အစိမ်းရောင်လမ်း
ကိုယ်စိုက်တဲ့ သီးနှံအတွက် ဘယ်ဈေးရမှ အရင်းကျေမလဲ

ကိုယ်စိုက်တဲ့ သီးနှံအတွက် ဘယ်ဈေးရမှ အရင်းကျေမလဲ

စိုက်ပျိုးစီးပွားရေးကို လုပ်နေကြတဲ့ တောင်သူလုပ်ငန်းရှင်ကြီးတွေကို ခေါင်းနည်းနည်းလောက် စားပါရစေ။ စီးပွားရေးလုပ်တဲ့အခါမှာ အရင်းကျေဈေးနှုန်းဆိုတာ ရှိပါတယ်။ အဲဒါကတော့ ကိုယ်ထုတ်တဲ့ထုတ်ကုန်နဲ့ ဆက်စပ်ကုန်ကျစရိတ်တွေကို ပြန်ရနိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေ၊ ဒါမှမဟုတ် ဈေးနှုန်းပေါ့။ 

ဥပမာ စပါးတစ်ဧက စိုက်တယ်။ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ အလုပ်သမား စတဲ့ ကုန်ကျစရိတ်တွေကို အကုန်ပေါင်းလိုက်လို့ ၄ သိန်းခွဲ ကုန်တယ်။ ထွက်နှုန်းက တင်း (၁၀၀) ထွက်တယ်။ အဲဒါဆိုရင် အရင်းကျေ ဈေးနှုန်းက တစ်တင်းကို (၄၅၀၀) ရဖို့လိုအပ်ပါတယ်။ တစ်တင်း (၄၅၀၀) အောက်ဈေးရောက်သွားပြီဆိုရင် ရောင်းဖို့က တော်တော် စဉ်းစားရတော့မယ်။ ကိုယ်က စိုက်ပျိုးရေးကို စီးပွားရေးအနေနဲ့ လုပ်နေတာကိုး။ 

ဒီတော့ အခြားတောင်သူတွေလည်း ဗဟုသုတရအောင် (🤫🤫🤫 ရူး.... တိုးတိုး )ဒီစာကို ကုန်သည်တွေ/ပွဲစားတွေတွေ့ရင်လည်း ဈေးညှိပြီးသားဖြစ်အောင် ကိုယ်စိုက်တဲ့သီးနှံအလိုက် ဘယ်လောက်ဈေးရမှ အရင်းကျေမလဲဆိုတာ ဆွေးနွေးရအောင်လား? 

 

တကယ်တော့ အစိမ်းရောင်လမ်းဆော့ဝဲလ်ထဲက အစိမ်းရောင်မှတ်တမ်း သုံးတဲ့တောင်သူဆို ပိုမြန်မယ်ထင်တယ်။ အဲဒီမှာ ကုန်ကျစရိတ်တွေကို အကုန်လုံးကို အတိအကျမှတ်ထားနိုင်ပြီး စိုက်ရာသီပြီးရင် အရှုံးအမြတ်ပါ တစ်ခါတည်း တွက်ထားပေးတော့ စမတ်ကျကျ ပြန်ဆွေးနွေးလို့ ရတာပေါ့နော်။ 

ဒါကတော့ စိုက်ပျိုးကျေင်းဆင်းစိုက်တဲ့ မှတ်တမ်းနော်။ ကျောင်းဆင်းမို့ မြတ်မယ်မထင်နဲ့ ရှုံးပါတယ်။ စိုက်ပျိုးစီးပွားရေးကအတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ၊ မှတ်တမ်းတွေ၊ ဈေးကွက်ချိတ်ဆက်မှုတွေပါ ထည့်ရတာမို့ တော်တော်ခက်တဲ့စီးပွားရေးလုပ်ငန်းအမျိုးအစားလို့ ပြောရမှာပါ။ တော်ရုံစိတ် တော်ရုံဇွဲနဲ့တော့ စိုက်ပျိုးစီးပွားရေးလုပ်လို့ မရဘူးဗျို့။

