အစိမ်းရောင်လမ်း
41
လွန်ခဲ့သော ၃၆ မိနစ် က · ဆော

ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
You
လွန်ခဲ့သော ၃၇ မိနစ် က · ဘားအံ

ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ

မွေးမြူနည်း ဝက်
Post image
You
2
လွန်ခဲ့သော ၁ နာရီ က · ဆီဆိုင်

ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ

စိုက်ပျိုးနည်း ကော်ဖီ
You
လွန်ခဲ့သော ၁ နာရီ က · တံတားဦး

မြေပဲပင်လေးတေကဝါနေလို့ဘာဆေးသုံးသင့်ပါသလဲရှင့်

ပိုးမွှားရောဂါ မြေပဲ
Post image
You
140
လွန်ခဲ့သော ၂ နာရီ က · ကျုံပျော်

ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံးရမယ်ဆေးေတွညွှန်းေပးပါအုံး ဒိုင်မီသိုေမာ့နဲ့ကလိုရိုသာလိုေနးအရောေတာ့ဖျန်းထားတယ်နှစ်ရက်ရှိပြီ

ပိုးမွှားရောဂါ ကွမ်း
You
2
လွန်ခဲ့သော ၄ နာရီ က · မင်္ဂလာတောင်ညွန့်

ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ

မွေးမြူနည်း ငါး
270,081 လွန်ခဲ့သော ၃ နာရီ က
You
1,235
လွန်ခဲ့သော ၂၀ နာရီ က · ဟင်္သာတ

ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်

စိုက်ပျိုးစီးပွား စပါး
270,081 လွန်ခဲ့သော ၁၉ နာရီ က

မြန်မာနိုင်ငံတွင် ဘာစမာတီ (Basmati) စပါးသည် အဓိကအားဖြင့် ပြည်ပပို့ကုန်နှင့် ဟိုတယ်/စားသောက်ကုန်လုပ်ငန်းသုံး အထူးပြုစပါးအမျိုးအစားဖြစ်သဖြင့် သာမန်စပါးများကဲ့သို့ လမ်းဘေးအဝယ်ဒိုင်တိုင်းတွင် အရောင်းအဝယ်မရှိဘဲ ဝယ်လက်ကန့်သတ်ချက်ရှိပါတယ်။ လက်ရှိတွင် ရာသီအလိုက် အဝယ်အေးချိန်ဖြစ်ခြင်းနှင့် ပို့ကုန်မူဝါဒအပြောင်းအလဲများကြောင့် ဝယ်လက်နည်းပါးနေခြင်းဖြစ်ပါတယ်။ တောင်သူများအနေဖြင့် ဈေးနှိမ်ခံရခြင်းမှ ကာကွယ်ရန် စပါးကို စနစ်တကျ အခြောက်ခံသိုလှောင်ပြီး ရန်ကုန် ဘုရင့်နောင် သို့မဟုတ် မုံရွာကုန်စည်ဒိုင်ရှိ ပို့ကုန်သမားများနှင့် ဆန်စက်ကြီးများထံ တိုက်ရိုက်ချိတ်ဆက်ခြင်း၊ သို့မဟုတ် အစိမ်းရောင်လမ်းနှင့် အွန်လိုင်းစိုက်ပျိုးရေးအဖွဲ့များမှတစ်ဆင့် တိုက်ရိုက်ဝယ်လက် ရှာဖွေရောင်းချသင့်ပါတယ်။ဈေးတန်းကြီးမှာပို့စ်တင်မေးကြည့်ပါဦးခင်ဗျာ။

You
653
လွန်ခဲ့သော ၂၀ နာရီ က · တွံတေး

ရောဂါမဖြစ်သေးဘဲ မှိုဆေးဖြန်းလို့ရလားခင်ဗျ

ပိုးမွှားရောဂါ သခွား
Post image
3,143 လွန်ခဲ့သော ၃ နာရီ က

@KoShwePhyuAung ဒါက ဖေ့ဘုတ်မဟုတ်ပါဘူး။ ဒီလိုတွေ ပေါက်ကရ မပြောပါနဲ့ဗျ။ @admin ရေ ဖြုတ်ချပေးပါ။

