အင်ဇိုင်းအသီးအပွင့်အားဆေးရည် (FFJ) သည် ပြုလုပ်ရန်လွယ်ကူပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ကုန်ကျစရိတ်သက်သာ စီးပွားရေးတွက်ချေကိုက်သော လွယ်ကူရိုးရှင်းအကျိုးရှိ ထိရောက်သည့်နည်းစနစ်တစ်ခုအဖြစ် အသုံးပြုနိုင်စေရန်ဖြစ်ပါသည်။

လိုအပ်သောပစ္စည်းများ(Materials)
- ၁။ အရည်ရွှမ်းပြီး ချိုသောသစ်သီး အနည်းဆုံး( ၃ ) မျိုး - (၆၀)ကျပ်သားဆီ
- ၂။ ထန်းလျက်ညို / သကြားညို(၁)ပိဿာ(၈၀)ကျပ်သား
- ၃။ ရေနွေးနွေး(၁)လီတာ
ပြုလုပ်ပုံ(Production Method)
- သစ်သီးများကို တစ်မျိုးချင်းစီ သေးငယ်သည်အထိ လှီးဖြတ်ပါ။ ကျေညက်အောင်ပြုလုပ်ပါ။
- ထို့နောက် တစ်မျိုးချင်းစီအား(၆၀)ကျပ်သားစီ ချိန်တွယ်ပြီးရောမွှေပါ။
- ရောမွှေပြီးသစ်သီးများအားလုံးကို(၆၀)ကျပ်သားစီ ထပ်မံချိန်တွယ်ပြီး သုံးပုံခွဲခြားထားပါ။
- ပုံး (သို့) အိုးအတွင်းသို့ထည့်သွင်းရာတွင် ရောမွှေပြီးသား(၆၀)ကျပ်သားကို ပထမအကြိမ်ထည့်သွင်းပြီး ၎င်းအပေါ်မှ သကြားညို(၆၀)ကျပ်သားကို ဖြန့်ထည့်ရပါမည်။ ထိုနည်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ကျန်နှစ်ပုံကို ထည့်သွင်းသွားပါ။
- ထပ်မံ၍(ရရှိနိုင်ပါကဘိုကာရှီ)ကို ဖြူးထည့်ပါ။
- ထို့နောက် ရေနွေး(၁)လီတာကို ထည့်သွင်းရပါမည်။ အားလုံးပြီးသွားပါက အဝတ်ပါးပါး(သို့) သတင်းစာဖြင့် အုပ်ထားပါ။ အိုးကိုအေးမြသောအရိပ်အောက်တွင်ထားရှိပါ။
- (၄)ရက်ကြာပြီးနောက်အထက်အောက်သမအောင်တစ်နေ့လျှင်တစ်ကြိမ်မွှေပေးရပါမည်။မွှေပြီးတိုင်းအဖုံးပြန်ပိတ်ရန်လိုအပ်ပါသည်။
- တစ်လပြည့်သောအခါအနည်အနှစ်များကိုစစ်ထုတ်ပြီးအရည်ကိုသာအင်ဇိုင်းဆေးရည်အဖြစ်အသုံးပြုနိုင်ပါသည်၊၊
အသုံးပြုနည်းနှင့်ကောင်းကျိုးများ (Usage and Benefits)
- ဆေးရည်(၁)ဆ ရေ(၁၀၀၀) ဆဖြင့် ရောပါ။
- သီးနှံပင်များကို (၁၀)ရက်(၁)ကြိမ် ဖျန်းပါက အရွက်အားကောင်းစေသည်။
- အရွက်ညှိုးနွမ်းက ပြန်လည်လန်းဆန်းစေခြင်း၊ အဏုဇီဝပိုးများ အစာချက်လုပ်နိုင်ရန် အထောက်အပံ့ပေးခြင်း။
- သီးနှံပင်ရင့်မှည့်ချိန်တွင်(၁၀)ရက်(၁)ကြိမ်ဖျန်းက အသီးအနှံများ အာဟာရပြည့်ဝပြီး အစေ့အဆန်များ အောင်မြင်မှုများစေပါသည်။
- ကြက်မွေးမြူရေးခြံများ၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ သစ်သီးခြံများတွင် ဖျန်းပေးပါက ရောဂါကျရောက်မှုကို ကာကွယ်နိုင်ပါသည်၊၊
- အင်ဇိုင်းအသီးအပွင့် အားဆေးရည်သည် သီးနှံပင်များနှင့်မွေးမြူရေးများတွင် စွမ်းအင်ပြန်လည်ဖြည့်တင်းပေးသည့် အကောင်းဆုံးထုတ်ကုန်တစ်ခုဖြစ်သည်။
သတိပြုရန်
- အချဉ်ဖောက်ခြင်းဖြစ်စဉ်တွင် ပူဖောင်းအမြှုပ်ကြီးကြီးထွက်ပါက အင်ဇိုင်းအားနည်းခြင်းဖြစ်ပြီးပူဖောင်းသေးသေးလေးများထွက်လာပါက အင်ဇိုင်းအားကောင်းခြင်း ဖြစ်ပါသည်။
- အချဉ်ဓာတ်ပါသောသီးနှံများအား ရောနှောအသုံးမပြုရန်။ (ဉပမာ-သံပရာ ၊ ရှောက် ၊လိမ္မော် စသည်ဖြင့်)
Crd - DOA
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
စိုက်ပျိုးရေးဉီးစီးဌာန