သက်လျင်အထွက်ကောင်း ဂျုံမျိုးသစ်(ရေဆင်းဂျုံ - ၁၂)
မြန်မာနိုင်ငံသည် ဂျုံကို အဓိကစိုက်ပျိုးသောနိုင်ငံမဟုတ်ပါ။ ထို့အတူ ဂျုံစားသုံးသော နိုင်ငံလည်း မဟုတ်ပါ။ သို့သော် ကျနော်တို့၏ နေ့စဉ်စားသောက်မှုတွင် ဂျုံဖြင့်ပြုလုပ်သော ခေါက်ဆွဲ၊ ကိတ်မုန့်၊ ပေါင်မုန့်-စသည့် အစားအစာအများစုတို့ ပါဝင်လျက် ရှိပါသည်။
ဂျုံစိုက်ပျိုးဧရိယာအနေဖြင့် ဆန်စပါးကဲ့သို့ များပြားခြင်းမရှိသော်လည်း ဂျုံသီးနှံကို တောင်ပေါ်ဒေသနှင့် မြေပြန့်နှစ်မျိုးလုံးတွင် စိုက်ပျိုးလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် ဂျုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိပါသည်။
ဂျုံသီးနှံသည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံတို့ကဲ့သို့ အခြောက်ထွန်ရေးဖြင့် ဆောင်းရာသီတွင် စိုက်ပျိုးနိုင်သည့် ယာသီးနှံတစ်မျိုး ဖြစ်သည်။ လယ်မြေနှင့် ယာမြေနှစ်မျိုးလုံးတွင် ဖြစ်ထွန်းသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် မိုးရာသီပဲတီစိမ်းသီးနှံ ရိတ်သိမ်း အပြီးတွင်လည်းကောင်း၊ နှမ်းလျင်သီးနှံရိတ်သိမ်းအပြီးတွင်လည်းကောင်း၊ မိုးမြေပဲသီးနှံအပြီးတွင် လည်းကောင်း ဂျုံသီးနှံကို စိုက်ပျိုးသည်။ ရှမ်းပြည်နယ်တွင်မူ ပဲရင်းသီးနှံအပြီး၊ မိုးမြေပဲသီးနှံ အပြီးနှင့် ပဲပုပ်သီးနှံအပြီးတို့တွင် စိုက်ပျိုးပါသည်။
သို့သော် ဂျုံသီးနှံစိုက်ဧရိယာကို ထပ်မံတိုးချဲ့ရန် အခက်အခဲများရှိနိုင်ကြောင်းသိရသည်။ အကြောင်းမှာ ဂျုံသီးနှံသည် အေးမြသောရာသီဥတုကို ကြိုက်နှစ်သက်သည်။ အထူးသဖြင့် သားတက်ထွက်ချိန်တွင် ဖြစ်သည်။ သို့ဖြစ်၍ ရေမြေရာသီဥတုတိုင်းတွင် စိုက်ပျိုးနိုင်မှုမရှိပါ။
ထို့ပြင် ဂျုံသီးနှံနှင့် ကုလားပဲ၊ နေကြာစသည့် အခြားဆောင်းရာသီသီးနှံများ စိုက်ပျိုးချိန် တစ်ချိန်တည်း ဖြစ်သဖြင့် ထိပ်တိုက်ရင်ဆိုင်ရ၍ တောင်သူ၏ရွေးချယ်မှုပင် ဖြစ်သည်။ သို့ဖြစ်၍ အဓိကထားလုပ်ဆောင်သင့် သည်မှာ ဂျုံသီးနှံအထွက်နှုန်းနှင့် ထုတ်လုပ်မှုတိုးမြင့်ရေးပင် ဖြစ်ပါသည်။
ဂျုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးမြင့်ရန် အဓိကလိုအပ်သည်မှာ မျိုးနှင့် နည်းပညာပြန့်ပွားရေး ဖြစ်သည်။ တနည်းအားဖြင့် သုတေသနဖွံ့ဖြိုးရေးပင် ဖြစ်ပါသည်။
ဂျုံသီးနှံတစ်ဧကအထွက်နှုန်းတိုးတက်ဖို့ဆိုလျှင် မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေးကို မလွဲမသွေ လုပ်ဆောင်ရမှာ ဖြစ်သည်။ ရှေးယခင်က မြန်မာနိုင်ငံနှင့် သင့်တော်သောဂျုံမျိုးများကို တင်သွင်းကာ စမ်းသပ်စိုက် ခဲ့သည်။ ယခုမူ ဂျုံမျိုးမွေးမြူရွေးချယ်ရေးသုတေသနလုပ်ငန်းကို စိုက်ပျိုးရေးသုတေသနပညာရှင်များ ပြည်တွင်းတွင်ပင် ဆောင်ရွက်လျက်ရှိပါသည်။
၁၉၇၆ ခုနှစ်မှစတင်၍ အပြည်ပြည်ဆိုင်ရာပြောင်းဖူးနှင့် ဂျုံသီးနှံ သုတေသနဌာန (International Maize and Wheat Improvement Center-CIMMYT)နှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