672 လွန်ခဲ့သော ၁၉ နာရီ က

လီးနဲ့ထိုးပါ😀

You
61
လွန်ခဲ့သော ၂၁ နာရီ က · ပြင်ဦးလွင်

ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ

ပိုးမွှားရောဂါ ပြောင်း
270,081 လွန်ခဲ့သော ၁၉ နာရီ က

Azoxystrobin+ Difenoconazole ဖျန်းပါ

You
ဖြေလည်သော အဖြေရရှိပြီး
372
လွန်ခဲ့သော ၂၃ နာရီ က · ပြည်

စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ

အပင်အာဟာရ စပါး
Post image
Post image
Post image
အတည်ပြုပြီး 1,103,667 လွန်ခဲ့သော ၆ နာရီ က
ဤအဖြေဖြင့် ပြေလည်

အမြစ် နာနေတဲ့သဘောပါ။ ပိုတက် သို့မဟုတ် k Humic နဲ့ဂျစ်ဆန်ကို ၊ရေထုတ်/ရေခါပြီးပက်ပါ။ ၃ရက်နေမှ ရေပါးပါးပြန်ထည့်ထားပါ။

270,081 လွန်ခဲ့သော ၁၉ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံပါမြင်ရ‌သလောက်တော့ အဟာရလိုအပ်နေတာပါ၊ပုလဲကျွေးထားပါရက်နဲ့ဝါနေရင်တော့ ပိုတက်ရှ်အိတ်ဝက်ဂျစ်ဆမ်တစ်အိတ်ကျဲပေးပါဦး

You
ဖြေလည်သော အဖြေရရှိပြီး
7,532
လွန်ခဲ့သော ၁ ရက် က · ချောက်

ဆရာခင်ဗျ ခရမ်းချဥ်နဲ့ ခရမ်းခေါင်းအတွက် ဆေးဖျန်းချင်လို့ပါခင်ဗျ ဘာအရောအရင်ဖျန်းရမယ်မသိလို့ပါ မန်ကိုဇက် မိုနိုကေး ဒဘလယ် ပိုးဆေးနှစ်မျိုးလုံးထည့်ရမလား တစ်မျိုးဆီပဲအရင်သွားရမလား အဲ့မှိုဆေးနဲ့ပိုးဆေးတွေရောလို့ရလားဆရာ ဒဘလယ်လဲ ထည့်ချင်တယ် ခရမ်းသီး သီးလုံးဖောက်မှာစိုးလို့ အရင်ရှေ့တစ်ပတ်က ပီဖိုလန် ဆိုင်လာ ကောင်းသုခ ၁ အတာတွေ ဖျန်းထားပါတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
အတည်ပြုပြီး 1,103,667 လွန်ခဲ့သော ၂၃ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပိုးအတွက် ပိုအရေးကြီးတာဆိုရင်၊ပိုးသတ်ဆေးကို အရင်ဖျန်းလိုက်ပါ။ ၅ရက်ခြားပြီးမှ မန်ကိုဇက်ဖျန်းလိုက်ပါ။

7,532 လွန်ခဲ့သော ၂၃ နာရီ က

ဟုတ်ဆရာတို့ခင်ဗျ ကျေးဇူးအထူးပါခင်ဗျ

You
15
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

စပါခွံနှင့်ကောက်ရိုးမှိုစိုက်နည်း

စိုက်ပျိုး ဗဟုသုတ မှို (ကောက်ရိုးမှို)
270,081 လွန်ခဲ့သော ၂၃ နာရီ က
အတည်ပြုပြီး 318,718 လွန်ခဲ့သော ၁ ရက် က

