အစိမ်းရောင်လမ်း
401
လွန်ခဲ့သော ၁ နာရီ က · ညောင်ရွှေ

အပင်ဖြစ်နှေးနေလို့ပါ

အပင်အာဟာရ နှင်းဆီ
အတည်ပြုပြီး 468 လွန်ခဲ့သော ၁ နာရီ က

အပင်ပုံလေး ပါ ထည့်ပေးလို့ရရင် ထည့်ပေးပါလားဗျ။ - အာဟာရချို့တဲ့မှုက အပင်မှာဖြစ်တာလား မြေမှာဖြစ်တာလား ဆိုတာလည်း စစ်ဆေးဖို့ လိုပါလိမ့်မယ်ဗျ။ လောလောဆယ် အဖြေရှာလို့ရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်ပါဗျ။ နှင်းဆီပင်တွေ အမြဲပွင့်လန်းနေစေဖို့ (နှင်းဆီပန်းစိုက်ပျိုးမှု အာဟာရလမ်းညွှန်)

You
8
လွန်ခဲ့သော ၇ နာရီ က · ဖျာပုံ

ငရုပ်သီးမှာပိုးတွေ့လို့ပါ ဘာလုပ်သင့်ပါလဲ

ပိုးမွှားရောဂါ ငရုတ်သီး
3,254 လွန်ခဲ့သော ၇ နာရီ က

ကျွန်တော်လည်း တောင်သူပါ။ ဓာတ်ပုံလေးနဲ့ မေးစေချင်တယ်ဗျ။ ပိုးပဲ ပြောထားတော့ ဖျက်ပိုးလား အကောင်ရှည်လားတောင် မကွဲဘူးရယ်။

You
8
လွန်ခဲ့သော ၉ နာရီ က · တိုက်ကြီး

စိုက်ပျိုးရေးမှာ အထွက်တိုးစေမယ့် အခြေံနည်းလမ်းတွေကို ဆွေးနွေးပေးပါ

စိုက်ပျိုးစီးပွား မတ်ပဲ
အတည်ပြုပြီး 318,962 လွန်ခဲ့သော ၇ နာရီ က

နောက်တစ်ခု သတိပြုရမှာတော့ မျိုးကောင်းမျိုးသန့်သုံးစွဲဖို့ပါ။ မူလအခြေခံမျိုးစေ့မှာကတည်းက အထွက်တိုးနိုင်မယ့် မျိုးကောင်းမျိုးသန့်မသုံးခဲ့ရင် ကြိုးစားသလောက် အရာမထင်ဖြစ်တတ်ပါတယ်။

အတည်ပြုပြီး 468 လွန်ခဲ့သော ၇ နာရီ က

နည်းလမ်းတွေကတော့ ကိုယ်စိုက်ပျိုးမဲ့ သီးနှံနဲ့ ကိုယ့်ဒေသက ရေမြေရာသီဥတုတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်ဗျ။ အခြေခံပဲဆိုရင် - မြေစစ်ဆေးမယ်။ ကိုယ်စိုက်မဲ့အပင်နဲ့ကိုက်ညီတဲ့ ချဉ်ငံကိန်းမျိုးရအောင်ပြုပြင်တာမျိုး၊ မြေဆီလွှာကိုကောင်းမွန်အောင် လုပ်ပြီးတော့ - ပင်ကြားတန်းကြားမှန်မှန် - ပြုစုစောင့်ရှောက်နည်းနဲ့ - ရိတ်သိမ်းချိန်လွန် ထိန်းသိမ်းနည်းပညာတွေကို ကိုယ်စိုက်မဲ့ သီးနှံ ပေါ်မူတည်ပြီး အစိမ်းရောင်လမ်းထဲမှာ ဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်ဗျ။

