အကျိုးပြုအဏုဇီဝမြေဩဇာ (အီးအမ်)ပြုလုပ်နည်း (၄) နည်း

19/04/2022 11:00 AM တွင် Agriculturalist K.S Agriculturalist K.S မှ ရေးသား

ယခုနောက်ပိုင်းမှာ EM (အီးအမ်)ဖျော်ရည်ကို မြေဆွေးပြုလုပ်ရာတွင်လည်းကောင်း၊ သဘာဝ မြေသြဇာရည် ပြုလုပ်ရာတွင်လည်းကောင်း၊ မွေးမြူရေးတွင်လည်းကောင်း၊ အနံဆိုးများ ဖယ်ပျောက် ရာတွင် လည်းကောင်း တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။

EM ဖျော်ရည်ကို အလွယ်ဝယ်ယူနိုင်သော်လည်း အကြီးအကျယ် စိုက်ပျိုးရေးကို တစ်ကယ် လုပ်တော့မယ်ဆိုရင် ကိုယ်တိုင်ပြုလုပ်သုံးစွဲမှ တွက်ချေကိုက်ပေလိမ့်မယ်။ EM ကို ပြုလုပ်နိုင်တဲ့ နည်းလမ်းများစွာရှိတဲ့ အပြင် တစ်မျိုးနဲ့တစ်မျိုး ပါဝင်ပစ္စည်း မတူတဲ့အတွက် အာနိသင်ကွာခြားမူ အနည်းငယ် ရှိပါတယ်။

ပထမနည်း

ပါဝင်ပစ္စည်းများ

(၁) သင်္ဘောသီး          = ၅၀ သား ဝန်းကျင်

(၂) ငှက်ပျောသီး         = ၅၀ သား ဝန်းကျင်

(၃) ရွှေဖရုံသီး            = ၅၀ သား ဝန်းကျင်

(၄) ကြက်ဥ               = ၃-လုံး

(၇) ဖွဲနု = ၁- ပိဿာ

(၈) တင်လဲရည်    = ၂ ပိဿာ

(၉) ရေ                  = ၅လီတာ ဝန်းကျင်

(၁၀) ရေ ၈ ဂါလံဆန့် ပလပ်စတစ်ပုံး (သို့) စဥ့်အိုး

 

ပြုလုပ်နည်းအဆင့်ဆင့်

(၁) ငှက်ပျေားသီး၊ သင်္ဘောသီး၊ ရွေဖရုံသီး၊ တို့ကို ဓါးဖြင့်ပါးပါးလှီးပါ။(အမှည့်ဖြစ်ရ) အခွံများပါ ထည့်ရပါတယ်။ အသီးများကို ရေမဆေးရပါ။ (အသီးတွင်ကပ်နေသော အကျိုးပြုပိုးများကို ရေနဲ့ ဆေးလိုက်သလို ဖြစ်တက်တာကြောင့်)။ ပြီးနောက် ပါဝင်ပစ္စည်းအားလုံး ထည့်ပါ။

(၂) ပလက်စတစ်အိတ်အကြည်ဖြင့် လုံအောင်အုပ်၍ စည်းထားပါ။ အိုးကို အရိပ်ရဲ့ အေးသောနေရာ၌ ထား ပေးပါ။ ၂ရက်တစ်ခါ အိုးကို ဖွင့်ပြီး မွှေပေးပါ။ ၁ပတ်၊ ၂ပတ်ကြာသော် အဖြူရောင်မှိုများ အနည်း ငယ်တက်နေပါလိမ့်မယ်။ ၁၅ ရက်ခန့်ဆို ပိတ်ပါး စဖြင့် စစ်ယူပြီး ဘူးတစ်ဘူးထဲ ထည့် ထားပါ။ ဒီနည်းဖြင့်ပြုလုပ်ထားတဲ့ EM ဖျော်ရည်က ၆ လ ကျော်သွားပါက အာနိသင် နည်းသွား တက်ပါတယ်။

 

ဒုတိယနည်း

ပါဝင်ပစ္စည်းများ

(၁) ဝါးရုံမြေအောက် မြေကြီး   = ၅ ကျပ်သား

(၂) လက်ဆက်သောနွားသေး = ၁ လီတာ

(၃) လက်ဆက်သောနွားချေး   = ၆၀ သား

(၄) ပဲစိမ်း                           = ၁၅ ကျပ်သား

(၅) တင်လဲရည်                   = ၃၀ သား

(၆) ရေ                             = ၄ ဂါလန်

ပြုလုပ်နည်း

(၁) အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ရောမွေပြီး စဥ့်အိုးထဲ၌ ရက် ၃၀ခန့်ထားပါ။

