ကိုဒါးမား (Trichoderma) မှိုကို ထည့်သွင်းအသုံးပြုရပါမယ်။

47 လွန်ခဲ့သော ၉ နာရီ က

@Aung Myo Oo ကြက်သွန်မဟုပ်ပဲ ငရုပ်အကြောင်သိရမလားဗျ

You
16
လွန်ခဲ့သော ၁၂ နာရီ က · ယင်းမာပင်

အောက်တိုဘာလအတွက်စိုက်ရန်ဖြစ်သည်ဘောင်တင်စနစ်နဲ့စိုက်တာကောင်းသလား ဘောင်မဲ့မြေပြင်စိုက်တာကောင်းသလားဗျ မြေပြင်စိုက်ပီးဘယ်နှစ်ရက်သားရလျှင်ဘောင်တင်ရသလားဗျ ဘောင်တင်ရာတွင်ပင်စည်ဘယ်နှစ်လက်မလောက်တင်သင့်သလဲဗျ ကျေးဇူးပြု၍ဖြေပေးစေချင်တယ်

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၆ မိနစ် က

ဘောင်တင်စိုက်နည်းစနစ်က ပိုကောင်းပါတယ်။ မြေပြင်စဉ်ကတည်းက၊ ဘောင်အရင်ဖော်ရပါတယ်။ ဘောင်ပေါ်ကိုမှ ပျိုးပင်ချစိုက်ပါ။ဘောင်ကြားထဲကို ရေသွင်း၊အစာကျွေးပါ။

338,952 လွန်ခဲ့သော ၅ နာရီ က

အောက်တိုဘာလသည် ခရမ်းချဉ်စိုက်ပျိုးရန် အလွန်သင့်တော်သော ရာသီဖြစ်ပြီး မြေပြင်စိုက်ခြင်းထက် ဘောင်တင်စနစ်ဖြင့် စိုက်ပျိုးခြင်းက ရေစီးဆင်းမှုကောင်းမွန်ကာ မှိုရောဂါ ကာကွယ်နိုင်သဖြင့် ပိုမိုကောင်းမွန်ပါတယ်။ ခရမ်းချဉ်စိုက်ပျိုးရာတွင် အပင်စိုက်ပြီးမှ ဘောင်တင်ခြင်းမျိုး မဟုတ်ဘဲ စိုက်ဘောင်ကို ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်ပြီး၊ အသက် ၂၀ မှ ၂၅ ရက်သားရှိသော ပျိုးပင်များကိုအမြင့် ၆ လက်မမှ ၈ လက်မခန့်ရှိသော စိုက်ဘောင်ပေါ်သို့ ရွှေ့ပြောင်းစိုက်ပျိုးရပါမယ်။

You
ဖြေလည်သော အဖြေရရှိပြီး
77
လွန်ခဲ့သော ၁၅ နာရီ က · တပ်ကုန်း

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ပိုးမွှားရောဂါ စပါးပင်နှင့်အာဟာရ
338,952 လွန်ခဲ့သော ၁၄ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဧရာမင်းစပါး သက်တမ်း ၃ လ (ရက် ၉၀ ဝန်းကျင်) တွင် အောက်ခြေအရွက်များ ဝါရခြင်းမှာ အသုံးပြုထားသော ပိုးသတ်ဆေးနှင့် မှိုသတ်ဆေးများ စုံလင်နေပြီဖြစ်၍ ပိုးမွှားရောဂါကြောင့် မဟုတ်ဘဲ နိုက်ထရိုဂျင် သို့မဟုတ် ပိုတက်ရှ်ဓာတ် လိုအပ်ခြင်းနှင့် အပင် မှို့ကပ်ချိန် သဘာဝအလျောက် ရင့်ရော်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ပိုးဆေး/မှိုဆေး ထပ်မဖျန်းဘဲ အပင်အာဟာရဖြည့်တင်းရန်နှင့် စပါးနှံအောင်စေရန်အတွက် ပိုတက်ရှ်ဓာတ်မြင့်မားသော အရည်အသွေးကောင်း ရွက်ဖျန်းမြေသြဇာ (ဥပမာ - 15:15:30 သို့မဟုတ် 10:10:40) ကို အနည်းလိုအဟာရများနှင့် တွဲဖက်ကာ စပါးနှံမထွက်မီနှင့် ထွက်ပြူစအချိန်များတွင် ပက်ဖျန်းပေးသင့်ပြီး၊ လယ်ကွင်းအတွင်း ရေမပြတ်စေရန် ဂရုစိုက်ပေးရပါမယ်။ ပုံတင်မေးရင်တော့ ဒီထက်ပိုအကြံပြုနိုင်ပါလိမ့်မယ်၊ မြေဩဇာမကျွေးတော့ဘူးလား မေးပါရစေ။

338,952 လွန်ခဲ့သော ၁၃ နာရီ က

ပိုတက်ရှ်ကရောဂါဒဏ်ခံနိုင်ရည်ရှိပါတယ်။ မှိုသတ်ဆေးကိုတော့ ရောဂါကျမှသာ ညွှန်းပေးလေ့ရှိပါတယ်၊ ရောဂါကျမကျသိရရန် ပုံတင်ပြီးနောက်ရက်တွေမှာမေးနိုင်ပါတယ်၊ အကယ်၍မှိုဆေး‌ဖျန်းချင်တယ်ဆိုပါက ဧရာမင်းမှာအဖြစ်များသော ဂုတ်ကျိုး ရောဂါကာကွယ်ရန်အတွက် Azoxystrobin+ Difenoconazole ဖျန်းပေးနိုင်ပါတယ်