You
85
လွန်ခဲ့သော ၉ နာရီ က · မန်စီ

လွတ်ကျောင်းဝက်မွေးမြူနည်းအကြောင်းဆွေးနွေးပေးပါ..မိတ်ဆွေတို့

မွေးမြူနည်း ဝက်
Post image
85 လွန်ခဲ့သော ၄ နာရီ က

ကျေးဇူးပါ ဆရာ

30,854 လွန်ခဲ့သော ၇ နာရီ က

ဝက်မွေးမြူနည်းစနစ်အမျိုးမျိုးအကြောင်း စာတန်းလေးကို နှိပ်ပြီး လေ့လာလို့ရပါတယ်

You
46
လွန်ခဲ့သော ၁၇ နာရီ က · ပျော်ဘွယ်

ဝါပိုးရှိနေလို့

ပိုးမွှားရောဂါ ဝါ
Post image
အတည်ပြုပြီး 468 လွန်ခဲ့သော ၆ နာရီ က

ပျ ကျရောက်နေတာဖြစ်ပါတယ်။ သဘာဝဆေးသုံးချင်ရင် အစိမ်းရောင်လမ်းထဲမှာ ဒီလိုဆောင်းပါးတွေ ရှာဖတ်လို့ရပါတယ်။ ဖျက်ပိုးတွေကို နှိမ်နင်းဖို့ ပင်စိမ်းကို ဘယ်လိုအသုံးပြုမလဲ? ဓာတုဆေး ဆိုရင်တော့ ဆေးအုပ်စုမတူတာကို လှည့်သုံးပေးတာကောင်းပါတယ်။ Imidacloprid / Acetamiprid / Thiamethoxam တို့ ပါတဲ့ ဆေး သုံးလို့ရပါတယ်။ ဓာတုဆေးတွေ သုံးတဲ့အခါမှာ ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ဘေးကင်းလုံခြုံမှုကို သတိပြုပြီး နောက်ဆုံးရွေးချယ်စရာအဖြစ်သာ သုံးပါခင်ဗျာ။

3,254 လွန်ခဲ့သော ၆ နာရီ က

အဆီတာမီပရစ် ကောင်းတယ်

You
10
လွန်ခဲ့သော ၁၉ နာရီ က · မှော်ဘီ

သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။

ပိုးမွှားရောဂါ သံပုယို
Post image
အတည်ပြုပြီး 318,962 လွန်ခဲ့သော ၁၈ နာရီ က

သူက သံပုရာယင်မဲ (Citrus blackfly) ရဲ့ ပိုးတုံးလုံးအဆင့်ကောင်လေးတွေပါ။ သံပုရာယင်မဲက စုပ်စားပိုးအမျိုးအစားဖြစ်ပြီး သံပုရာအရွက်ထဲက သစ်ရည်ကို စုပ်ယူစားသောက်ပါတယ်။ ရေထဲမှာ ဆပ်ပြာဆီထည့်ဖျော်ပြီး ဖျန်းပက်ပေးနိုင်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ တမာပိုးသတ်ဆေးကို ဆောင်ထားပြီး ၂ ပတ်တစ်ကြိမ် တစ်လတစ်ကြိမ်လောက် ပုံမှန်လေး ဖျန်းပေးပါ။ သူ့ရဲ့ သဘာဝရန်သူတွေကတော့ နကျယ်ကောင်တို့ လိပ်ခုံးကျိုင်းတို့ ဖြစ်ပါတယ်။ ကိုယ်အပင်ဘေးမှာ အဲဒီလိုအကျိုးပြုပိုးတွေတွေ့ရင် အသိမှတ်ပြုပေးပါ။

You
14
လွန်ခဲ့သော ၁၉ နာရီ က · မုံရွာ

ငရုပ်ပင်အရွက်တွေကုပ်ပြီးအသီးနဲလို့ဘာလုပ်ရမယ်သိချင်လို့ပါ

ပိုးမွှားရောဂါ ငရုတ်ပွ
အတည်ပြုပြီး 318,962 လွန်ခဲ့သော ၁၈ နာရီ က

ပုံလေးနဲ့မေးရင်ပိုကောင်းမယ်ဗျ။ အရွက်ကုတ်ရတဲ့ အကြောင်းအရင်းတွေ ရှိပါတယ်။ ပထမက စုပ်စားပိုးကျရင် ဖြစ်ပါတယ်။ အရွက်ထဲက သစ်ရည်တွေ စုပ်ယူစားသောက်တဲ့အတွက် အရွက်တွေ ကုတ်လာပါတယ်။ နောက်တစ်ခုက ကယ်ဆီယမ်ချို့တဲ့ရင်လည်း အရွက်ကုတ်ပါတယ်။ ထို့အတူပဲ ဘိုရွင်ဓာတ်ချို့တဲ့ရင်လည်း အရွက်ကုတ်ပါတယ်။ ပိုးကြောင့်ဟုတ်မဟုတ်ကို အရွက်အောက်ခြေတွေကို စစ်ပေးပါ။ ပျတို့ လှေးတို့ ရှိမရှိစစ်ပါတယ်။ အဟာရကြောင့်ဆိုရင်တော့ ရွက်ဖျန်းဆေး သို့မဟုတ် မြေသြဇာထည့်ပေးပါ။

