ဝါးကိုင်းတက်ဖြင့် မျိုးပွားခြင်း
ကိုင်းတက်ရှိသော ဝါးမျိုးများ၏ ကိုင်းတက်များမှ အကြီးဆုံး ကိုင်းတက်ကို မျိုးပွားရန်အတွက် ရွေးချယ်ရပါမည်။ ဝါးအမျိုးအစားအပေါ် မူတည်၍ အကြီးဆုံး ကိုင်းတက် ပထမနှင့် ဒုတိယ ထွက်သော ကိုင်းတက်များ ဖြစ်ပါသည်။
ဝါးကိုင်းတက်ရယူမည့် မိခင်အပင်သည် အနည်းဆုံး အသက်(၂) နှစ်ပြည့်ဝပြီး အပင် ဖြစ်ရပါမည်။ ဆိုဒ်ကြီးသော ဝါးမျိုး (ဉပမာ-ဝါးဘိုး) အတွက် ၃ နှစ်သားဝါးပင်မှ ကိုင်းတက်ဖြစ်ရပါမည်။ အသက်နုနယ်သော ဝါးပင်မှ ကိုင်းတက်များရယူခြင်း မပြုရပါ။ အလွန်အိုမင်းနေသော ဝါးပင်မှ ကိုင်းတက်ကိုလည်း မယူရပါ။ အသက် (၂) နှစ်မှ (၃) နှစ်အတွင်းရှိ ဝါးပင်များမှ ကိုင်းတက်များသည် ဝါးတော်တော်များများအတွက် အကောင်းဆုံးဖြစ်သည်။ ဝါးကိုင်းတက်သည် အနာအဆာမရှိဘဲ အရွက်များ ရှင်သန်နေသော ကိုင်းတက် ဖြစ်ရပါမည်။ အရုံလိုက်ပေါက်သော ဝါးမျိုးများတွင် အပင်၏အဆစ်တိုင်း၌ ကြီးမားသော ကိုင်းတက်နှင့် ဒုတိယ ကိုင်းတက်ရှိပြီး ယင်းတို့မှာ မျိုးပွားရန် အသင့်တော်ဆုံးဖြစ်ကြပါသည်။
ကိုင်းတက်အရွယ်အစားမှာ ခဲတံလုံးထက် ပိုမိုကြီးမားပြီး အဆစ် (၂) ဆစ် (၃) ဆစ်ပါအောင် ဖြတ်ယူရမည်။ မိခင်ပင်မှ ကိုင်းတက်ခုတ်ယူရာတွင် မိခင်ပင်အမြင့်၏ အလယ်နှင့် အထက်ရှိ အကိုင်းများရွေးပါ။ ထိခိုက်ပျက်စီးမှု မရှိစေရန် မိခင်ပင်၏ အသား အနည်းငယ်ပါအောင် ကိုင်းတက်အောက်ခြေမှ ဝိုက်၍ ဖြတ်ယူရပါမည်။ ခုတ်ယူပြီး ကိုင်းတက်များ ခံနိုင်ရည်ရှိစေရန် အားဆေး(တောနပ်)ကဲ့သို့သော ဟိုမုန်းဆေးဖျော်ရည်တွင် ချက်ချင်းထည့်စိမ်ထားပြီး အရိပ်အောက်တွင် ထားသင့်ပါသည်။ လူတစ်ဉီးတစ်ကြိမ်လျှင် ကိုင်းတက် (၁၀၀)ခန့်သာ စုဆောင်းသင့်ပါသည်။ အကြောင်းမှာ များများခုတ်ယူပါက ခုတ်ပြီးအကိုင်းများ ခြောက်သွေ့သွားမည် ဖြစ်သောကြောင့် တစ်ချိန်တည်းတွင် ကိုင်းတက် (၁၀၀) နှင့်အထက် မခုတ်ယူသင့်ပါ။
ဖွဲပြာ၊ နွားချေး၊ သဲနှင့် မြေဆွေးတို့ကို ၁:၂:၃:၁ ဖြင့် ရောစပ်ပြီး ရေနှပ်ထားသော ပျိုးဘောင်တွင် ကိုင်းတက်များကို စိုက်ပျိုးပါ။ စိုက်သောအခါ ပျိုးဘောင်အတွင်း အဖူးပါ အဆစ်(၂)ဆစ် မြုပ်သည် (အနက်၂ လက်မ) အထိ စိုက်ရပါမည်။ ကိုက်တက်ပတ်လည်တွင် သေသေချာချာ လက်နှစ်ဖက်ဖြင့် မြေကို ဖိနိုင်သမျှ ဖိနှိပ်ပေးရန် လိုအပ်ပါသည်။
စိုက်ပြီးလျှင် အပင်ခြေရင်းကို မြက်ခြောက် (သို့) ကောက်ရိုးဖြင့် အုပ်ပေးပြီး ညင်သာစွာ ရေလောင်းပေးရပါမည်။ အပူချိန်ပေါ်မူတည်၍ တစ်နေ့လျှင် ရေ နှစ်ကြိမ် သုံးကြိမ် လောင်းပေးပါ။ မျိုးပွားပင်အား ထိခိုက်မှု မရှိစေရန် အထူသတိထားပါ။
သုတေသနပြုချက်အရ ဤနည်းဖြင့် မျိုးပွားရာ၌ ကျသောင်းဝါး၊ ဝါးယား၊ မျှင်ဝါး၊ ဝါးဘိုးဝါးတို့မှာ အညွှန်ထွက်ရန် (၁၀-၂၀) ရက်အထိ ကြာပြီး အမြစ်ထွက်ရန် (၄၅-၇၀) ရက်အထိ ကြာတတ်သည်ကို တွေ့ရှိခဲ့ရပါသည်။ ရှင်သန်မှု နုန်းမှာ ၆၀-၉၀% ထိ ရှိပါသည်။ အပင်သစ်ထွက်သည့်အခါ (၂) ပင်၊ (၃) ပင်ထွက်တက်ပါသည်။ ၎င်းအပင်ပွားများကို စောင့်ပြီး ခွဲယူပါက ဝါးပျိုးပင်(၂) ပင်(၃) ပင် ရရှိခြင်းပင်ဖြစ်ပါသည်။ အမြစ်ထွက်ပြီး ပျိုးအိတ်တွင် ပြောင်းကာ (၁) လ အကြာမှာ စိုက်ပါ။ ဤနည်းသည် အပင်များစွာ ရရှိရေးသေချာပြီး ကုန်ကျစာရိတ်လည်း နည်းပါးသောနည်းဖြစ်၍ ဝါးမျိုးပွားရာတွင် ထည့်သွင်းစဉ်းစားသင့်သော နည်းဖြစ်သည်။
လက်တွေ့ဝါးမျိုးပွားခြင်း၊ ဝါးစိုက်ပျိုးပြုစုခြင်း၊ ဝါးခုတ်ယူနည်းများ (ဒေါက်တာ စန်းဝင်း(သစ်တော တက္ကသိုလ်))
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ဝါးမျိုးပွားနည်း
Zaw Win Htun
လွန်ခဲ့သော ၁ နှစ် ကသစ်ရွက်ခြောက် နွားချေးခြောက် ကိုင်းမြက်နုတ်နုတ်စင်း အုံပေး မြေတောင်တင်ပေး 👌
MgHlaMgHla
လွန်ခဲ့သော ၅ နှစ် ကမျှစ်စားဝါးသည်မြေဩဇာလိုအပ်ပါသလားညွန်ပြကြပါအုံးခင်ဗျ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....