ဒေသအလိုက်စိုက်ပျိုးကြသော မိုးစပါးမျိုးများ၏ လက္ခဏာများ
ဆန်စပါးသည် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသည့်သီးနှံတစ်မျိုးဖြစ်သကဲ့သို့ ပိုလျှံထွက်ရှိသောဆန်ကို ပြည်ပသို့ တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရရှိစေသော အဓိက စိုက်ပျိုးရေး သီးနှံလည်း ဖြစ်ပါသည်။ နိုင်ငံအတွင်း၌ မိုးရာသီတွင် အနည်းဆုံး စပါးမျိုးပေါင်း ၆၀ ကျော်ကို စိုက်ပျိုးလျက်ရှိသည်။ အချို့သော စပါးမျိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအနှံ့ စိုက်ပျိုး ကြသော်လည်း အချို့မျိုးများမှာ သင့်လျော်သော မြေဆီလွှာ၊ ရာသီဥတုနှင့် ဒေသခံတောင်သူများ ၏ နှစ်သက်မှုအရ သီးသန့်ဒေသများတွင်သာ စိုက်ပျိုးကြပါသည်။
စပါးမျိုးအုပ်စုများ
မြန်မာနိုင်ငံအတွင်း စိုက်ပျိုးသည့် စပါးမျိုးအုပ်စု သုံးခုရှိသည်။ ၎င်းတို့မှာ အထွက်ကောင်းမျိုး (High Yielding Variety - HYV)၊ အရည်အသွေးကောင်းမျိုး (High Quality Variety - HQV) နှင့် ဒေသမျိုး (Local Variety - LV) တို့ ဖြစ်ကြပါသည်။ ဤဆောင်းပါးတွင် အထွက်ကောင်းစပါးမျိုး အုပ်စုနှင့် အရည်အသွေးကောင်းမျိုးအုပ်စုတို့၏ စိုက်ပျိုးမှုအခြေအနေများကို ဖော်ပြအပ်ပါသည်။
ပြည်ထောင်စုတစ်ဝှမ်း အဓိက စိုက်ပျိုးသည့် စပါးမျိုးများ
ပြည်ထောင်စုချုပ်ကိန်းဂဏန်းများအရ ၂၀၂၅ ခုနှစ် မိုးရာသီတွင် ဧရိယာဧကသန်းနှင့်ချီ၍ စိုက်ပျိုးသည့် စပါးမျိုး (၄) မျိုးရှိသည်။ ၎င်းတို့မှာ - ၁။ ဆင်းသုခ ၂။ ပေါ်ဆန်း ၃။ မနောသုခ ၄။ ဧရာမင်း တို့ ဖြစ်ကြပါသည်။
(၁) ဆင်းသုခ
ဆင်းသုခစပါးမျိုးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီးရှိ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။
ဆင်းသုခစပါးမျိုးသည် လက်ရွေးစင်စပါးမျိုးအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ အရသာ သင့်တင့်ပါသည်။
(၂) မနောသုခ
မနောသုခစပါးမျိုးသည် မန္တလေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။
မနောသုခစပါးမျိုးသည် လက်ရွေးစင်မျိုးအုပ်စုဝင်ဖြစ်ပြီး အသက် ၁၃၅ ရက်တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာသင့်တင့်ပြီး အနည်းငယ်မာပါသည်။
(၃) ပေါ်ဆန်း
ပေါ်ဆန်းသည် အရည်အသွေးကောင်းစပါးမျိုးအုပ်စုတွင် ဧရိယာဧကအများဆုံး စိုက်ပျိုးသည့်မျိုး ဖြစ်ပါသည်။ ပေါ်ဆန်းဆိုရာတွင် ပေါ်ဆန်းရင်၊ ပေါ်ဆန်းဘေးကြားနှင့် ပေါ်ဆန်းမွှေးမျိုး အားလုံး ပါဝင်သည်။ “ပေါ်ဆန်း”ဟူသော နာမည်အပါအဝင် ဒေသအခေါ် အဝေါ် အမျိုးမျိုးဖြင့် စိုက်ပျိုးလျက်ရှိသဖြင့် ခြုံငုံ၍ “ပေါ်ဆန်း”ဟု ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။
ပေါ်ဆန်းစပါးမျိုးသည် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုး စုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင်လည်း စိုက်ပျိုးပါသည်။