You
2,943
လွန်ခဲ့သော ၁၉ နာရီ က · အုတ်ဖို

အသစ်ထွက်လာတဲ့ ချဉ်ပေါင်ရွက်တွေက အစိမ်းရောင်မဟုတ်ဘူးဖြစ်နေတာ။ ဘာဖြစ်တာလဲ?

အပင်အာဟာရ ချဉ်ပေါင်ဖာလာ
Post image
Post image
အတည်ပြုပြီး 1,104,790 လွန်ခဲ့သော ၁၉ နာရီ က

အိုင်းရွန်းဓာတ်fe ချို့တဲ့လို့ဖြစ်ပါတယ်။မိုးများပြီး အမြစ်တွေက အာဟာရဓာတ် မစုပ်ယူနိုင်ရင် ဖြစ်တတ်ပါတယ်။တောဓလေ့ ဆိာရင်တော့ အပင်ခြေကို ပြာဖြူးကြပါတယ်။

You
4
လွန်ခဲ့သော ၂၁ နာရီ က · မလှိုင်

ချည်မျှင်ရှည်ဝါ စိုက်ပျိုးပြီး အချိန်ဘယ်လောက်ကြာမှဆေးဖြန်းရမလူဲသိချင်လို့ပါရှင့်

စိုက်ပျိုးနည်း ဝါ
273,442 လွန်ခဲ့သော ၂၀ နာရီ က

ချည်မျှင်ရှည်ဝါ စိုက်ပျိုးရာတွင် ပိုးသတ်ဆေး စတင်ဖျန်းရမည့်အချိန်မှာ အပင်ပေါက်ပြီး သက်တမ်း (၁၅) ရက်မှ (၂၅) ရက်သားအတွင်း ဖြစ်ပါတယ်။ ဝါသီးနှံသည် ပိုးမွှားဒဏ် အလွန်ခံရလွယ်သဖြင့် ပျိုးပင်ငယ်စဉ်တွင် ကျရောက်တတ်သော ဖြုတ်ပိုးနှင့် သရစ်ပိုးများကို ကာကွယ်ရန် ပထမအကြိမ် စတင်ဖျန်းရခြင်းဖြစ်ပြီး၊ အပင်သက်တမ်းအလိုက် (၁၅) ရက် သို့မဟုတ် နှစ်ပတ်တစ်ကြိမ်နှုန်းဖြင့် ပိုးမွှားကျရောက်မှုအပေါ် မူတည်၍ စနစ်တကျ အလှည့်ကျ ဆေးဖျန်းပေးရပါမယ်။

