အစိမ်းရောင်လမ်း
လွန်ခဲ့သော ၂၉ မိနစ် က · မအူပင်

အပင်ဝါပြီးအမြစ်ကလည်းနီနေတာ/အမြစ်အားလည်းနည်းနေတာ/မိုင်ဇင်းပါတယ့်မှိုသတ်ဆေးတော့ဖြန်းထားတယ်တစ်ကြိမ်နှစ်ရက်ရှိပြီဖြန်းပြီးတာ/တစ်ခြားဘာလိုအပ်သေးလဲဖြေပေးကြပါဦးဆရာကြီးများ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
Post image
You
43
လွန်ခဲ့သော ၁ နာရီ က · ဆော

ဒါက မြစ်ပိုးလား ရောဂါလားဗျာ ဘာလုပ်ရင် ကောင်းမလဲ ဖြေပေးကြပါအုံး😢😢😢

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image
20 လွန်ခဲ့သော ၂ မိနစ် က

ကျွန်တော်အထင် ဆစ်ပိုး ကျနေတာပါ ဗျ Fipronil ဖျန်းကြည့်ပေးပါ

You
လွန်ခဲ့သော ၁ နာရီ က · ဘားအံ

ဝက်၃လခံဆေး ဘယ်ချိန်မှာထိုးရမှာလဲ

မွေးမြူနည်း ဝက်
Post image
You
10
လွန်ခဲ့သော ၂ နာရီ က · ဆီဆိုင်

ကော်ဖီစိုက်က ပင်လယ်ရေမျက် ဘယ်လောက်ရှိမှ စိုက်လို့ကောင်တာလဲ

စိုက်ပျိုးနည်း ကော်ဖီ
You
4
လွန်ခဲ့သော ၂ နာရီ က · တံတားဦး

မြေပဲပင်လေးတေကဝါနေလို့ဘာဆေးသုံးသင့်ပါသလဲရှင့်

ပိုးမွှားရောဂါ မြေပဲ
Post image
You
140
လွန်ခဲ့သော ၃ နာရီ က · ကျုံပျော်

ကွမ်းပင်ခြေပုတ် ခါးရိ မြစ်ခြောက်ဆွေးေဒါင်းမြီးကွက်ကရောဂါတစ်မျိုးတည်းကဖြစ်တာလားဘာေဆးေတွသုံးသင့်လည်းအလှည့်ကျသုံးရမယ်ဆေးေတွညွှန်းေပးပါအုံး ဒိုင်မီသိုေမာ့နဲ့ကလိုရိုသာလိုေနးအရောေတာ့ဖျန်းထားတယ်နှစ်ရက်ရှိပြီ

ပိုးမွှားရောဂါ ကွမ်း
You
2
လွန်ခဲ့သော ၅ နာရီ က · မင်္ဂလာတောင်ညွန့်

ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ

မွေးမြူနည်း ငါး
270,089 လွန်ခဲ့သော ၄ နာရီ က
You
1,237
လွန်ခဲ့သော ၂၁ နာရီ က · ဟင်္သာတ

ဆရာရေ ဘာစမာတီ ဈေးကွက်လေးသိချင်လို့ပါ စိုက်တော့ထားတယ် ဝယ်လက်မရှိဘူးဖြစ်နေတယ် တင်းတစ်ရာ ဈေးလေးသိချင်ပါတယ်