You
ဖြေလည်သော အဖြေရရှိပြီး
154
လွန်ခဲ့သော ၁၅ နာရီ က · စဉ့်ကူး

အရွက်ချဥ်ဖောက်ရယ်လုပ်တာ တင်လဲရည်ရယ် ဖရုံရွက်ရယ် ၁၅ရက်လောက်စိမ်တာ အဖုံးကိုလေလုံအောင်သီတင်းစာစက္ကူ၂ရွက်ထပ်ပီး တင်းနေအောင်ကြိုးနဲ့ချီပီးလုံအောင်ဖုံးထားရဲ့သားနဲ့ ဖွင့်ကြည့်လိုက်တော့ လောက်ကောင်လေးတေကျနေတယ် အဲ့ဒါပုံမှန်ပဲလား တစ်ခုခုမှားနေလို့လား အသုံးပြုလို့ရသေးလားဗျ

338,952 လွန်ခဲ့သော ၁၅ နာရီ က
ဤအဖြေဖြင့် ပြေလည်

အရွက်အချဉ်ရည် ပြုလုပ်စဉ်အတွင်း လောက်ကောင်များ တွေ့ရခြင်းသည် လုပ်ငန်းစဉ်တစ်ခုခုတွင် လေလုံအောင် ပိတ်ဆို့နိုင်မှု အားနည်းသွားခြင်း သို့မဟုတ် အဖုံးမပိတ်မီ ယင်ကောင်များ ဝင်ရောက်ဉချသွားခြင်းကြောင့် ဖြစ်နိုင်ပြီး ၎င်းသည် ပုံမှန်အခြေအနေမဟုတ်ပါဘူး။ အဆိုပါ လောက်ကောင်ကျနေသော အချဉ်ရည်တွင် မကောင်းသော ဘက်တီးရီးယားများနှင့် ရောဂါပိုးမွှားများ ပွားများနေနိုင်သဖြင့် သီးနှံပင်များတွင် ဆက်လက်အသုံးပြုရန် လုံးဝမသင့်တော်တော့ဘဲ သွန်ပစ်ရန် သို့မဟုတ် မြေဆွေးပုံထဲသာ ထည့်ရန် လိုအပ်ပါတယ်။ နောင်တွင် ဤသို့မဖြစ်စေရန် သတင်းစာစက္ကူဖြင့် ချည်ခြင်းထက် ရာဘာကွင်းပါသော လေလုံပလတ်စတစ်ပုံးကို သုံးခြင်း၊ အရွက်များကို အရည်ထဲမြုပ်အောင် အပေါ်မှ လေးလံသောအရာဖြင့် ဖိထားခြင်းနှင့် ပြုလုပ်စဉ်အတွင်း ယင်ကောင်မနားစေရန် အထူးဂရုစိုက်ခြင်းတို့ကို လုပ်ဆောင်ရပါမယ်။

338,952 လွန်ခဲ့သော ၁၅ နာရီ က

ဟုတ်ကဲ့၊ သွန်ပစ်မည့်အစားအပင်အနည်းငယ်ကို စမ်းသပ်ဖျန်းကြည့်ပါလားဗျ၊ စမ်းသပ်ဖျန်းပြီးလို့ အပင်ဒုက္ခမပေးရင်တော့သုံးစွဲလို့ရနိုင်ပါတယ် ဘေးကင်းချင်ရင်တော့ စိုက်ခင်းမြေဆီလွှာကိုဖျန်းပေးနိုင်ပါတယ်

You
265
လွန်ခဲ့သော ၁၆ နာရီ က · ထန်းတပင်

မတ်ပဲခုတ်ဖုံးကြဲတာဂျိုးငှက်တွေအုပ်လိုက်ဆင်းလာတာမတ်ပဲစေ့ဆင်းစားတာလား

စိုက်ပျိုးနည်း မတ်ပဲစိုက်ပျိုးနည်း
338,952 လွန်ခဲ့သော ၁၅ နာရီ က

မတ်ပဲကို ထွန်ရေးမပြင်ဘဲ ဖုတ်ခုတ်/ခုတ်ဖုံးစနစ်ဖြင့် ကြဲပက်ရာတွင် ပဲစေ့များသည် မြေပေါ်၌ ပေါ်နေတတ်သဖြင့် ငှက်များ အုပ်လိုက်ဆင်း၍ ကောက်စားနေခြင်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဤသို့ မျိုးစေ့များ ဆုံးရှုံးမှုကို ကာကွယ်ရန်အတွက် ကြဲပြီးချိန်တွင် ပဲစေ့များ မြေဖုံး/ရိုးပြတ်ဖုံးမိစေရန် ဂရုစိုက်ခြင်း၊ စိုက်ခင်းအတွင်း လေတိုက်လျှင် လှုပ်ရှားတောက်ပသော ပလတ်စတစ်စများ၊ အလူမီနီယံပြားများနှင့် ငှက်ခြောက်ရုပ်များ တပ်ဆင်ခြင်း၊လူအားဖြင့် ခြောက်ခြင်းဖြင့် ငှက်ဘေးအန္တရာယ်ကို ထိရောက်စွာ ကာကွယ်နိုင်ပါလိမ့်မယ်။