(၂) အိုးအဖုံးလုံအောင် ပိတ်ရပါမယ်။ ၂ ရက်တစ်ခါ အဖုံးဖွင့်ပြီး မွေပေးရပါမယ်။ သတိပြုရန်အချက်သည် အိုး၏ တစ်ဝက်ခန့်ကို လေဟာနယ်ဖြစ်အောင် ထားပေးရမှာပဲဖြစ်ပါတယ်။ (အိုးကို ပြည့်နေအောင် မထည့်ပဲ တစ်ဝက်ခန့် ပဲထည့်ပေးခြင်းဖြင့် လေဟာနယ်အဖြစ် ထားပေးနိုင်ပါတယ်။)

(၃)  အိုးကို အရိပ်ထဲ အေးပြီး ခြောက်သွေ့တဲ့ နေရာတွင် ထားရပါမယ်။ ရက်၃၀ပြည့်လျှင် ပိတ်ပါးနှင့် စစ်ယူပြီး အလုံပိတ်ဘူးထဲ ထည့်ကာ သိုလောင်နိုင်ပါတယ်။ 

တတိယနည်း

ပါဝင်ပစ္စည်းများ

(၁) အုန်းစိမ်းနုနုအရည် = ၄ လုံး

(၂) ပဲငန်ပြာရည်           = ၃ ဇွန်း (ထမင်းစားဇွန်း)

(၃) နို့ချဥ်ရည်            = ၃၀၀ စီစီ

(၄) လော်စာတုံး           = ၁ တုံး (သို့) တဆေး                = ၂ ဇွန်း (ထမင်းစားဇွန်း)

ပြုလုပ်နည်း

 

(၁) အားလုံးကိုရောပြီး အလုံပိတ်ဘူးထဲ ၇ရက်ခန့် ထားပေးပါ။

(၂) ၇ရက် ပြည့်လျင် အကျိုးပြုအဏုဇီဝဖျော်ရည် EM ဦးရည်ရပါပြီ။

 

စတုတ္ထနည်း

ပါဝင်ပစ္စည်းများ 

(၁) အုန်းသီးရင့်ရင့်အရည်          = ၄လီတာ

(၂) တင်လဲရည်                           = ၁ ပိသာ

ပြုလုပ်နည်း

အုန်းရည်၊ တင်လဲရည်ကို ရောပြီး ပုံးထဲထည့်ပြီး အလုံပိတ်ထားပါ။ ရက် ၃၀ ပြည့်ရင် ရလာတဲ့အရည်က EM ဖြစ်ပါတယ်။

ဒီနည်းက နည်းအားလုံးမှာ ကုန်ကြမ်းအနည်းဆုံးနဲ့ အလွယ်ဆုံး နည်းတစ်နည်းပဲဖြစ်ပါတယ်။ 

 

အထက်ပါနည်းတွေနဲ့ ပြုလုပ်ထားတဲ့ အီးအမ်ဦးရေကို ပြန်ပွားယူပေးရပါမယ်။ သို့မှသာ အကျိုးပြုအဏုဇီဝပျော်ရည် အမြောက်အမြား ရရှိမှာပဲဖြစ်ပါတယ်။

အထက်ပါမူလအီးအမ်ကို EM1 ၊ OEM ၊ ပင်မအီးအမ်လိုလည်းခေါ်ကြပါတယ်။

သက်တမ်းကလည်း တစ်နှစ်လောက်အထိခံပါတယ်။

 အီးအမ်ပွားနည်းကတော့ ဦးရည် ၃ လီတာ၊ ရေ ၁၀ ဂါလန်၊ တင်လဲရည် ၃၀ သား၊ ပဲဆီ ၃၅၀ စီစီကို ပုံးတစ်ပုံးထဲ အဖုံးပိတ်ပြီး ၁၅ ရက်ခန့်ထားပါ။ 

 

ဒါဆိုရင် အကျိုးပြုအဏုဇီဝပိုးတွေ အများအပြား ပွားနေတဲ့ EM ဖျော်ရည်ကိုရရှိပါပြီ။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်