စိုက်ပျိုးစီးပွား စပါး
270,089 လွန်ခဲ့သော ၂၀ နာရီ က

မြန်မာနိုင်ငံတွင် ဘာစမာတီ (Basmati) စပါးသည် အဓိကအားဖြင့် ပြည်ပပို့ကုန်နှင့် ဟိုတယ်/စားသောက်ကုန်လုပ်ငန်းသုံး အထူးပြုစပါးအမျိုးအစားဖြစ်သဖြင့် သာမန်စပါးများကဲ့သို့ လမ်းဘေးအဝယ်ဒိုင်တိုင်းတွင် အရောင်းအဝယ်မရှိဘဲ ဝယ်လက်ကန့်သတ်ချက်ရှိပါတယ်။ လက်ရှိတွင် ရာသီအလိုက် အဝယ်အေးချိန်ဖြစ်ခြင်းနှင့် ပို့ကုန်မူဝါဒအပြောင်းအလဲများကြောင့် ဝယ်လက်နည်းပါးနေခြင်းဖြစ်ပါတယ်။ တောင်သူများအနေဖြင့် ဈေးနှိမ်ခံရခြင်းမှ ကာကွယ်ရန် စပါးကို စနစ်တကျ အခြောက်ခံသိုလှောင်ပြီး ရန်ကုန် ဘုရင့်နောင် သို့မဟုတ် မုံရွာကုန်စည်ဒိုင်ရှိ ပို့ကုန်သမားများနှင့် ဆန်စက်ကြီးများထံ တိုက်ရိုက်ချိတ်ဆက်ခြင်း၊ သို့မဟုတ် အစိမ်းရောင်လမ်းနှင့် အွန်လိုင်းစိုက်ပျိုးရေးအဖွဲ့များမှတစ်ဆင့် တိုက်ရိုက်ဝယ်လက် ရှာဖွေရောင်းချသင့်ပါတယ်။ဈေးတန်းကြီးမှာပို့စ်တင်မေးကြည့်ပါဦးခင်ဗျာ။

You
656
လွန်ခဲ့သော ၂၁ နာရီ က · တွံတေး

ရောဂါမဖြစ်သေးဘဲ မှိုဆေးဖြန်းလို့ရလားခင်ဗျ

ပိုးမွှားရောဂါ
Post image
270,089 လွန်ခဲ့သော ၂၀ နာရီ က

ရောဂါလက္ခဏာ မပြသသေးခင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးပက်ဖျန်းခြင်းကို ပြုလုပ်နိုင်ပါတယ်ခင်ဗျာ။ ပုံထဲတွင် ဖော်ပြထားသောဆေးမှာ Dimethomorph (ဒိုင်မီသိုမော့ဖ်) ၅၀% ပါဝင်သည့် ပင်လုံးပျံ့မှိုသတ်ဆေး (Systemic Fungicide) ဖြစ်ပါတယ်။ ၎င်းသည် မှိုမျှင်များ ကြီးထွားမှုကို တားဆီးပေးရုံသာမက မှိုစပိုးများ အပင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခြင်းကိုပါ ကြိုတင်ကာကွယ်ပေးနိုင်သော အာနိသင်ရှိပါတယ်။ ထို့ကြောင့် ရာသီဥတု စိုစွတ်၍ ဒေါင်းနီမှို၊ ပင်စည်ပုပ် နှင့် လောင်မဲရောဂါများ ကျရောက်နိုင်ခြေရှိပါက ရောဂါမဖြစ်ခင် ကြိုတင်ဖျန်းထားခြင်းက အပင်ကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် ဆေးယဉ်ပါးမှု မဖြစ်စေရန် ထိသေအာနိသင်ရှိမှိုသတ်ဆေးများနှင့် လဲလှယ်သုံးစွဲပေးရန် လိုအပ်ပါတယ်။

You
61
လွန်ခဲ့သော ၂၂ နာရီ က · ပြင်ဦးလွင်

ပြောင်းဖူးခင်းအတွက်လောင်ရောဂါဘာဖြန်းသင့်လဲဗျ

ပိုးမွှားရောဂါ ပြောင်း
270,089 လွန်ခဲ့သော ၂၀ နာရီ က

Azoxystrobin+ Difenoconazole ဖျန်းပါ

You
ဖြေလည်သော အဖြေရရှိပြီး
400
လွန်ခဲ့သော ၁ ရက် က · ပြည်

စပါးပင် တချို့နေရာတေမှာ အပင်ဖျားတေဝါ ပါတယ် ဘာလိုအပ်နေတာပါလဲ

အပင်အာဟာရ စပါး
Post image
Post image
Post image
အတည်ပြုပြီး 1,103,770 လွန်ခဲ့သော ၇ နာရီ က
ဤအဖြေဖြင့် ပြေလည်