ပေါ်ဆန်းစပါးမျိုးများသည် မီးတုံးမျိုးအုပ်စုဝင်ဖြစ်ပြီး ရာသီစပါးမျိုး (Date-fixed Variety) ဖြစ်ပါသည်။ ပေါ်ဆန်းမျိုးကိုလိုက်၍ အောက်တိုဘာလ တတိယပတ်မှ နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ပန်းပွင့်ကြသည်။ ဒေသအလိုက် အရည်အသွေး ကွဲပြားကြသော်လည်း အရသာကောင်းမွန်သည့်မျိုးများ ဖြစ်ကြပါသည်။
(၄) ဧရာမင်း
ဧရာမင်းစပါးမျိုးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။
ဧရာမင်းစပါးမျိုးသည် ဧည့်မထမျိုးအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းပါသည်။
ဒေသအလိုက် အဓိက စိုက်ပျိုးသည့် စပါးမျိုးများ
ပြည်ထောင်စုတစ်ဝှမ်း အဓိက စိုက်ပျိုးသည့် စပါးမျိုးများမှအပ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဓိက စိုက်ပျိုးသည့် စပါးမျိုးများမှာ - ၁။ ရွှေဝါထွန်း ၂။ ဆင်းဧကရီ-၃ ၃။ ဆင်းသွယ်လတ် ၄။ မှော်ဘီ-၂ ၅။ မှော်ဘီ-၃ ၆။ လုံးသွယ်မွှေး တို့ ဖြစ်ကြပါသည်။
(၁) ရွှေဝါထွန်း
ရွှေဝါထွန်းစပါးမျိုးသည် မွန်ပြည်နယ်၌ အထွက်ကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။
ရွှေဝါထွန်းစပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၅ မှ ၁၅၀ အထိ ဖြစ်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာသင့်တင့်ပြီး အနည်းငယ် မာပါသည်။
(၂) ဆင်းဧကရီ-၃
ဆင်းဧကရီ-၃ စပါးမျိုးသည် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေး ကောင်းစပါးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း စိုက်ပျိုးပါသည်။
ဆင်းဧကရီ-၃ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၃၅ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ အရသာကောင်းမွန်ပြီး နူးညံ့ပါသည်။

(၃) ဆင်းသွယ်လတ်
ဆင်းသွယ်လတ်စပါးမျိုးသည် ရခိုင်ပြည်နယ်၌ အထွက်ကောင်းစပါးမျိုး စုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။
ဆင်းသွယ်လတ်သည် ဧည့်မထမျိုးအုပ်စုဝင်ဖြစ်ပြီး အသက်ရက် ၁၃၅ တွင် ရိတ်သိမ်းနိုင် ပါသည်။ ဆန်ရည်၊ ဆန်သား ကြည်လင်ကာ စားသုံးမှု အရသာကောင်းမွန်ပြီး နူးညံ့ပါ သည်။
(၄) မှော်ဘီ-၂
မှော်ဘီ-၂ စပါးမျိုးသည် ပဲခူးတိုင်းဒေသကြီး၌ အရည်အသွေးကောင်းစပါးစုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးပါသည်။
မှော်ဘီ-၂ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၄၀ တွင် ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းမွန်ပြီး နူးညံ့ပါသည်။
(၅) မှော်ဘီ-၃
မှော်ဘီ-၃ စပါးမျိုးသည် ရန်ကုန်တိုင်းဒေသကြီး၌ အထွက်ကောင်းစပါးမျိုးစုစုပေါင်း စိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း စိုက်ပျိုးပါသည်။
မှော်ဘီ-၃ စပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အသက်ရက် ၁၃၀ မှ ၁၃၅ ရက်အတွင်း ရိတ်သိမ်းနိုင်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ အရသာကောင်းပါသည်။
