ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ
ဟုတ်ကဲ့ခင်ဗျ ဆိုလာနဲ့ချိတ်သုံးဖို့ ရေမြှုပ်အသေးလေးကိုရောင်းတဲ့ co. တွေဆီဖုန်းဆက်မေးတာ အနည်းဆုံး3လက်မတွင်းအတွက်ပဲစရှိတာ 3လက်မတွင်းအတွက်တောင်တော်တော်ရှားတယ်ပြောလို့ပါတခြားနည်းလမ်းလေးရှိရင်မျှဝေပေးပါဦးခင်ဗျာ
ဆိုလာပြား နဲ့ချိတ်ပြီး ရေတင်ပါ။ ရေမြှုပ်ပန့်အသေး/အရှည် ရှာဝယ်ပြီး၊ဒူးရင်းပင်တွေကို drip pipe သွယ်ပါ။ရေပေးချိန်ကိုတော့ နားနားပြီးပေးမှရပါမယ်။