9
Chit Wunn Aung

Chit Wunn Aung

လွန်ခဲ့သော ၃ နှစ် က

အရင်းကျေစျေးနှုန်းထက် ပွဲစားနဲ့ ကုန်သည်ဖွင့်စျေးပဲ ရတာပါ ကောကမရိုးမှိုတစ်ပိသာ ၈၀၀၀ ကျပ်၉၀၀၀ကျပ် စျေးဝယ်စားရပေမယ့် ကိုစိုက်တော့ လာယူတဲ့သူကတစ်ပိသာ ၄၀၀၀ကျပ်ပဲပေးပါတယ်

Hnin Ei Khaing

Hnin Ei Khaing

လွန်ခဲ့သော ၃ နှစ် က

ဝါ စိုက်ပျိုးရေး လေးတင်ပြပေးပါ

ဆက်ပိုင်စိုး

ဆက်ပိုင်စိုး

လွန်ခဲ့သော ၃ နှစ် က

hi

komyint

komyint

လွန်ခဲ့သော ၄ နှစ် က

နောက်တမျိုးဆွေးနွေချင်ပါတယ်စပါးစိုက်လယ်သမားတွေ ဟာတနစ်ရူံပြီဆုီး3. နစ်လေက်ခံရပါတယ်21-22နစ်တွေဟာစျေးကွက်သင့်ပေးမဲ့သွင်အားစုတွေဟာစပါးစျေးကွက်ထက်ရှေ့ကိုအများကြီကျော်တက်နေတော့လယ်သမားဘဝကဘာမှထူးပြီးတိုးတက်မလာပါဘူးတချို့ဆုီလယ်ပါရောင်းပြီးကြွေးဆပ်ရတာရင်နာစရာပဲ

komyint

komyint

လွန်ခဲ့သော ၄ နှစ် က

စပါးစျေးကွက်နဲ့သွင်အားစုတိုင်တာရင်စပါးပေါ်ချိန်အစုီးချိန်စျေး 8000. တတင်းအခြောက်အနည်ဆုံး စပါးတတင်း ပေါင် 50 10000အနည်းဆု ံရမှလယ်သမားအသက်ရူးချောင်မယ်

You

ဆက်စပ်မေးခွန်းများ

စပါးပင်တွေက ပုံထဲမှာပြထားသလို ဝါနေလို့ပါခင်ဗျ အစာကျွေးထားတာလဲ ရက် 20လောက်ပဲရှိပါသေးတယ် အစာတောင်းတာလား ပိုးကျတာလားမသိတာကြောင့် ဘယ်လိုကုသရမလဲဆိုတာ ပညာရှင်များနဲ့ အတွေ့အကြုံရှိဦးကြီးများကဖြေကြားပေးစေလိုပါတယ်ခင်ဗျာ

ဧကာ • ဖြေကြားချက် 7 ခု

ဒီနှစ်မှာ တောင်သူ လယ်သမားဦးကြီးတို့ မနှစ်ကလို စပါးဈေး မကောင်းရင် ဘာဆက်လုပ်ကြမလဲ ရှင်☘️🌾🌾🌾 စပါးဈေးသာ မကောင်းတာ မြေဩဇာ မြေဆီ ဈေးနှုန်းက မကျဘူး နိုင်ငံကလဲ မလှတော့ ပြည်သူတွေလဲ ဝမ်းဝ ခါးလှဖို့ လာဏ်မမြင်

Phyoe Thi Thi Htun • ဖြေကြားချက် 4 ခု

မုန်လာထုပ်ခု8လပိုင်းစစိုက်နေပြီဈေးကောင်းလေးမိနိုင်လားဗျ

khun zaw myo • ဖြေကြားချက် 3 ခု

သခွားမျိုးကောင်းတာရှိရင်လမ်းညွှန်ပေးပါ

ဉာဏ်လင်းမောင် • ဖြေကြားချက် 2 ခု

ဒေါင်းခြောက်နဲနဲရှီလို

Arafta • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....