ရွှံ့ကဏန်း(Mud Crab)များအား စီးပွားဖြစ်မွေးမြူနည်း (အပိုင်း-၁)

28/06/2022 12:57 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ရွှံ့ကဏန်းများအား စီးပွားဖြစ်မွေးမြူသင့်သည့် အကြောင်းအရင်းများမှာ-

- ဒီရေတောများတွင် မွေးမြူနိုင်ခြင်း၊

- ပြည်တွင်းနှင့်ပြည်ပပို့ကုန်စျေးကွက်များမှ ဝယ်လိုအားမြင့်မားခြင်း၊

- အရွယ်အစားကြီးမား၍ အရသာကောင်းမွန်ခြင်း၊

- ပို့ဆောင်ရလွယ်ကူခြင်း စသည့်အချက်များကြောင့် ဖြစ်ပါ သည်။ 

ရွှံ့ကဏန်းများမွေးမြူရန် နေရာရွေးချယ်ရာတွင်-

- ရွှံ့ကဏန်းများသည် ရေချို၊ ရေငန်စပ်ရှိသည့် ရေတိမ်ပိုင်း၊ မြစ်ဝနေရာများ၊ ပင်လယ်အော်နှင့် ပင်လယ်တွင်းရှိ ရေအိုင်ငယ်များတွင် ကောင်းစွာမွေးမြူနိုင်ပါသည်။

- လှိုင်းထန်ခြင်းနှင့် ဆိုးရွားသည့် ရာသီဥတုများမှ ကာကွယ်နိုင် ရန်အတွက် အကာအကွယ်ရှိသည့် ပင်လယ်အော်နှင့်ချိုင့်များတွင် ရွေးချယ်မွေးမြူသင့်ပါသည်။

စီးပွားဖြစ် ရွှံ့ကဏန်းမွေးမြူနည်းများမှာ-

(က) ကန်ဖြင့် စီးပွားဖြစ်မွေးမြူခြင်း

(ခ) ကန်များတွင်ခြံဖြင့် စီးပွားဖြစ် မွေးမြူခြင်း

(ဂ) ဒီရေတောများရှိ ကန်များတွင် စီးပွားဖြစ် မွေးမြူခြင်း

(ဃ) ဒီရေတောများအနီးတွင် ခြံဖြင့် မွေးမြူခြင်း

(င) လှောင်အိမ်ဖြင့် စီးပွားဖြစ် မွေးမြူခြင်း ဟူ၍ ရှိကြပါသည်။

(က) ကန်ဖြင့် စီးပွားဖြစ် မွေးမြူခြင်း

• ကဏန်းမွေးမြူရန်အတွက် ရေကန်အရွယ်အစား ၁/၂ ဧက မှ ၁ဧကသည် ကောင်းမွန် သင့်တော်ပါသည်။ သို့သော် ၁ဧက ထက်ကျယ်သည့် ရေကန်များကိုလည်း အသုံးပြုနိုင်ပါသည်

• ရွှံ့ ၅၀ %ပါရှိသည့် သဲဖြူမြေများသည်လည်း ကဏန်းမွေးမြူရန်အတွက် သင့်တော်ပါသည်။

• ရေလဲရန်လုပ်ဆောင်ချိန်မှာ ရေအဝင်အထွက်စနစ်အား ရေငန်ပုစွန်များ မွေးမြူသည့်နည်းတူ လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။

• ကန်အားအဝင်အတွက် ၃ ပေခွဲမှ ၄ပေရှိသည့် ရေထိန်းသိမ်း နိုင်အောင် လုပ်ဆောင်ရမည်ဖြစ်ကာ အထွက်အတွက် ၄ပေခွဲ မှ ၅ပေ ရှိရမည်ဖြစ်သည်။

• အညစ်အကြေးများနှင့် စားကြွင်းစားကျန်များအား ဖယ်ရှားရန်အတွက် စက်ဖြင့် ရေစီးဆင်းမှု သန့်စင်အောင် လုပ်ဆောင်ရန်လိုပါသည်။

• ညအချိန်တွင် ကဏန်းများ မထွက်ပြေးနိုင်ရန်အတွက် ဒိုက်များပေါ်တွင် ငါးဖမ်းပိုက်များအား ထားရှိရမည် ဖြစ်သည်။