You
7
လွန်ခဲ့သော ၁၉ နာရီ က · ဘားအံ

ကြက်သွန် ဇွန်မွား ဥ မျိုး ရာ် ကြက်သွန်အစေ့မျိူးရယ် လိုချင်ပါတယ် မျိုးဥက ဆိုဒ်ဘယ်နှစ်မျိူးရှိမလဲ? တစ်ပိသာဈေးနှုန်းကဘယ်လောက်လဲ? မျိုးသန့်မျိုးဥ ကို ဘားအံမြို့အနီးနားမှာ စိုက်ပျိုးမျိုးထုပ်သူရှိက မှာယူချင်ပါတယ် ဈေးနှင့်တစ်ကွ လိပ်စာပေးပါ 09427601674ပါ

စိုက်ပျိုးစီးပွား ကြက်သွန်မျိုး
338,952 လွန်ခဲ့သော ၁၈ နာရီ က

အစိမ်းရောင်လမ်း၏ ဈေးတန်းကြီး ကဏ္ဍမှာလည်း ပို့စ်တင်မေးပေးပါဦး၊ အခြားအဆက်သွယ်ရှိသူများလည်း ဝင်ရောက်ဆွေနွေးဖြေကြားပေးကြပါဦးခင်ဗျာ

You
265
လွန်ခဲ့သော ၁၉ နာရီ က · ထန်းတပင်

TbL9မတ်ပဲမျိုးကို၁၁လပိုင်းလောက်ကြဲမယ်ဆိုအတင်ပြေနိုင်လား

338,952 လွန်ခဲ့သော ၁၉ နာရီ က

TBL-9 မတ်ပဲမျိုးသည် သက်တမ်း ၇၅-၈၅ ရက်သာ ကြာမြင့်သည့် သက်တမ်းတိုမျိုးဖြစ်ပြီး ဆောင်းသီးနှံအဖြစ် အောက်တိုဘာမှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သောကြောင့် ၁၁ လပိုင်း (နိုဝင်ဘာလ) တွင် ကြဲပက်စိုက်ပျိုးခြင်းသည် အဆင်ပြေရုံတင်မက အချိန်ကိုက်ဖြစ်၍ အလွန်သင့်တော်ပါတယ်။ စိုက်ပျိုးရာတွင် စပါးရိတ်သိမ်းပြီးစ လယ်မြေ၏ မြေအစိုဓာတ်ရှိနေစဉ် အမြန်ဆုံး ကြဲပက်ရန် လိုအပ်ပြီး၊ မျိုးစေ့မကြဲမီ မှိုရောဂါ ကာကွယ်ရန် မျိုးစေ့လူးနယ်ဆေး သုံးစွဲသင့်ပါတယ်။ ဤမျိုးသည် အဝါရောင်မိုစိတ်ဗိုင်းရပ်စ် (ပင်ဝါရောဂါ) ဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ဆောင်းရာသီတွင် စိတ်ချစွာ စိုက်ပျိုးနိုင်ပြီး အပင်သက်တမ်းအလိုက် အာဟာရနှင့် ပိုးမွှားများကို စနစ်တကျ စီမံခန့်ခွဲပါက အထွက်နှုန်း ကောင်းမွန်စွာ ရရှိနိုင်ပါတယ်။

You
265
လွန်ခဲ့သော ၁၉ နာရီ က · ထန်းတပင်

မတ်ပဲအပင်အထနှေးနေလို့အားဆေးဘယ်လောက်ဖျန်းဖျန်းထမလာဘူးဘယ်လိုအားဆေးမျိုးအဓိကဖျန်းရမလဲ တစ်ချို့နေရာတွေကျအားဆေးတစ်ကြိမ်ထဲအပင်အရမ်းအထမြန်ပါတယ်

338,952 လွန်ခဲ့သော ၁၈ နာရီ က

မတ်ပဲပင်များ အားဆေးမည်မျှဖျန်းသော်လည်း အပင်ထမလာဘဲ နေရာကွက်၍ ညှက်နေခြင်းမှာ မြေဆီလွှာ၏ အစိုဓာတ်မညီညာခြင်း (ရေဝပ်ခြင်း သို့မဟုတ် အစိုဓာတ်ပြတ်လတ်ခြင်း)၊ မြေဆီလွှာဖွဲ့စည်းပုံကွာခြားခြင်းနှင့် အမြစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် ဖြစ်နိုင်ပါတယ်။ ပဲပင်များ အာဟာရစုပ်ယူမှု ကောင်းမွန်စေရန် ဦးစွာ မြေအစိုဓာတ်ကို ထိန်းညှိပေးပြီး ပေါင်းမြက်များ ရှင်းလင်းရပါမယ်။ ထို့နောက် အပင်သက်တမ်းအလိုက် ကနဦးတွင် အမြစ်ပွားစေရန် ဟူးမစ်အက်ဆစ် (Humic Acid) နှင့် NPK 19:19:19 ရွက်ဖျန်းမြေဩဇာကို တွဲဖက်ဖျန်းပေးပြီး၊ ပန်းပွင့်ချိန်တွင် ကယ်လ်စီယမ်-ဘိုရွန်၊ အစေ့အဆံဖြည့်ချိန်တွင် ပိုတက်စီယမ်မြင့်မားသော ဆေးများကို နေအေးချိန်၌ စနစ်တကျ ပက်ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်လန်းဆန်းထွားကြိုင်းလာစေနိုင်ပါလိမ့်မယ်