(၆) လုံးသွယ်မွှေး
လုံးသွယ်မွှေးစပါးမျိုးသည် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ရှိ အရည်အသွေးကောင်းစပါးမျိုးစုစုပေါင်းစိုက်ဧကတွင် အဓိက စိုက်ပျိုးလျက်ရှိသည့် စပါးမျိုး ဖြစ်ပါသည်။
ဤစပါးမျိုးသည် ဧည့်မထအုပ်စုဝင် စပါးမျိုးဖြစ်ပြီး အောက်တိုဘာလလယ်တွင် ပန်းပွင့်ပါသည်။ ဆန်ရည်၊ ဆန်သားမှာ ကြည်လင်ကာ စားသုံးမှု အရသာကောင်းမွန်ပြီး နူးညံ့၍ ပျော့ပျောင်းပါသည်။
မိုးရာသီတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျက်ရှိသည့်စပါးမျိုးများအပြင် ဒေသရေမြေအရ အဓိကမဟုတ်သော်လည်း စိုက်ပျိုးလျက်ရှိသည့် အခြားစပါးမျိုးများလည်း ရှိပါသေးသည်။ စိုက်ပျိုးလျက်ရှိသည့် ဒေသစပါးမျိုး(Local Variety)အပါအဝင် အထွက်ကောင်းစပါးမျိုး (HYV) နှင့် အရည်အသွေးကောင်းစပါးမျိုး (HQV) ဟူသော မျိုးအုပ်စုသုံးခုစလုံးသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးအတွက်သာမက ပိုလျှံထွက်ရှိသော ဆန်ကို ပြည်ပသို့ တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိစေရန်အတွက်ပါ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။
ထို့ကြောင့် ဒေသနှင့် ကိုက်ညီသင့်လျော်သော စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စပါးအထွက်နှုန်းနှင့် အရည်အသွေး တိုးတက် ကောင်းမွန်လာစေခြင်းဖြင့် အကျိုးအမြတ်ဝင်ငွေ ကောင်းကြစေလိုပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးမျိုးများ
Thein lin htun
လွန်ခဲ့သော ၄ လ ကဧရာမင်းစပါးကအခုလာမည့်နှစ်မှာဈေးကောင်းနိူင်ပါ့မလားဗျ
ဆက်စပ်မေးခွန်းများ
မတ်ပဲကို ရိုးရိုးကြဲတာနဲ့ လူးနယ်ဆေး ဖြင့်လူးပြီးမှကြဲတာဘယ်ဟာပိုကောင်းလဲဗျ တစ်ဧကကို မျိုးစေ့ဘယ်နှုန်းထားလောင်ကြဲရင် သင့်တော်လဲမလဲဗျ သူများတေပြောကြတာ တစ်ဧက ၂တင်းနှုန်းကြဲပြီးထူလေ ကောင်းလေပြောကြလို့ဗျ အကြံဉာဏ်လေးပေးပါအုံး ဆရာတို့ခဗျာ
Aung Zay • ဖြေကြားချက် 2 ခု
ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေသေးတယ်ဆိုတော့ ခုချိန်ထွန်ယက်စိုက်ဖို့ အဆင်ပြေနိုင်လားဗျ
Aung Zay • ဖြေကြားချက် 1 ခု
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ဘေးကပါမနက်ဖြန်(၂၂.၁၀.၂၆)နေ့မှာမြေပဲချဖို့လုပ်ထားပေမယ့် ရွာကလူကြီးတွေကမိုးပိမှာစိုးလို့မချသေးနဲ့ဦးလို့ပြောနေကြလို့ပါ မြေပဲကမိုးပိရင်ဘယ်လိုဖြစ်နိုင်လည်းရှင့် ဆွေးနွေးအကြံပြုပေးကြပါဦးရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
Ko Nay • ဖြေကြားချက် 1 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
Ko Nay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
ဆေးလောင်လို့ နွမ်းလျတဲ့အပင်ကို “သကြားရည်” နဲ့ ပြန်အသက်သွင်းကြစို့်
21/10/2026
ရေငတ်သီးနှံ မရှိစေရ - ၁၆ နှစ်အရွယ် တောင်အာဖရိက ကျောင်းသူလေးရဲ့တီထွင်မှု
21/10/2026
More from Soe Myint
အားလုံး