Cattleya orchid စိုက်ပျိုး ပြုစုနည်း
ကတ်ကတ်လီယာ အပင်ကတော့ သူ့ကိုကြည့်လိုက်ရင် အစာနဲ့ ရေကို သိုလှောင်နိင်တဲ့ ဥ နဲ့ နူးညံ့တဲ့ အမြစ်တွေ အောက်ခြေမှာ ရှိပါတယ်။ သူ့ကို စိုက်တဲ့ အခါမှာလည်း တခြားသစ်ခွတွေကို စိုက်သလိုပါပဲ အောက်ခြေမှာ အပေါက်များများ ပါပြီး ရေတွေတင်ကျန် မနေနိုင်တဲ့ အိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ အပင်နဲ့အတူ အုန်းဆံ နဲ့ အခြားသစ်ပင်ကရတဲ့ သစ်ခေါက် ၊ မီးသွေး တို့ကို ထည့်ပေးရပါမယ်။ အပွင့်ပွင့်ချိန်မှာတော့ အေးလွန်း ပူလွန်းတဲ့ နေရာ နဲ့ လေခြောက်သွေ့လွန်းတဲ့ နေရာတွေမှာ ထားခြင်းကို ရှောင်ကြဉ်ရပါမယ်။
လိုအပ်ချက်တွေကတော့-
အလင်းရောင်
လုံလောက်တဲ့ အလင်းရောင်ကို လိုအပ်ပါတယ်။ ဒါ့ကြောင့် နေနဲ့ တိုက်ရိုက် မထိပဲ ရတဲ့ နေရောင်ခြည်ကို နှစ်သက်လေ့ရှိပါတယ်။ အလင်းနဲ့ အပူများရင်တော့ အပင်နဲ့ အရွက် အပူလောင်ပါတယ်။ အလင်းလျော့မယ် ဆိုရင်တော့ အရွက်ရဲ့ အရောင်ဟာ စိမ်းပုတ်နေတဲ့ အရောင်သမ်းနေပါမယ်။ တကယ်လို့ မျှတတဲ့ အလင်းနဲ့ အပူချိန်ကို ရတယ်ဆိုရင်တော့ အပင်နဲ့ အရွက် ရဲ့ အရောင်ဟာ သံလွင်သီးရဲ့ အစိမ်းရောင်မျိုး သမ်းနေပါလိမ့်မယ်။
အပူချိန်
အပင်ကြီးတပင် ဒါမှမဟုတ် အပင်ပျို တပင်အတွက်တော့ နေ့အချိန်ရဲ့ အပူချိန်ဟာ ၈၅ ဒီဂရီ ဖာရင်ဟိုက်အထိ အမြင့်ဆုံ ခံနိုင်ရည် ရှိပြီး ညအချိန်မှာတော့ ၅၅ ဒီဂရီ ဖာရင်ဟိုက် အထိ အနိမ့်ဆုံး ခံနိုင်တာကို တွေ့ရပါတယ်။ အပင်ပေါက် တပင်ကတော့ အပင်ကြီးတွေရဲ့ အပူချိန် လိုအပ်ချက်ထက် မြင့်တဲ့ အပူချိန်ကို လိုအပ်ပါတယ်။ ကတ်လီယာကို စိုက်ပျိုးတဲ့ နေရာဟာ အရိပ်လည်း ရှိနေမယ်၊ လိုအပ်တဲ့ စိုထိုင်းဆ လည်း ရနေမယ် လေဝင်လေထွက်လည်း ကောင်းနေမယ်ဆိုရင်တော့ အပူချိန် ၉၅ ဒီဂရီ ဖာရင်ဟိုက်လောက်အထိကို ခံနိုင်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ကတ်လီယာ အပင်ဟာ အပူပိုင်းစိုက် သစ်ခွအမျိုးအစား ဖြစ်ပါတယ်။
ရေ
အပင်ကြီးတွေကို ရေလောင်းတဲ့အခါမှာတော့ ရေလောင်းကြိမ်ရေ တကြီမ်နဲ့ တကြိမ်အကြား အပင်မှာ ရေခြောက်သွေ့သွားတာကို စောင့်ရမယ်လို့ ပြောပါတယ်။ ဆိုလိုချက်ကတော့ အမြဲတမ်း စွတ်စို ထိုင်းမှိုင်းနေတာကို မကြိုက်ပါဘူး။ သူ့အပင်နဲ့ အမြစ်ကို ရေ ခြောက်သွေ့သွားချိန် ပေးရမယ်။ ဒါ့ကြောင့် အပူပိုင်းမှာ စိုက်ရင် တရက်ခြား တကြိမ် မနက်ပိုင်းမှာ ရေလောင်းပေးနိုင်တယ်လို့ နားလည်နိုင်ပါတယ်။ အပင်ငယ်ဆိုရင်တော့ စွတ်စို အေးမြ စိုထိုင်းနေအောင် လုပ်ပေးသင့်တယ် လို့ပြောထားပါတယ်။
ရေငွေ့ စိုထိုင်းဆ
