စိုက်ပျိုးရေးမှာ မှတ်တမ်းထားဖို့လိုသလား????

07/09/2019 12:43 PM တွင် Ayemyathaythi Ayemyathaythi မှ ရေးသား

ကျွန်မ ပြီးခဲ့တဲ့လတုန်းက အညာကို သွားဖြစ်တယ်။ ကျွန်မတည်းတဲ့အိမ်က ဘကြီးက နှမ်းတွေစိုက်တယ်။ နှမ်းဆိုတဲ့အမျိုးက လောင်းကစားသီးနှံမလား။ ဒီနှစ်မှာက မိုးနောက်ကျတာတွေရော မိုးကျတော့လည်း မိုးများတာတွေနဲ့ နှမ်းတွေပျက်ကြတယ်။ အထူးသဖြင့် ဆီအိုးကြီးဒေသဖြစ်တဲ့ မကွေးတိုင်းဘက်ပေါ့။ ကျွန်မသွားတော့ ဘကြီးက အတော့်ကို စိတ်ညစ်နေတာကိုး။ သူ့သမီးနဲ့ ကျွန်မက စိုက်ပျိုးရေးဆင်းဆိုတော့ သူ့မယ် ကျွန်မတို့ရှေ့ ငြီးငြီးငြူငြူနဲ့။ အဲ့မှာတင် ဇာတ်လမ်းက စတာပဲ။

ကျွန်မ။ ။ အယ် မိုးကကောင်းလှချည်လား။ မိုးအေးအေးနဲ့ အိမ်မှာ အနားရတုန်းလေးနားရတာ အရသာကိုရှိလို့ :D

ဒါနဲ့ ဘကြီး မိုးကောင်းတယ်ဆိုမှ ဘကြီးနှမ်းတွေကော အခြေအနေကောင်းရဲ့လား။ အခင်းလိုက်လည်မယ်ဆို မလိုက်ဖြစ်သေးဘူးလေနော်။

ဘကြီး။ ။ အေးကွာ မိုးကတော့ အင်မတန်ကောင်းပဲ။ တူမကြီးတို့ကတော့ အရသာရှိပေမယ့် ဘကြီးတို့ကတော့ ဘယ်လို လုပ်ရမလဲကို မသိပါဘူးကွာ။ နှမ်းပျက်တာက များတော့ အရင်းတောင်ပြန်ရရဲ့လားမသိပါဘူး

ကိုယ်တွေမယ် မနေနိုင်မထိုင်နိုင် စကားပြောမိလိုက်သေးတယ်။

ကျွန်မ။ ။ အယ် အဟုတ်လား။ အတော်များတယ်လး။ ဒါဖြင့် ဘကြီး စိုက်ရက်တွေ သွင်းအားစုထည့်တာတွေ ကုန်ကျစရိတ်တွေ စာရင်းလုပ်မထားဘူးလား။ လုပ်ထားတယ်ဆိုရင် ဘကြီး ရှုံးလား မြတ်လားဆိုတာက မှန်းတာမျိုးမဟုတ်ဘဲ တကယ် ဘယ်လောက်ကုန်လဲ ဘယ်လောက်မြတ်လဲ သိမှာပေါ့။

ကြီးကြီး။ ။ အမလေးတော် မလုပ်ဖြစ်ပါဘူးအေ။ ညည်းဘကြီးကလည်း သူ့လယ်အလုပ်၊ ယာအလုပ်နဲ့မအား။ ငါ့မှာကလည်း ဟိုအငယ်နှစ်ကောင် ကျောင်းသွားဖို့ပူရတာနဲ့ အိမ်အလုပ်က လုံးချာပတ်လိုက်နေတာနဲ့ အား မအားပေါင်တော်။ စာရင်းဇယားဆိုတာမျိုးကလည်း အင်မတန်ရှုပ်တဲ့အမျိုးအေ့ ညည်းနှယ် မမှတ်နိုင်ပါဘူးအေ။

ကျွန်မ။ ။ဟာ ဒီလိုတော့လည်း ဘယ်ဟုတ်ပါ့မလဲ ကြီးချိုရယ်။ စိုက်တာပျိုးတာအပြင် ကြီးချိုတို့ ဝင်ငွေတွေ အငယ်ကလေးနှစ်ယောက်ရဲ့ ကျောင်းစရိတ်ကုန်တာတွေ ထွက်ငွေတွေ သူရင်းငှားခတွေ လယ်ငှားခတွေ အဲ့ဒါတွေ မှတ်တာမျိုးလုပ်တဲ့အခါကျတော့ ကြီးချိုတို့ ဘယ်လိုနေရာတွေမှာ ကုန်ကျစရိတ်များနေလဲ လျှော့လို့ရမရ တွေ သိလာမယ်။ လျှော့လို့ရရင် ပိုက်ဆံပိုစုဖြစ်မယ်။