You
386
လွန်ခဲ့သော ၂၀ နာရီ က · ယင်းမာပင်

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

ပိုးမွှားရောဂါ ထရိုင်ကိုဒါးမား
Post image
338,952 လွန်ခဲ့သော ၁၉ နာရီ က

ခရမ်းချဉ်ပင်ခြေတွင် တွေ့ရသော အဖြူရောင်မှိုမျှင်များသည် Trichoderma အကျိုးပြုမှိုဆေးဖျန်းပြီးနောက် ၁ ရက်မှ ၃ ရက်အတွင်း သဘာဝအတိုင်း ပုံမှန်စတင် ပေါက်ပွားလာသည့် အဆင့်ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ဤမှိုမျှင်များသည် နောက်ထပ် ၃ ရက်မှ ၅ ရက်အတွင်း ၎င်းတို့၏ မျိုးမှုန်များ ရင့်မှည့်လာသောအခါ အစိမ်းရောင် သို့မဟုတ် အစိမ်းပုပ်ရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပါလိမ့်မယ်။ သို့ဖြစ်ပါ၍ စိုးရိမ်ရန်မလိုဘဲ လောလောဆယ်တွင် ဓာတုမှိုသတ်ဆေးများ ထပ်မံဖျန်းခြင်း မပြုဘဲ အစိမ်းရောင်သို့ ပြောင်းလဲခြင်း ရှိ၊ မရှိနှင့် အပင်၏ ကျန်းမာရေး အခြေအနေကို ၃ ရက်ခန့် ထပ်မံစောင့်ကြည့်ပေးရန် အကြံပြုပါရစေခင်ဗျာ

You
ဖြေလည်သော အဖြေရရှိပြီး
2,147
လွန်ခဲ့သော ၂၂ နာရီ က · ပွင့်ဖြူ

ဧရာပဒေသာ၄ဧကစိုက်အစေ့​ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ

အပင်အာဟာရ စပါး
Post image
Post image
Post image
338,952 လွန်ခဲ့သော ၂၁ နာရီ က
ဤအဖြေဖြင့် ပြေလည်

ဧရာပဒေသာ စပါးသည် သက်တမ်း ၁၄၀-၁၄၅ ရက်ရှိသဖြင့် နောက်ဆုံးအကြိမ် မြေဩဇာကို သက်တမ်း ၉၅-၁၀၀ ရက်အတွင်း (စပါးဗိုက်လုံးပြီး အလံရွက်ထွက်ချိန်) တွင် ၄ ဧကလုံးအတွက်စပါးပင်အရောင်ကိုကြည့်ပြီး ပမာဏချင့်ချိန်ကာပုလဲသီးသန့်သာ နောက်ဆုံးထည့်ပေးရပါမယ်။ အနှံထွက်ပန်းပွင့်ချိန်တွင် မြေဩဇာ လုံးဝမကျွေးရပါဘူး။ လက်ရှိ ၈၅ရက် အတွက် စီစဉ်ထားသောနှုန်းထားက ကောင်းပါတယ်။ အပင်အရပ် ၃ ပေရှိသော အပင်သန်လွန်းသည့်နေရာများကို ပုလဲ (Urea) မကျွေးဘဲ ပိုတက်ရှ် သက်သက်သာ ကျွေး ပေးနိုင်ရင်ပိုကောင်းပါမယ်။ အပင် ၂ ပေခွဲရှိသော အကွက်များကိုသာ ပုလဲနှင့် ပိုတက်ရှ် မျှတစွာ ရောကျွေးပြီး၊ အပင်ညီညာကာ အနှံအောင်စေရန် ဖော့စဖရပ်နှင့် ပိုတက်ရှ်မြင့်မားသော ရွက်ဖျန်းအားဆေး (MKP 0-52-34) ကိုပါ နို့ရည်တည်ချိန်တွင်ပက်ဖျန်းပေးသင့်ပါတယ်။ အဓိကတော့ ၈၅ရက်လောက်မှာမှို့ကပ်ချိန်ရောက်‌တာမို့ ပိုတက်ရှ်မဖြစ်မနေထည့်သွင်းပေးရန်လိုအပ်ပြီး သက်တမ်း၉၅-၁၀၀တွင် အနှံမထွက်ခင်၇ရက်အလို သို့မဟုတ် ဖုံးလုံးချိန်ရောက်တာမို့ ပုလဲသီးသန့်သာ အပင်အခြေအနေကြည့်ပြီးထည့်သွင်းပေးရမှာပါခင်ဗျာ။ မှို့ကပ်ချိန် ၈၅ရက်နောက်ပိုင်း ကစ၍ ရေမပြတ်အောင်တော့သေချာလေးဂရုစိုက်ရတော့မှာပါခင်ဗျာ