• ထို့ပြင် ဒိုက်များ၏အောက်ခြေတွင် အရေအတွက် ၁၀၀၀ ရှိသည့် ကျောက်ခဲများ၊ အချင်း (diameter) ၆လက်မနှင့် အရှည် ၁လက်မခွဲရှိသည့် အိုဟောင်းနေသည့် တာယာများ စသည်တို့ အား ထားရှိပေးရပါမည်။

• ကဏန်းများသည် အကာများအား မကျော်တက်စေရန်အတွက် ရေကန်အစွန်းပိုင်းများတွင် နိုင်လွန်အကာအကွယ် အမြင့် ၁.၅ မီတာရှိသည့် ဝါးပင်အကွဲများ(split bamboo)ဖြင့် ထောက်ထားပေးရန် လိုအပ်ပါသည်။

• အများဆုံး သိုလှောင်ထားရှိရမည့် သတ်မှတ်ချက်သည် ၁မီတာပတ်လည်အကွက် တစ်တစ်ကွက် လျှင် ကဏန်း၁ကောင်သာ ဖြစ်သည်။ 

• အစာကျွေးမွေးရန်အတွက် တန်ဖိုးနည်းငါးများ၊ ဂုံးကောင်၊ ယောက်သွား စသည်တို့ဖြစ်ပါသည်။

 

(ခ)ကန်များတွင် ခြံဖြင့် စီးပွားဖြစ်မွေးမြူခြင်း

- ကဏန်းများတွင်းတူး၍ ထွက်မပြေးနိုင်စေရန်အတွက် ၄x၄x၂.၅ မီတာရှိသည့် ခြံအများအပြားအား ကန်အတွင်းဘက်၌ ဝါးပင်အကွဲများ(bamboo strips) ဖြင့် မြေကြီးထဲသို့ ၁- ၁.၅ မီတာ ထိုးစိုက်ထားရှိရပါမည်။

- ၄င်းတို့အား ဒိုက်များအနီးမှာ ထားရှိခြင်းဖြင့် အလွယ်တကူ သိုလှောင်ထားရန်နှင့် စောင့်ကြည့်ခြင်းတို့အား ဆောင်ရွက်နိုင် ပါသည်။

 

(ဂ) ဒီရေတောနေရာများတွင် ကန်ဖြင့် စီးပွားဖြစ်မွေးမြူခြင်း

• အထက်မှာဖော်ပြထားရှိသည့်အတိုင်း ကန်အား ဒီရေတော ပတ်ပတ်လည်မှာ ဆောက်လုပ် နိုင်ပါသည်။

• ၄င်းအတွက် အများဆုံးကန်အကျယ်အဝန်း ၁၀၀ sq.m ရှိရန်လိုအပ်ပါသည်။အကျယ် ၁မီတာ၊ အနက် ၀.၅ မီတာ ရှိသည့် တူးမြောင်းအား ဒီရေကျသည့်အချိန်များတွင် ကန်ထောင့်ပတ်ပတ် လည်မှာ တူးထားရမည်ဖြစ်သည်။

• ကန်အလယ်တွင် မြှင့်တင်ထားသည့် ဒီရေတောပင်များ စိုက်ပျိုးထားခြင်းကြောင့် ဒီရေကျသည့် အချိန်တွင် ကဏန်းများသည် ခိုအောင်းနိုင်မည်ဖြစ်သည်။

• ရေလဲမှုအား ဒီရေအတက်အကျဖြင့် ထိန်းချုပ်လုပ်ဆောင်ရမည် ဖြစ်သည်။

• ပိုလီအီသိုင်လင်း(Polyethylene) ပိုက်ကွန်များအား ကဏန်းများမထွက်ပြေးနိုင်စေရန် အသုံးပြုနိုင်ပါသည်။ 

• အစာကျွေးမွေးရန်အတွက် တန်ဖိုးနည်းငါးများ၊ ဒီရေတော ခရုများ၊ ဂုံးကောင်များ၊ ယောက်သွားများ နှင့် အခြားသက်ရှိ များ ဖြစ်ပါသည်။ 

Ref: ငါးလုပ်ငန်းဦးစီးဌာနတွင် သင်တန်းတက်ခဲ့စဥ်က လေ့လာသင်ယူခဲ့သော အချက်အလက်များ။        

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်