တစ်ခါ စိုက်တာပျိုးတာကိုမှတ်ထားတော့ ဘယ်နှစ်တုန်းက မိုးဘယ်လိုနောက်ကျတယ် စောတယ်အဲ့တုန်းက ဘယ်အချိန်ကို စိုက်မိလို့ အထွက်တိုးတယ် ဒါမှမဟုတ် အထွက်နည်းတယ်။

အဲ ပြီးတော့ကာ တို့တွေ သီးနှံကိုဘယ်သူ့ကို ဘယ်စျေးနဲ့ ဘယ်နှစ်က ရောင်းလိုက်တယ်။ ဒီနှစ်ကော အဲ့စျေးရနိုင်ရဲ့လား။ တို့တွေ တိုးစိုက်ရမလား။ လျှော့စိုက်ရမလား။ သွင်းအားစုအခြေအနေနဲ့ ဒီနှစ်တော့ ဘယ်လောက်ကုန်မယ် စတာတွေကို ကြီးချိုတို့ မှတ်ထားလို့ရတာပေါ့။

ဘကြီး ။ ။ ထားပါတော့ ညည်းပြောသလိုမှတ်ပါပြီတဲ့ ဘာကောင်းကျိုးရမှာတဲ့တုန်း။ ငါတို့ အချိန်သာသက်သက်မဲ့ ပေးလိုက်ရသလို ဖြစ်နေပါဦးမယ်။

ကျွန်မ။ ။ ဘကြီးရယ် အချိန်သက်သက် မကုန်ပါဘူး။ ကောင်းကျိုးကတော့ များလို့။ ဘကြီး စိုက်တာပျိုးတာ မြေဆီထည့်တာတွေ ဆေးဖြန်းတာတွေမှတ်ထားမယ်၊ ပြီးတော့ သီးနှံမယ် ပိုးကျတာ ရောဂါကျတာတွေ ပုံမမှန်တာတွေကို အဲ့နေ့ဝန်းကျင်မှာ ဖြစ်နေတဲ့ရာသီဥတု အခြေအနေနဲ့ တွဲမှတ်ထားမယ်ဆိုရင် ရမယ့်ကောင်းကျိုးက ဘကြီးနောက်ရာသီတွေမှာဆိုရင် ဘယ်လိုအခြေအနေဖြစ်ပြီဆိုတာနဲ့ ဘာတွေဖြစ်လာနိုင်တယ်။ မဖြစ်လာခင်မှာ ဘယ်လိုမျိုး ကြိုတင်ကာကွယ်ထားမလဲ။ အဲ ပြီးခဲ့တဲ့ရာသီမှာတော့ ဘယ်သီးနှံမှာ ဘယ်ပိုး၊ ရောဂါကျတာများတယ် ဒါဆို ဒီနှစ်တော့ တခြားဟာ ပြောင်းစိုက်မယ် အဲ့လိုမျိုး ချိန်တွက်လို့ရတာပေါ့ ဘကြီးရဲ့။

အဲ့လိုချိန်နိုင်တဲ့အတွက် မလိုအပ်ဘဲ ကုန်ကျတာတွေ လျှော့ချနိုင်မယ်။ သီးနှံပြောင်းစိုက်တဲ့အတွက် မြေဆီလွှာအတွက်ကော ပိုးရောဂါ ကာကွယ်တာအတွက်ကော အကျုံးဝင်တယ်။ မဟုတ်ဘူးလား။ ဘယ်လောက်ကောင်းလဲ။

ကြီးကြီး။ ။ အင်း မဆိုးဘူးတော့။ နို့မို့ တော့်ခင်းမယ် ပုလဲ ထည့်ပြီးမပြီး ဘယ်လောက်ပမာဏတွေထည့်လဲ မှတ်နိုင်တော့ နောက်ဆို တော့်အခင်းအတွက် ကုန်ကျတာတွေ လုပ်ငန်းတွေ မှန်းနိုင်တာပေါ့။ ညည်းဘကြီးအတွက် ကတော့ ဟုတ်ပါပြီတဲ့. ငါ့ကျတော့ကော ဘာလို့မှတ်ခိုင်းတာတုန်း။