2,147 လွန်ခဲ့သော ၁၄ နာရီ က

ကျေးဇူးပါဆရာ

You
ဖြေလည်သော အဖြေရရှိပြီး
69
လွန်ခဲ့သော ၁ ရက် က · ကျောက်တော်

မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ

အပင်အာဟာရ စပါး
338,952 လွန်ခဲ့သော ၂၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

၅၀ ကီလိုဝင် မြေဩဇာအိတ်ကြီးများအစား NPK ပါဝင်သော အရွက်ဖျန်းမြေဩဇာများကို စပါးရိတ်သိမ်းချိန်အထိ လုံးဝအစားထိုး သုံးစွဲရန် မသင့်တော်ပါဘူး။ စပါးပင် ကျန်းမာသန်စွမ်းပြီး အထွက်နှုန်းကောင်းရန်အတွက် မြေဆီလွှာမှတစ်ဆင့် ရယူရမည့် ပင်မအာဟာရဓာတ် (နိုက်ထရိုဂျင်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်) ပမာဏ အမြောက်အမြား လိုအပ်ပါတယ်။ အရွက်ဖျန်းမြေဩဇာများသည် အပင်က လျင်မြန်စွာ စုပ်ယူနိုင်သော်လည်း ပါဝင်သည့် အာဟာရပမာဏ နည်းပါးလွန်းသဖြင့် ဖြည့်စွက်အာဟာရအဖြစ်သာ သုံးသင့်ပြီး ပင်မမြေဩဇာအဖြစ် အပြည့်အဝ အစားမထိုးနိုင်ပါဘူး။ မြေဩဇာဈေးကြီးချိန်တွင် ကုန်ကျစရိတ်သက်သာစေရန် သဘာဝမြေဩဇာ (နွားချေး၊ ကြက်ချေး၊ ကောက်ရိုးဆွေး) ကို မြေခံအဖြစ် အလုံအလောက်သုံးပြီး၊ ပုလဲနှင့် ကွန်ပေါင်းမြေဩဇာကိုအပင်လိုအပ်ချိန်အလိုက် အချိန်ကိုက်လျှော့ကျွေးကာ အရေးကြီးသည့် မှို့ကပ်ချိန်နှင့် အနှံထွက်ချိန်များတွင် အရွက်ဖျန်းမြေဩဇာကို ဖြည့်စွက်ဖျန်းပေးခြင်းကသာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။

338,952 လွန်ခဲ့သော ၁၉ နာရီ က

ဓာတ်မြေဩဇာဈေးကြီးပြီး နွားချေးပါ မရနိုင်ပါက လယ်ကွင်းထဲတွင် အလွယ်တကူရှိနေသည့် ကောက်ရိုးများနှင့် သစ်စိမ်းမြေဩဇာများကို အကျိုးရှိရှိ အသုံးပြုရပါမယ်။ ရိတ်သိမ်းပြီး ကောက်ရိုးများကို မီးမရှို့ဘဲ အီးအမ် ကဲ့သို့ ဆေးများဖျန်း၍ မြေဆွေးအောင် ပြုလုပ်ပြီး ထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာကို အကြီးအကျယ် ပြုပြင်နိုင်ပါတယ်။ ထို့အပြင် စပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် ရက်ပေါင်း ၄၀-၄၅ တွင် မြေမြှုပ်ပေးပါက ယူရီးယားမြေဩဇာ အိတ်အနည်းငယ်စာ အာဟာရဓာတ်ကို အလကားရရှိနိုင်ပါတယ်။ နွားချေးအစား ကုန်ကျစရိတ်သက်သာပြီး သယ်ယူရလွယ်ကူသော အသင့်သုံး အော်ဂဲနစ်မြေဩဇာ (Organic Fertilizer) အိတ်များကိုလည်း အစားထိုးသုံးစွဲနိုင်ပြီး၊ ပင်မဓာတ်မြေဩဇာကို အနည်းဆုံး ပမာဏအထိ လျှော့ချကာ အရွက်ဖျန်းဆေးနှင့် စနစ်တကျ တွဲဖက်သုံးစွဲခြင်းဖြင့် အဆင်ပြေနိုင်ပါတယ်။