အမြစ် နာနေတဲ့သဘောပါ။ ပိုတက် သို့မဟုတ် k Humic နဲ့ဂျစ်ဆန်ကို ၊ရေထုတ်/ရေခါပြီးပက်ပါ။ ၃ရက်နေမှ ရေပါးပါးပြန်ထည့်ထားပါ။

270,089 လွန်ခဲ့သော ၂၀ နာရီ က
ဤအဖြေဖြင့် ပြေလည်

ပုံပါမြင်ရ‌သလောက်တော့ အဟာရလိုအပ်နေတာပါ၊ပုလဲကျွေးထားပါရက်နဲ့ဝါနေရင်တော့ ပိုတက်ရှ်အိတ်ဝက်ဂျစ်ဆမ်တစ်အိတ်ကျဲပေးပါဦး

You
ဖြေလည်သော အဖြေရရှိပြီး
7,537
လွန်ခဲ့သော ၁ ရက် က · ချောက်

ဆရာခင်ဗျ ခရမ်းချဥ်နဲ့ ခရမ်းခေါင်းအတွက် ဆေးဖျန်းချင်လို့ပါခင်ဗျ ဘာအရောအရင်ဖျန်းရမယ်မသိလို့ပါ မန်ကိုဇက် မိုနိုကေး ဒဘလယ် ပိုးဆေးနှစ်မျိုးလုံးထည့်ရမလား တစ်မျိုးဆီပဲအရင်သွားရမလား အဲ့မှိုဆေးနဲ့ပိုးဆေးတွေရောလို့ရလားဆရာ ဒဘလယ်လဲ ထည့်ချင်တယ် ခရမ်းသီး သီးလုံးဖောက်မှာစိုးလို့ အရင်ရှေ့တစ်ပတ်က ပီဖိုလန် ဆိုင်လာ ကောင်းသုခ ၁ အတာတွေ ဖျန်းထားပါတယ်ဆရာ

ပိုးမွှားရောဂါ ခရမ်းသီး
Post image
အတည်ပြုပြီး 1,103,770 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

ပိုးအတွက် ပိုအရေးကြီးတာဆိုရင်၊ပိုးသတ်ဆေးကို အရင်ဖျန်းလိုက်ပါ။ ၅ရက်ခြားပြီးမှ မန်ကိုဇက်ဖျန်းလိုက်ပါ။

7,537 လွန်ခဲ့သော ၁ ရက် က

ဟုတ်ဆရာတို့ခင်ဗျ ကျေးဇူးအထူးပါခင်ဗျ

You
15
လွန်ခဲ့သော ၁ ရက် က · မြောင်းမြ

စပါခွံနှင့်ကောက်ရိုးမှိုစိုက်နည်း

စိုက်ပျိုး ဗဟုသုတ မှို (ကောက်ရိုးမှို)
270,089 လွန်ခဲ့သော ၁ ရက် က
အတည်ပြုပြီး 318,720 လွန်ခဲ့သော ၁ ရက် က

စပါးခွံချည်းပဲတော့ ကောက်ရိုးမှိုစိုက်ဖို့ မလွယ်ပါဘူး။ အဓိကအကြောင်းအရင်းက စပါးခွံမှာ ရေကိုစုပ်ယူထားနိုင်စွမ်းနည်းတာရယ် ေကာက်ရိုးလိုမျိုး မှိုပေါက်ဖွားဖို့ အဟာရပိုင်းနည်းတာကြောင့်ပါ။ ဒါကြောင့် စပါးခွံထက် ကောက်ရိုးနဲ့စိုက်ဖို့ အကြံပြုလိုပါတယ်။ ကောက်ရိုးမှိုစိုက်ပျိုးနည်း

You
399
လွန်ခဲ့သော ၁ ရက် က · စဉ့်ကူး

စပါးပင်တေ‌ွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ‌ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေးရောပြောပေးပါဦး စပါးပင်ကရောဘာဖစ်တာလဲပြောပေးပါဦး