You
1,896
လွန်ခဲ့သော ၂၁ နာရီ က · မြိုင်

ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ

လယ်ယာသုံးစက်ပစ္စည်း နေကြာ
Post image
1,896 လွန်ခဲ့သော ၂၀ နာရီ က

ကျေးဇူးပါ ဆရာခင်ဗျ

273,442 လွန်ခဲ့သော ၂၀ နာရီ က

TDS & EC Meter သည် ရေနှင့် မြေသြဇာရည်များတွင် ပျော်ဝင်နေသော အာဟာရဓါတ်ပမာဏကို တိုင်းတာသည့် ကိရိယာဖြစ်ပါတယ်။ စိုက်ပျိုးရေးတွင် အသုံးမပြုမီ သာမန်စိုက်ပျိုးရေ၏ TDS ကို ၁၀၀–၃၀၀ ppm (EC: 0.2–0.5 mS/cm) အတွင်း ရှိမရှိ အရင်စစ်ဆေးရပါမယ်။ ထို့နောက် EM သို့မဟုတ် FAA (ငါးအမိုင်နို) ကို ရေနှင့်ရောစပ်ရာတွင် ပျိုးပင်ငယ်များအတွက် ၄၀၀–၆၀၀ ppm၊ ဟင်းသီးဟင်းရွက်ပင်များအတွက် ၈၀၀–၁,၂၀၀ ppm နှင့် အသီးစားအပင်ကြီးများအတွက် ၁,၂၀၀–၁,၆၀၀ ppm အထိ ရှိစေရန် မီတာဖြင့် တိုင်းတာညှိနှိုင်းရပါမယ်။ မည်သည့်အပင်မဆို TDS ၁,၈၀၀ ppm ထက်ကျော်လွန်ပါက အပင်လောင်ပြီး ပျက်စီးနိုင်သဖြင့် ဆေးရည်ကို ရေထဲသို့ နည်းနည်းချင်းထည့်ကာ မီတာဖြင့် သေချာတိုင်းတာပြီးမှ အသုံးပြုရပါမယ်ခင်ဗျာ။

You
5
လွန်ခဲ့သော ၂၂ နာရီ က · လပွတ္တာ

ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။

မွေးမြူနည်း ကဏန်း
အတည်ပြုပြီး 318,962 လွန်ခဲ့သော ၁၈ နာရီ က
You
458
လွန်ခဲ့သော ၁ ရက် က · စဉ့်ကူး

စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ

အပင်အာဟာရ စပါး
Post image
Post image
Post image
Post image
အတည်ပြုပြီး 1,104,790 လွန်ခဲ့သော ၁၉ နာရီ က

စပါးပင် ဖြစ်နေတဲ့ ပြဿနာကို၊ဒ္ဆေးတွေဖျန်းလို့ အဆင်မပြေနိုင်ဘယးနော်။ဝယ်ပြီးသားဆိုရင်လဲ၊ အပင်အားဆေးနဲ့ လဲရင်ရပါတယ်။အမိုင်နိုအက်ဆစ်၊ဟူးမစ်အက်ဆစ်တို့ ဖျန်းလို့ရပါတယ်။စပါးဝါတာက အမြစ်မကောင်းလို့ ဝါတာပါ။ဂျစ်ဆန်+ပိုတက် ကျွေးပေးပါ။

273,442 လွန်ခဲ့သော ၁ ရက် က

ပုံပါဆေးများက ဘက်တီးရီးယားသတ်ဆေးများဖြစ်ပါတယ်၊လိုနေတာက အဟာရပါ ရွက်ဖျန်းမြေဩဇာဖျန်းခြင်းသို့မဟုတ် ရေသွင်းဓာတ်မြေဩဇာကျွေးခြင်းက အထိရောက်ဆုံးဖြစ်ပါလိမ့်မယ်

You
68
လွန်ခဲ့သော ၁ ရက် က · ပြည်

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

စိုက်ပျိုး ဗဟုသုတ ဂန္ဓမာ
Post image
273,442 လွန်ခဲ့သော ၁ ရက် က

ဂန္ဓမာစိုက်ခင်း မိုးတွင်း ရေဝပ်သည့် ပြဿနာအတွက် စိုက်ဘောင်များအကြားနှင့် စိုက်ခင်းပတ်ပတ်လည်တွင် ပတ်မြောင်း (ရေနုတ်မြောင်း) တူးပေးခြင်းသည် အလွန်ကောင်းမွန်ပြီး ထိရောက်သော အဖြေတစ်ခု ဖြစ်ပါတယ်။ ဂန္ဓမာပန်းသည် မြေဆီလွှာ စိုထိုင်းဆကို ကြိုက်သော်လည်း အမြစ်တွင် ရေဝပ်ခြင်းကို လုံးဝမခံနိုင်သောကြောင့် ရေရှည်ရေဝပ်ပါက အမြစ်ပုပ်ပြီး အပင်သေဆုံးနိုင်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန် ရေကို စိုက်ခင်းပြင်ပသို့ အမြန်ဆုံး စီးထွက်နိုင်မည့် ရေထွက်ပေါက် လမ်းကြောင်းဖော်ပေးရပါမယ်။ ထို့ပြင် နောက်တစ်ကြိမ်တွင် စိုက်ဘောင်အမြင့်ကို ၈ လက်မမှ ၁ ပေအထိ မြှင့်တင်ခြင်း၊ မြေဆီလွှာတွင် သဲနှင့် ဖွဲပြာရောစပ်ခြင်းတို့ဖြင့် ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်နိုင်ပါတယ်။ ရေကျသွားပြီးနောက် ဖြစ်ပွားတတ်သော အမြစ်ပုပ်မှိုရောဂါများအတွက် မက်တယ်လက်ဆီး (Metalaxyl) ကဲ့သို့သော မှိုသတ်ဆေး ပက်ဖျန်းပေးခြင်းနှင့် အပင်ပြန်လည် လန်းဆန်းစေရန် ရွက်ဖျန်းမြေဩဇာ ကျွေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။