You
အစိမ်းရောင်လမ်း အက်ပ် ရယူပါ
317
လွန်ခဲ့သော ၁ ရက် က · ပုသိမ်

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

ပိုးမွှားရောဂါ စပါး
317 လွန်ခဲ့သော ၂၂ နာရီ က

ဆရာပြောတာအားရှိစရာပေါ့။

317 လွန်ခဲ့သော ၂၃ နာရီ က

ဆရာရဲ့ဓာတ်ပုံတင်အုံးလေချောသလား၊လှသလားလို့ပေါ့။အခြားဆရာတွေရဲ့ပုံကမြင်ဘူးတယ်။

You
243
လွန်ခဲ့သော ၁ ရက် က · ကျောက်ပန်းတောင်း

ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ

အပင်အာဟာရ ခရမ်းချဉ်
Post image
Post image
Post image
243 လွန်ခဲ့သော ၂၃ နာရီ က

ကျေးဇူးပါဗျ

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၁ ရက် က

မြေက သဲဆန်ပုံရတယ်။အစာထိန်းအားနည်းတော့၊ရာသီဥတုဒဏ်မခံနိုင်ပဲ အပင်မှိုင်နေတယ်။ရွက်ပြောက်တွေ့ရတယ်။ မိုးဆက်လိုက်ရင်၊septoria leaf spotဝင်နိုင်တယ်။ အောက်က အစာလည်းကျွေးပါ။ ကော့ပါးနဲ့ကာဆူမင် သို့မဟုတ် bismerthiazol တကြိမ်ဝင်ပါ။5ရက်ခြားပြီး၊azoxystrobin+difenoconazole တကြိမ်ဝင်ပါ။‌ဝိုင်ခွအောက်က အောက်ခြေကိုင်းပယ်ပါ။

You

မေးခွန်း

ဖြေလည်သော အဖြေရရှိပြီး
928
လွန်ခဲ့သော ၂ နှစ် က · တွံတေး

EMအပြင်းဖော်စပ်နည်းလေးမျှဝေပေးပါ

ဇီဝလုံခြုံမှုစနစ် ငါး
အတည်ပြုပြီး 13,001 လွန်ခဲ့သော ၂ နှစ် က
ဤအဖြေဖြင့် ပြေလည်
15,273 လွန်ခဲ့သော ၂ နှစ် က
928 လွန်ခဲ့သော ၂ နှစ် က

ကျေးဇူးပါဆရာ

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၂ နှစ် က

မူလအီးအမ် ကိုယ်တိုင်လုပ်ဖို့မလွယ်ပါဘူးဗျ။ ဂျပန်နိုင်ငံက တင်သွင်းကြရပါတယ်။ ကိုယ်တိုင်လုပ်တာ​တွေကလည်း အဆင့်မမီပါဘူး.. ​အောက်မှာဖတ်ကြည့်ပါ။အဲဒါ​တွေပါမှ မူလအီးအမ်ဖြစ်မှာပါ။ ပင်မအီးအမ် ရရှိဖို့အတွက် ၁။ လက်တစ်အက်ဆစ် ဘက်တီးရီးယား (Latic Acid Bacteria – LAB) ၂။ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယား (Phtotosyethesis Bacteria) ၃။ အကျိုးပြု တဆေးများ (yeast) ၄။ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုး (Actinomycetes) ၅။ အကျိုးပြုမှိုများ(fermenting fungi) တွေ လိုအပ်ပါတယ်။ ဒါတွေ အားလုံးပါမှ မူလအီးအမ် (Original EM) လို့ခေါ်တယ့် (EM-1) ကို ရရှိနိုင်မယ်လို့ စိုက်ပျိုးရေးပညာရှင်တွေက ပြောပါတယ်။ ၁။ လက်တစ်အက်ဆစ် ဘက်တီးရီးယားများ အကျိုးမပြုတဲ့ ဖျက်ပိုးအဏုဇီဝတွေနဲ့ ဖျူဇယ်ရီယမ် (Fusarium) လို မှိုဆိုးကိုလည်း နှိမ်နင်းနိုင်ပါတယ်။ သကြားဓာတ်တွေကို အချဉ်ဖောက်ခြင်းဖြစ်စဉ်တွေနဲ့ လက်တစ်အက်စစ်အသွင် ပြောင်းစေပြီး PH level ကို နှိမ့်ချခြင်း (ချဉ်စေခြင်း) နည်းနဲ့ အကျိုးမပြုတဲ့ ဖျက်ပိုးအဏုဇီဝဖျက်တွေကို နှိမ်နင်းပါတယ်။ ၂။ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားများ သူဟာ လေထုထဲ အောက်ဆီဂျင် ၂၁ ရာနှုန်းအောက် လျော့နည်းတဲ့အချိန်မှာ အသက်ရှင်နိုင်ပြီး၊ အလင်းနဲ့ အစာချက်တဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ အပင်တွေလို ရေကို အသုံးမပြုဘဲ မြေဆီလွှာအတွင်းက အဆိပ်ဖြစ်တဲ့ ဒြပ်ပေါင်းတွေနဲ့ တခြားအော်ဂဲန်နစ်ရုပ်ကြွင်းတွေ၊ အပင်ရဲ့ အမြစ်မှာ စိမ့်ထွက်တဲ့ အာဟာရဓာတ်တွေကို အသုံးချပြီးတော့ အပင်တွေ တိုက်ရိုက်စားသုံးနိုင်တဲ့ အကျိုးရှိတဲ့ အစာအာဟာရတွေကို ထုတ်ပေးပါတယ်။ အကျိုးပြု ဘက်တီရီးယားတွေ၊ မှိုတွေနဲ့လည်း အပြန်အလှန် အကျိုးပြုပြီး အတူရှင်သန်နိုင်ပါတယ်။ ၃။ အကျိုးပြု တဆေး (ပေါင်မုန့်ဖုတ်တဲ့နေရာမှာ သုံးတဲ့တဆေး) တဆေးမှာ ပါတဲ့ ဘက်တီးရီးယားတွေဟာ အပင်အတွက် အကျိုးပြုဟော်မုန်းနဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ခြင်းကိစ္စတွေမှာ ပါဝင်ပတ်သက်ပါတယ်။ တဆေးဟာ လက်တစ်အက်ဆစ်နဲ့ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုးတွေကို အထောက်အပံ့ပေးတဲ့ အစာလည်း ဖြစ်ပါတယ်။ သူဟာ သကြားဓာတ် ကြွယ်ဝတဲ့ အပင်ရဲ့ ဝတ်ရည်၊ အသီး၊ အပွင့်တွေမှာ ရှိတတ်ပါတယ်။ ၄။ အက်တီနိုမိုင်ဆီးတီးစ်မှိုမျိုးများ သူဟာ အပင်ကို ဒုက္ခပေးတတ်တဲ့ မှိုနဲ့ ဘက်တီးရီးယားတွေကို နှိမ်းနင်းပြီး တခြားအကျိုးပြု ဘက်တီးရီးယားတွေနဲ့ ယှဉ်တွဲနေထိုင်နိုင်ပါတယ်။ ၅။ အကျိုးပြုမှိုများ သူကတော့ အော်ဂဲန်နစ်ရုပ်ကြွင်းတွေ အချဉ်ဖောက်ခြင်းလုပ်ငန်းစဉ်ကို လျင်မြန်စေပြီး ဖျက်ပိုးအင်းဆက်တွေနဲ့ အနံ့ဆိုးတွေကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ ဒီဘက်တီးရီးယား ၃ မျိုးနဲ့ မှို ၂ မျိုး စုစုပေါင်း ၅ မျိုးထဲမှာ အုပ်စု ၂ ခုခွဲပြီး ပင်မအီးအမ် (Orginal EM – OEM) ကို ဖော်စပ်ယူနိုင်ပါတယ်။