စပါးခွံချည်းပဲတော့ ကောက်ရိုးမှိုစိုက်ဖို့ မလွယ်ပါဘူး။ အဓိကအကြောင်းအရင်းက စပါးခွံမှာ ရေကိုစုပ်ယူထားနိုင်စွမ်းနည်းတာရယ် ေကာက်ရိုးလိုမျိုး မှိုပေါက်ဖွားဖို့ အဟာရပိုင်းနည်းတာကြောင့်ပါ။ ဒါကြောင့် စပါးခွံထက် ကောက်ရိုးနဲ့စိုက်ဖို့ အကြံပြုလိုပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးနည်း

You
399
လွန်ခဲ့သော ၁ ရက် က · စဉ့်ကူး

စပါးပင်တေ‌ွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ‌ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေးရောပြောပေးပါဦး စပါးပင်ကရောဘာဖစ်တာလဲပြောပေးပါဦး

အပင်အာဟာရ စပါး
Post image
270,081 လွန်ခဲ့သော ၂၃ နာရီ က

စပါးခင်း တစ်ပြင်လုံး ဝါနေခြင်းမှာ ပိုးမွှားကြောင့်ထက် နိုက်ထရိုဂျင်နှင့် ဆာလဖာ (ကန့်) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် မြေကျပ်၍ အမြစ်များ အောက်ဆီဂျင် မရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မေးခွန်းပါ နောက်ချေး၊ မြေဆီနှင့် ထုံးတို့ကို တပြိုင်နက် ရောစပ်ကျွေးပါက ဓာတုဓာတ်ပြုပြီး နိုက်ထရိုဂျင်ဓာတ်များ လေထဲလွင့်ပျံ ဆုံးရှုံးသွားမည်ဖြစ်၍ လုံးဝ အဆင်မပြေပါဘူး။ ထုံးကို အသုံးပြုလိုလျှင် မြေပြင်ချိန်ကတည်းက ၁ ပတ်မှ ၂ ပတ်ခန့် ကြိုတင်နှပ်ထားရပါမယ်။ လက်ရှိအခြေအနေတွင် စပါးခင်းကို ရေခေတ္တထုတ်ပေးပြီး ပုလဲနှင့် ဂျစ်ပဆမ် မြေဩဇာ ရောစပ်ပက်ကြဲပေးခြင်း၊ အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်စိမ်းလန်းလာစေနိုင်ပါတယ်။

အတည်ပြုပြီး 318,718 လွန်ခဲ့သော ၂၃ နာရီ က

ထုံးက မြေမပြင်ခင် ၁ လလောက် ကြိုနှပ်ထားမှသာ မြေကြီးရဲ့ ချဉ်ငန်ဓာတ်ကို ပြင်ပေးနိုင်ပါတယ်။ ပကန်ပေါက်နေတဲ့ စပါးခင်းမှာတော့ ထုံးပက်ပေးခြင်းဖြင့် သက်သာစေတာတွေ တွေ့ရပါတယ်။ မြေသြဇာအနေနဲ့ဆိုရင်တော့ နွားချေးနဲ့ မြေဆီ/ ပုလဲကို ရေအနည်းငယ်နဲ့ တစ်ည ကြိုနှပ်ထားပေးပါ။ အောက်မှာ တာလပတ်ခင်းပြီး နွားချေးပုံပေးပါ။ ပြီးရင် ပုလဲထည့် ရေပက်ပေးပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးရင် အပေါ်ကနေ အိတ်နဲ့ အုပ်ထားပေးပြီး တစ်ည နှပ်ထားပေးပြီး နောက်ရက် စပါးခင်းထဲ ကြဲပက်ပေးနိုင်ပါတယ်။ ဒီနည်းက နိုက်ထရိုဂျင်ဓာတ်တွေ အငွေ့ပျံ့တာ၊ စီးဆင်းရေနဲ့ မျှောပါသွားတာ၊ မြေကြီးအောက်ကို စိမ့်ဝင်ပြီး ဆုံးရှုံးသွားတာတွေကို သက်သာစေပါတယ်။ တစ်ခုသတိထားရမှာက နွားချေးက ဆွေးမြေ့ပြီးသား နွားချေးသုံးပေးပါ။ မဆွေးမြေ့ပါက ပေါင်းတွေ ပေါက်လာနိုင်သလို နွားချေးဆွေးမြေ့တဲ့အချိန် ထွက်လာတဲ့အပူတွေက စပါးပင်ကို ထိခိုက်နိုင်ပါတယ်။