You
1,140
လွန်ခဲ့သော ၁ ရက် က · ချောက်

အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား

အပင်အာဟာရ ပဲစင်းငုံ
273,442 လွန်ခဲ့သော ၂၃ နာရီ က

ရပါတယ်ခင်ဗျာ။ အချဉ်ဓာတ်လွန်ကဲသော အသီးများမှလွဲ၍ ကျန်မှည့်ဝင်းသောအသီးများကို အစားထိုး သုံးစွဲနိုင်ပါတယ်။ အသီးခွံများပေါ်တွင် သဘာဝအချဉ်ဖောက်ခြင်းကို အားပေးသည့် အကျိုးပြုအဏုဇီဝပိုးမွှားများ ပါရှိသောကြောင့် အခွံ လုံးဝမခွာဘဲ၊ ရေလည်းမဆေးဘဲ ၂ လက်မပတ်လည် အတုံးငယ်များ တုံးထည့်ရပါမယ်။

You
2
လွန်ခဲ့သော ၁ ရက် က · အင်းတော်

ဥစားကြက်စမွေးမယ်ဆိုဘာတေလိုအပ်လဲ

မွေးမြူနည်း ကြက်
You

မေးခွန်း

401
လွန်ခဲ့သော ၁ နာရီ က · ညောင်ရွှေ

အပင်ဖြစ်နှေးနေလို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
ရက်
အပင်အာဟာရ နှင်းဆီ
အတည်ပြုပြီး 468 လွန်ခဲ့သော ၁ နာရီ က

အပင်ပုံလေး ပါ ထည့်ပေးလို့ရရင် ထည့်ပေးပါလားဗျ။ - အာဟာရချို့တဲ့မှုက အပင်မှာဖြစ်တာလား မြေမှာဖြစ်တာလား ဆိုတာလည်း စစ်ဆေးဖို့ လိုပါလိမ့်မယ်ဗျ။ လောလောဆယ် အဖြေရှာလို့ရအောင် ဒီဆောင်းပါးလေး ဖတ်ကြည့်ပါဗျ။ နှင်းဆီပင်တွေ အမြဲပွင့်လန်းနေစေဖို့ (နှင်းဆီပန်းစိုက်ပျိုးမှု အာဟာရလမ်းညွှန်)

You

မေးခွန်းမေးရန်

အထူးအကြံဉာဏ်ရရှိရန် အမျိုးအစားတစ်ခု ရွေးပါ

မှန်ကန်သော အမျိုးအစားရွေးချယ်ခြင်းက သင့်ကို သင့်လျော်ဆုံး စိုက်ပျိုးရေးပညာရှင်နှင့် ချိတ်ဆက်ပေးပါသည်။

အချက်အလက်အခြေပြု ရောဂါရှာဖွေမှုနှင့် ကုသမှုအစီအစဉ်များအတွက် ကျွန်ုပ်တို့၏ အသိအမှတ်ပြု စိုက်ပျိုးရေးပညာရှင်များနှင့် ချိတ်ဆက်ပါ။

အမျိုးအစား မတွေ့ပါ

သီးနှံ/မွေးမြူရေး မတွေ့ပါ

ဓာတ်ပုံများ

တင်နေသည်...
တင်နေသည်...

သတိပြုရန်- ပညာရှင်အကြံပြုချက်များသည် တင်သွင်းသော အချက်အလက်အပေါ် အခြေခံပါသည်။ ပြင်းထန်သော ပိုးကျရောက်မှုများအတွက် ကွင်းဆင်းကြည့်ရှုရန် ဒေသဆိုင်ရာ စိုက်ပျိုးရေးအရာရှိကို ဆက်သွယ်ပါ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။