928 လွန်ခဲ့သော ၂ နှစ် က

မူလအီးအမ်ကိုကြတော့ဘယ်လိုပြုလုပ်ရပါသလဲဆရာထပ်ပြောပြပေးအုံးဆရာ

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၂ နှစ် က

အီးအမ်အပြင်း (CEM)ပြုလုပ်ဖို့အတွက် မူလအီးအမ်(OEM).1လီတာ လိုအပ်ပါတယ်။ ပြုလုပ်နည်းက​တော့.. CEM ခေါ် အီးအမ်အပြင်းပြုလုပ်နည်း ၁။ရေသန့် ၉လီတာထဲသို့ တင်လဲရည် တစ်လီတာကို ထည့်ပြီးသမအောင်မွှေပါ။ တင်လဲရည်အနည်မထိုင်စေရပါ။ ၂။ရေပိုက်ခေါင်းပါသော လီတာ ၂၀ ရေပုံးထဲသို့ တင်လဲရည်နှင့်စပ်ထားသောရေကိုထည့်ပါ။ ၃။EM 1 (ခေါ်) အော်ရီဂျင််နယ်လ်အီးအမ် တစ်လီတာထည့်ပါ။ ၄။ရေသန့် ၉လီတာထပ်ထည့်ပါ။ ၅။အဖုံးလုံအောင်ပိတ်ပြီးတစ်ပတ်ထားပါ။ ၆။အသုံးပြုရန်မှာ ယေဘူယျ ၁:၁၀၀ ဖြစ်သည်၊ ၁ဝလီတာဆန့်ရေဖျန်းကရားတွင် တစ်လီတာရေသန့်ဗူး၏ဆယ်ချိုးတစ်ချိုးသာထည့်ပါ။

