အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
စုပ်ခွက်ငါး

စုပ်ခွက်ငါး

Khant

Khant

116

လွန်ခဲ့သော ၁ နှစ် က

ပြန်ကြားချက် ၂ ခု

ဆရာ ဆရာမ များအားလုံးမင်္ဂလာပါခင်ဗျ ကျွန်တော်က ချင်းမိုင်တက္ကသိုလ်မှာ လူမှုသိပ္ပံနဲ့ ရေရှည်ဖွံ့ဖြိုးရေး ဝိဇ္ဇာဘွဲ့ ဘွဲ့ကြိုတန်းတက်ရောက်နေတာဖြစ်ပါတယ်။ ကျွန်တော်က “စုပ်ခွက်ငါးများရဲ့ ရေနေသဘာဝပတ်ဝန်းကျင်နဲ့ လူသားတွေအပေါ်အကျိုးသက်ရောက်မှု” ကိုလေ့လာနေတာဖြစ်ပါတယ်။ စုပ်ခွက်ငါးတွေ မြန်မာပြည်က ဘယ်ဒေသတွေမှာ တွေ့ရပါသလဲ စုပ်ခွက်ငါးတွေ မြစ်တွေချောင်းတွေထဲရှိခြင်းက -ရေနေသတ္တဝါ ဌာနေငါးမျိုးစိတ်နဲ့ တခြားသတ္တဝါကို ဘယ်လိုမျိုး သက်ရောက်မှုရှိပါသလဲ -ရေ သဘာဝပတ်ဝန်းကျင် (ကမ်းပါး၊ ချောင်း စသည် တို့ကို) ဘယ်လိုသက်ရောက်မှုရှိပါသလဲ - ရေလုပ်ငန်း၊ ငါးလုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေ၊ အသက်မွေးဝမ်းကြောင်းတွေကို ဘယ်လိုသက်ရောက်မှုမျိုးရှိပါသလဲ ဆိုတဲ့မေးခွန်းတွေကို ဖြေပေးဖို့ အကူအညီတောင်းပါတယ် သဘာဝပတ်ဝန်ကျင်နဲ့ လူမှုစီးပွါးဘဝအပေါ် သက်ရောက်မှုကို ဖြေပေးစေချင်တာပါခင်ဗျ။ “ဘာကြောင့်” ဒီလိုသက်ရောက်မှုတွေဖြစ်တာလည်း ဆိုတာကိုလည်း အဆင်ပြေရင် ထည့်ဖြေပေးဖို့ အကူအညီတောင်းပါတယ်ခင်ဗျ။

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။