အပင်အာဟာရ စပါး
Post image
270,089 လွန်ခဲ့သော ၁ ရက် က

စပါးခင်း တစ်ပြင်လုံး ဝါနေခြင်းမှာ ပိုးမွှားကြောင့်ထက် နိုက်ထရိုဂျင်နှင့် ဆာလဖာ (ကန့်) ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် မြေကျပ်၍ အမြစ်များ အောက်ဆီဂျင် မရခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ မေးခွန်းပါ နောက်ချေး၊ မြေဆီနှင့် ထုံးတို့ကို တပြိုင်နက် ရောစပ်ကျွေးပါက ဓာတုဓာတ်ပြုပြီး နိုက်ထရိုဂျင်ဓာတ်များ လေထဲလွင့်ပျံ ဆုံးရှုံးသွားမည်ဖြစ်၍ လုံးဝ အဆင်မပြေပါဘူး။ ထုံးကို အသုံးပြုလိုလျှင် မြေပြင်ချိန်ကတည်းက ၁ ပတ်မှ ၂ ပတ်ခန့် ကြိုတင်နှပ်ထားရပါမယ်။ လက်ရှိအခြေအနေတွင် စပါးခင်းကို ရေခေတ္တထုတ်ပေးပြီး ပုလဲနှင့် ဂျစ်ပဆမ် မြေဩဇာ ရောစပ်ပက်ကြဲပေးခြင်း၊ အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်စိမ်းလန်းလာစေနိုင်ပါတယ်။

အတည်ပြုပြီး 318,720 လွန်ခဲ့သော ၁ ရက် က

ထုံးက မြေမပြင်ခင် ၁ လလောက် ကြိုနှပ်ထားမှသာ မြေကြီးရဲ့ ချဉ်ငန်ဓာတ်ကို ပြင်ပေးနိုင်ပါတယ်။ ပကန်ပေါက်နေတဲ့ စပါးခင်းမှာတော့ ထုံးပက်ပေးခြင်းဖြင့် သက်သာစေတာတွေ တွေ့ရပါတယ်။ မြေသြဇာအနေနဲ့ဆိုရင်တော့ နွားချေးနဲ့ မြေဆီ/ ပုလဲကို ရေအနည်းငယ်နဲ့ တစ်ည ကြိုနှပ်ထားပေးပါ။ အောက်မှာ တာလပတ်ခင်းပြီး နွားချေးပုံပေးပါ။ ပြီးရင် ပုလဲထည့် ရေပက်ပေးပြီး နှံ့စပ်အောင်မွှေပေးပါ။ ပြီးရင် အပေါ်ကနေ အိတ်နဲ့ အုပ်ထားပေးပြီး တစ်ည နှပ်ထားပေးပြီး နောက်ရက် စပါးခင်းထဲ ကြဲပက်ပေးနိုင်ပါတယ်။ ဒီနည်းက နိုက်ထရိုဂျင်ဓာတ်တွေ အငွေ့ပျံ့တာ၊ စီးဆင်းရေနဲ့ မျှောပါသွားတာ၊ မြေကြီးအောက်ကို စိမ့်ဝင်ပြီး ဆုံးရှုံးသွားတာတွေကို သက်သာစေပါတယ်။ တစ်ခုသတိထားရမှာက နွားချေးက ဆွေးမြေ့ပြီးသား နွားချေးသုံးပေးပါ။ မဆွေးမြေ့ပါက ပေါင်းတွေ ပေါက်လာနိုင်သလို နွားချေးဆွေးမြေ့တဲ့အချိန် ထွက်လာတဲ့အပူတွေက စပါးပင်ကို ထိခိုက်နိုင်ပါတယ်။

You

မေးခွန်း

11
လွန်ခဲ့သော ၂ ပတ် က · ကဝ

စပါးကြဲခင်းစံကွက်ရိတ်နည်းသိချင်ပါတယ်

စိုက်ပျိုးနည်း စပါး
အတည်ပြုပြီး 1,103,770 လွန်ခဲ့သော ၂ ပတ် က

အတည်ပြုပြီး 1,103,770 လွန်ခဲ့သော ၂ ပတ် က

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။