928 လွန်ခဲ့သော ၂ နှစ် က

Emအပြင်းဖော်စပ်နည်းနား​လည်အောင်ပြောပြပေးပါလားဆရာ

928 လွန်ခဲ့သော ၂ နှစ် က

ဆရာချပေးတဲ့လင့်ကမရဘူး

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၂ နှစ် က

အီးအမ်(EM)အမျိုးအစား ဘယ်နှစ်မျိုးရှိတယ်ဆိုတာ မပြောခင် ပထမဆုံးအနေနဲ့ အီးအမ်(EM) က ဘာလဲဆိုတာကို ပြောပြလိုပါတယ်။  အီးအမ်(EM) ဆိုတာ အကျိုးပြုအဏုဇီဝ(Effective Microorganisms) လို့ခေါ်ပါတယ်။ အီးအမ်(EM)ဖျော်ရည် ဆိုတာကတော့ သီးနှံပင်တို့ရဲ့ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိမှုနဲ့ သီးနှံအရည်အသွေးကို မြင့်မားစေနိုင်တဲ့ အကျိုးပြုအဏုဇီဝ မျိုးစိတ်တွေကို အဆင့်မြင့် နည်းပညာများသုံးပြီး စနစ်တကျ စုပေါင်းမွေးမြူဖော်စပ်ထားတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။  အီအမ် (EM) အမျိုးအစားကတော့ (၄) မျိုးရှိတယ်။ အဲဒီ (၄) မျိုးတွေကတော့ - ပင်မအီးအမ် (Original EM, OEM) - အီးအမ်အပြင်း (EM Concentrate, CEM) - အသင့်သုံးအီးအမ် (Instant EM)  -အီးအမ် - ၅ (EM-5) တို့ဖြစ်ပါတယ်။  ပင်မအီးအမ် (Original EM, OEM) ပင်မအီးအမ် ဖျော်ရည်ကတော့ ဝါညိုရောင်ရှိပြီးတော့ နှစ်သက်ဖွယ်အနံ့နဲ့ ချိုချဉ်အရသာ ရှိပါတယ်။ ပင်မအီးအမ်ရဲ့သက်တမ်းဟာ တစ်နှစ်အထိ အာနိသင်ရှိပါတယ်။ အီးအမ်အပြင်း (EM Concentrate) အီးအမ်အပြင်းရဲ့ သက်တမ်းကတော့ (၆) လ အထိ အာနိသင်ရှိပါတယ်။ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အီးအမ်တွေ အများစုဟာ အီးအမ်အပြင်းတွေဖြစ်ကြပါတယ်။  အသင့်သုံးအီးအမ် (Instant EM) စိုက်ခင်းတွင် တိုက်ရိုက်အသုံးပြုနိုင်တဲ့ အီးအမ်အဆင့်ဖြစ်ပါတယ်။ အသင့်သုံးအီးအမ်ရဲ့ သက်တမ်းကတော့ ရာသီဥတုပေါ်မူတည်ပြီးတော့ (၇) ရက်ကနေ (၁၀) ရက်ထိ အာနိသင်ရှိပါတယ်။ အေးတဲ့ရာသီဥတုမှာပိုပြီးတော့ ကြာရှည်ခံပါတယ်။ အသင့်သုံးအီးအမ်ကို မြေဆွေးပြုလုပ်ရန်အတွက်သော်လည်းကောင်း၊ သီးနှံစိုက်ခင်းများပေါ်သို့ တိုက်ရိုက် ပက်ဖျန်းရန်အတွက်သော်လည်းကောင်း၊ မြေကြီးပေါ်သို့ ရေပန်းခရားဖြင့်ဖျန်းပက်ရန်အတွက်သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ အီးအမ်ဖျော်ရည်ရဲ့ ချဉ်ငံဓါတ်ကတော့ (၃.၅) မှ အောက်ဖြစ်ပါတယ်။ အီးအမ်ဖျော်ရည်များ ချဉ်ငံဓါတ် (၄) အထက်ရှိလာပြီး အပုပ်နံ့နဲ့ အနံ့ဆိုးတွေထွက်လာပါက အီးအမ်ဖျော်ရည်ပျက်စီးသွားပြီဖြစ်တဲ့အတွက် အသုံးပြုဖို့အတွက် မသင့်တော်တော့ပါဘူး။ အီးအမ်ဖျော်ရည်တွေကို ထည့်တဲ့အခါမှာ ပလပ်စတစ်ပုလင်း၊ ဖန်ပုလင်း၊ စဉ့်အိုး တွေကိုပဲ အသုံးပြုသင့်ပါတယ်။ သံ/သတ္တုပုံးတွေမှာ ထည့်ဖို့မသင့်တော်ပါဘူး။ အီးအမ် - ၅ (EM-5) အီးအမ်-၅ ကို အင်းဆက်ပိုးများနဲ့ ရောဂါများကို ကာကွယ်တဲ့အနေနဲ့အသုံးပြုနိုင်ပါတယ်။ အထူးသဖြင့် အီးအမ်-၅ သည် အင်းဆက်တွေရဲ့ အစားအစာကို စားသောက်၍မရတဲ့ အညစ်အကြေးတွေအဖြစ် ပြောင်းလဲလိုက်တဲ့အတွက် အင်းဆက်တွေဟာအစာမစားနိုင်တော့ပဲ တဖြည်းဖြည်းနဲ့ အရေအတွက်တွေ လျော့နည်းသွားစေပါတယ်။ အင်းဆက်တွေကိုတိုက်ရိုက် သေစေနိုင်တဲ့ ဆေးမဟုတ်ပါဘူး။ ဒါကတော့ အီးအမ် (EM)အမျိုးအစားနဲ့ပတ်သက်ပြီးတော့ မျှဝေပေးထားခြင်းဖြစ်ပါတယ်။ နောက်လည်း အီးအမ် (EM) နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာတွေကို မျှဝေပေးသွားပါဦးမယ်။ တောင်သူဦးကြီးများနဲ့ စိုက်ပျိုးရေး ဝါသနာရှင်များ အကျိုးကျေးဇူး တစ်စုံတစ်ရာ ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုးကား - အရည်အသွေးကောင်းသော မြေဆွေးများ ပြုလုပ်သုံးစွဲခြင်း (FSWG), ပါမောက္ခဒေါက်တာမြင့်လွင်

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၂ နှစ် က
928 လွန်ခဲ့သော ၂ နှစ် က
928 လွန်ခဲ့သော ၂ နှစ် က

မရဘူးဖွဈနတေယျ

အတည်ပြုပြီး 1,115,016 လွန်ခဲ့သော ၂ နှစ် က

စာ​ကြောင်း​လေးကိုနှိပ်ပြီးဖတ်ပါ၊ရမှာပါ

928 လွန်ခဲ့သော ၂ နှစ် က

ကြည့်မရဘူး

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။