You
ဖြေလည်သော အဖြေရရှိပြီး
78
လွန်ခဲ့သော ၁ ရက် က · ဘီးလင်း

ခရမ်းချဥ်အတွက်မြေခံမှာတီစူပါနဲ့DAPဘယ်ဟာထည့်ရင်ကောင်းလဲDAPထည့်ရင်Nဓာတ်ကအပင်မစားသုံးနိုင်ခင်မှာဆုံးရှုံးသွားမှာလား

အပင်အာဟာရ ခရမ်းချဉ်
2,927 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

တီစူပါက ပိုကောင်းတယ်။ အပင်သက်တမ်းတစ်လျှောက်လုံးခံတယ်။ DAP က နိုက်ထရိုဂျင်ကို Urea အနေနဲ့ သဘာဝမြေသြဇာနဲ့ နှပ်ကျွေး အဲဒါ ပိုသက်သာတယ် ပိုထိရောက်တယ်

270,081 လွန်ခဲ့သော ၂၃ နာရီ က

ခရမ်းချဉ်စိုက်ပျိုးရာတွင် မြေခံအဖြစ် တီစူပါထက် DAP ကို ရွေးချယ်ခြင်းက ပိုမိုထိရောက်မှုရှိပါတယ်။ DAP တွင် အမြစ်ဖွံ့ဖြိုးမှုကို အားပေးသော ဖော့စ်ဖရပ်အပြင် အပင်ငယ်စဉ် ကြီးထွားမှုကို အထောက်အကူပြုသည့် နိုက်ထရိုဂျင်ဓာတ် (၁၈%) တစ်ပါတည်း ပါဝင်နေသောကြောင့် ဖြစ်ပါတယ်။ စိုက်ပျိုးသူ စိုးရိမ်သကဲ့သို့ နိုက်ထရိုဂျင်ဓာတ် လေလွင့်ဆုံးရှုံးသွားမည် မဟုတ်ပါဘူး၊ အကြောင်းမှာ DAP တွင်ပါဝင်သော နိုက်ထရိုဂျင်သည် အမိုနီယမ်ပုံစံဖြင့် ရှိနေ၍ မြေဆီလွှာတွင် ကောင်းစွာ ကပ်ငြိနေနိုင်ပြီး ရွှေ့စိုက်ပြီး (၁) ပတ်မှ (၂) ပတ်အတွင်း အမြစ်သစ်များ ထွက်လာချိန်တွင် အပင်က အလွယ်တကူ စုပ်ယူစားသုံးနိုင်သောကြောင့် ဖြစ်ပါတယ်။ အကောင်းဆုံးရလဒ်ရရှိရန် DAP ကို သဘာဝမြေဩဇာနှင့် တွဲဖက်သုံးစွဲသင့်ပြီး၊ အမြစ်လောင်ခြင်းမှ ကာကွယ်ရန် မြေကြီးနှင့် သမအောင် မွှေပေးရန် လိုအပ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

Question image

မေးခွန်း

36
လွန်ခဲ့သော ၁ လ က · ကြို့ပင်ကောက်

နွားကဘာရောဂါဖြစ်တာလဲဗျ

ကျန်းမာရေး
အတည်ပြုပြီး 318,718 လွန်ခဲ့သော ၁ လ က

အခြားနေရာတွေမှာဖြစ်သေးလား? အလင်းရောင်ကောင်းတဲ့အချိန်မှာ သေချာ အနီးကပ်လေးရိုက်ပေးပါလား? ကျွန်တော်က တိရစ္ဆာန်ပိုင်းမသိပေမယ့် ကျွမ်းကျင်တဲ့ဆရာတွေ ဖြေပေးလို့အဆင်ပြေအောင် ကူပြောပေးတာပါဗျ။

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။