မြေပြန့်တောင်ပေါ်ဒေသအလိုက်ဖြစ်ထွန်းသောဂျုံမျိုးများ၊ အပူဒဏ်ခံနိုင်ရည်ရှိသော ဂျုံမျိုးများ၊ သက်လျင်၍ အထွက်နှုန်းကောင်းသော ဂျုံမျိုးများရရှိရေးတို့ကို ကြိုးစားလျက်ရှိသည်။ ၁၉၈ဝ ခုနှစ်မှ စတင်၍ တောင်သူများစိုက်ပျိုးနိုင်ရန် ဂျုံမျိုးသစ်များကို ရွေးချယ်ဖေါ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ရေဆင်းဂျုံ-၁(LYP-73)၊ ရေဆင်းဂျုံ-၂(SA-75)၊ ရေဆင်းဂျုံ-၃(V-1278)၊ ရေဆင်းဂျုံ-၄(LU-26)၊ ရေဆင်းဂျုံ-၅(BlueSilver)၊ ရေဆင်းဂျုံ-၆(Veery-5)၊ ရေဆင်းဂျုံ-၇(UP-262)၊ ရေဆင်းဂျုံ-၈ (PC Early-2586)၊ ရေဆင်းဂျုံ-၉(LYP-73 x MW-72)၊ ဇလုပ်-၁၊ ဇလုပ်-၂၊ ဇလုပ်-၃၊ ဇလုပ်-၄ စသည့် ဂျုံမျိုးသစ်များကို ဖေါ်ထုတ်ပေးနိုင်ခဲ့သည်။
ဆက်လက်၍လည်း နနွင်းရောဂါဒဏ်နှင့် ရေငတ်ဒဏ်ခံနိုင်သော ရေဆင်းဂျုံ-၁၀ မျိုး၊ ခြောက်သွေ့မှုဒဏ်ခံနိုင်ပြီး၊ ရောဂါဒဏ်ခံ၊ အရည်အသွေးကောင်းသော ရေဆင်းဂျုံ-၁၁ မျိုးတို့က်ု ဖေါ်ထုတ်ပေးခဲ့သည်။
ယခု ၂၀၂၂ ခုနှစ်တွင်မူ သက်လျင်အထွက်ကောင်းသည့် ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂ မျိုးကို တောင်သူများစိုက်ပျိုးနိုင်ရန် ဖေါ်ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
အရည်အချင်းလက္ခဏာများ
ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂၏ အသက်ရက်မှာ မြေပြန့်ဒေသတွင်စိုက်ပျိုးပါက ရက် ၉၀ နှင့် တောင်ပေါ်ဒေသတွင် စိုက်ပျိုးပါက ၁၀၅ မှ ၁၁၀ ရက် ဖြစ်သည်။ အပင်အမြင့်မှာ ၇၀ မှ ၇၅ စင်တီမီတာရှိသည်။
မြေပြန့်ဒေသတွင် အပင်ပေါက်ပြီး ၅၄ ရက်အကြာတွင် ပန်းပွင့်သည်။ တောင်ပေါ်ဒေသတွင်မူ အပင် ပေါက်ပြီး ၈၈ ရက် အကြာတွင် ပန်းပွင့်သည်။
အနှံအရှည်မှာ ၉ မှ ၁၀ စင်တီမီတာရှိပြီး အမြီး(Awn) ပါဝင်မှုရှိသည်။ တစ်နှံပါအစေ့မှာ ၄၀ မှ ၄၅ စေ့ ရှိသည်။ အစေ့ ၁၀၀၀ အလေးချိန်မှာ ၄၀ ဂရမ်ရှိသည်။ အစေ့အရောင်မှာ အဖြူရောင် ဖြစ်ပါသည်။
ရေသွင်းစိုက်ပျိုးဧရိယာတွင် တစ်ဧက ၄၄ မှ ၄၅ တင်းထွက်နိုင်ပြီး ရေပေးသွင်းခြင်း မပြုဘဲ စိုက်ပျိုးဧရိယာတွင် ၂၈ မှ ၃၃ တင်းအထွက်ကို ရရှိနိုင်ပါသည်။
ထူးခြားချက်မှာ အသက်လျင်အထွက်ကောင်းမျိုးဖြစ်သည်။ အပူဒဏ်ခံနိုင်၍ နောက်ကျ စိုက်ပျိုးနိုင်သည်။ မြေပြန့်ဒေသအတွက် အထူးသင့်လျော်ပြီး ဂျုံနနွင်းရောဂါဒဏ်ခံနိုင်ရည်ရှိပါသည်။
ဂျုံမျိုးသစ် ရေဆင်းဂျုံ-၁၂ မှာ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရန်နှင့် တစ်ဧကအထွက် နှုန်းမြင့်မားပြီး တောင်သူများ အကျိုးအမြတ်ဝင်ငွေကောင်းစေရေးအတွက် စိုက်ပျိုးသင့်သည့်အတွက် မိတ်ဆက်ပေးလိုက်ရပါသည်။
ဆင်းသီဟ
ဟိန်းထက်အောင်
လွန်ခဲ့သော ၂ နှစ် ကဂျုံမျိုးတွေကျ စစ်ကိုင်းတိုင်းဘယ်မှာဝယ်ယူလို့ရလဲဗျ
ဦးဝင်းဇော်အေး
လွန်ခဲ့သော ၂ နှစ် ကပျဉ်းမနားမြို့နယ်အတွင်းစိုက်ပျိုးဖြစ်ထွန်းနိုင်ပါသလား
Zai Ba Thaung
လွန်ခဲ့သော ၄ နှစ် ကမျိုးစေ့ရနိုင်သေးလား
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....