ကျွန်မ။ ။ကြီးချိုကျတော့ အိမ်ရဲ့ စီးပွားရေး အဓိက လေ မဟုတ်ဘူးလား။ သီးနှံ ဘယ်လောက်သိမ်းရတယ်။ သီးနှံပေါ်ချိန်မှာ ရတဲ့စျေးတွေ၊ သီးနှံရှားချိန်မှာ ရတဲ့စျေးတွေကို နှစ်အလိုက် ရာသီအလိုက်မှတ်ထားတော့ ကြီးချိုတို့ ရောင်းဖို့အတွက် အချိန် အမြတ်ဘယ်အချိန်မှာ ကိုက်နို်ငတယ်ကို ချိန်လို့ရတယ်။အဲ ဒါပေမယ့် ရာသီအလိုက်ဖြစ်နေတဲ့သီးနှံပေါ်စျေးတွေကိုတော့ အချိန်နဲ့ တပြေးညီ သိနေ နားထောင်နေဖို့တော့လိုတယ်။ ဒါမှမှန်းလို့ရမှာကိုး။ ဝင်ငွေထွက်ငွေမှန်းတာက ကျတော့ ကြီးချိုအနေနဲ့ ဘယ်နားတွေမှာ မလိုအပ်ဘဲ ကုန်ကျစရိတ်တွေများနေလဲ ဘယ်လိုလျှော့ချရမလဲ ကို မြင်နိုင်တာပေါ့ ကြီးချိုရဲ့။

ကြီးကြီး။ ။ မဆိုးပါဘူး။ ဒါပေမယ့် ကျုပ်တို့မှာက အဲ့လိုမှတ်လေ့မရှိတော့ မမှတ်တတ် မလုပ်တတ်ဘူးအေ့။ ဘယ်လိုလုပ်ရမှာတုန်း။

ကျွန်မ။ ။သမီး အကြမ်းပြမယ်လေ။

ကြီးကြီး။ ။အမလးဟယ် ဇယားတွေက များလိုက်တာ အာရုံနောက်ပါတယ်ဆိုတော်။

ကျွန်မ။ ။ မနောက်ပါဘူး ကြီးကြီးရဲ့။သမီး ဇယားတစ်ခုစီအတွက် စာအုပ်တစ်အုပ်စီ လုပ်ပေးမယ်။ဇယားလည်းဆွဲပေးခဲ့မယ်။ တစ်အုပ်ချင်းစီဆိုရှင်းမှာပါ။ ကြီးကြီးက အောက်က ဇယားနှစ်ခုကို တာဝန်ယူပေးရုံပဲ။ ဘကြီးက အပေါ်က ဇယားနှစ်ခု။ ကိုယ်တနေ့လုပ်လိုက်တဲ့ ဟာလေးတွေကိုမှတ်ရုံပဲဆိုတော့ မခက်ပါဘူးလေနော့။

ပြီးတော့ အခု ဘကြီးတို့ ဖုန်းသုံးတဲ့အထဲကို အက်ပလီကေးရှင်း ၁ခု ထည့်ပေးမယ်။ အစိမ်းရောင်လမ်းဆိုတာလေ ဘကြီးကို သမီးတခါပြောဖူးတယ်လေနော်။ အဲ့ထဲမှာလည်းမှတ်လို့ရတယ် ဘကြီး နောက်ရက်ကျတော့ သမီး ပြပေးမယ်။

ဘကြီး။ ။ အေးအေး ဟုတ်ပြီ။ ညကျပြပေးပေါ့ ဟုတ်လား။ ငါလည်းမိုးနည်းနည်းစဲတုန်း အခင်းထဲ သွားဖို့လုပ်လိုက်ဦးမယ်။

ကျွန်မ။ ။ ဟုတ်ကဲ့ဘကြီး။ မနက်ဖြန်တော့ အခင်းထဲလိုက်ခဲ့မယ်လေနော်။ ဒီနေ့တော့ မိုးအေးအေးနဲ့ ဇယားဆွဲပြီးရင် ပြန်အိပ်လိုက်ဦးမယ် အဟီးးးး။

ကြီးကြီးရေ မုန့်ကျက်ရင်ခေါ်နော် သမီး စားကူပေးမလို့ အဟဲ။???

**the story is end***


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်