ရေငွေ့စိုထိုင်းဆ ကိုတော့ လေထုထဲကနေ ၅၀% ကနေ ၆၀% အထိ အနည်းဆုံး လိုအပ်တယ်လို့ပြောပါတယ်။ ကျမကတော့ လေထုထဲမှာ ရေငွေ့စိုထိုင်းဆ ဘယ်လောက်ရှိတယ်ဆိုတာကို ဖုန်းထဲက နေ ကြည့်ပါတယ်။ ရာသီဥတုကို တိုင်းတာတဲ့ အက်ပ်လေး ကို ဒေါင်းလုပ်ခ် ဆွဲချပြီး ကိုယ်နေထိုင်တဲ့နေရာရဲ့ တနေ့တာ ရာသီဥတုကိုကြည့်တာပါ။ အဲ့ဒီ့မှာ Humitdity ဆိုတာလေးလည်း တွေ့ရပါတယ်။ ဒါဆိုရင်တော့ ဒီနေ့အတွက် ရေငွေ့စိုထိုင်းဆ လေထုထဲမှာ ဘယ်လောက်ရှိသလဲဆိုတာကို သိရပါတယ်။ ဒါပေမဲ့ ဒါက အမှန်လို့တော့ ကျမလည်း အာမမခံရဲပါဘူး။
သိပ်ခြောက်သွေ့တယ်လို့ထင်ရင်တော့ သစ်ခွကို စင်ပေါ် ဒီအတိုင်းတင်ထားမဲ့အစား အောက်က ဗန်းအရှည်ထဲမှာ မြစ်ကမ်းဘေးက ကျောက်ခဲလုံးလေးတွေ ကောက်ပြီးထည့်ထားပါ။ ပြီးတော့ ရေစပ်စပ်လောင်းပေးထားပြီး အပေါ်ကနေ သစ်ခွအိုးကို တင်ရင် ပြင်ပ အပူရှိန် နဲ့အတူ ကျောက်တုံးကြားက ရေတွေက ရေငွေ့ပြန်ပြီး အပင်ကို အားပြုစေတယ်လို့ ဆိုပါတယ်။ စမ်းကြည့်တာ မမှားနိုင်ပါဘူးနော်။ ဖန်လုံအိမ်မှာတော့ humitdifier လို့ခေါ်တဲ့ စက်တွေ တပ်ထားခြင်းအားဖြင့် လုံလောက်တဲ့ ရေငွေ့ စိုထိုင်းဆ ကို ရအောင်လုပ်ပေးနိုင်ပါတယ်။
အားဆေး
အားဆေးကျွေးတဲ့နေရာမှာလည်း အခြားအပင်တွေလိုပဲ N-P-K ညီမျှတာကို ကျွေးသင့်ပါတယ်။ ဥပမာ - ၁၀-၁-၁၀ ဒါမှ မဟုတ် ၂၀-၂၀-၂၀ အချိုးညီမျှတဲ့ဆေးပါ။ ဒါဆို ရွက်ရော အပင်ရော အပွင့်ရော လိုက်လာပါလိမ့်မယ်။ တခုတော့ ရှိတာပေါ့နော်။ Weakly Weekly ကိုတော့ လက်ကိုင်ထားပါ။ ဆေးကျွေးလွန်ရင် အပင်အတွက် ထိခိုက်တဲ့အကြောင်း ကျမ ဆေးကျွေးရမဲ့ဆောင်းပါးထဲမှာ ရေးထားပါတယ်။ အပတ်တိုင်းဆေးကျွေးပါ။ ဆေးကို ပျော့ပျော့ကျွေးခြင်းဟာ အကောင်းဆုံးပါနော်။
အပင်ခွဲချိန်
အပင်ခွဲဖို့လိုအပ်ချိန်ကတော့ ၂ နှစ်ကနေ ၃ နှစ် ရှိမှသာ အပင်ခွဲရမှာ ဖြစ်ပါတယ်။ အပင်ဟာ အိုးအပြင်ဘက်အထိ လျှှံထွက်နေပြီး အထဲမှာ ထည့်ထားတဲ့ အုန်းဆံဖတ် နဲ့ အခြား မီးသွေးခဲတွေဟာ ဆွေးမြေ့ုကုန်ပီ ဆိုရင်တော့ အိုးခွဲဖို့လိုပါပြီ။ အိုးခွဲပုံကို အသေးစိတ် ထပ်ရေးပေးပါအုန်းမယ်။ အိုးခွဲလို့အကောင်းဆုံးအချိန်ကတော့ ဗမာပြည် ရာသီဥတုနဲ့ဆို အပွင့်ကျပြီး နောက် ဆောင်းကုန်ခါနီးလေးမှာ ခွဲလို့ရပါပြီ။ ဒါဆိုရင် နွေဦးပေါက်ကာလတွေမှာ အပင်က အားယူလို့ရလာမယ်။ နောက်တခါ နွေနဲ့ မိုးမှာ အပင်တွေ ကြီးထွားဖို့ အချိန်ရလာမှာပါ။
ကဲ အခြေခံ စိုက်ပျိုးနည်းမှာတော့ အဲ့ဒီလောက်ပါပဲ။ နောက်ထပ် အဆင့်မြင့် စိုက်ပျိုးနည်းမှာ ဘာတွေ ထပ်ဖြည့်ပြောမလဲဆိုတာကို စောင့်ဖတ်ကြည့်ရအောင်နော်။ အပင်လေးတွေစိုက်ရင်း ပျော်ပါစေ။
Ref: http://www.flos.org/
ရေသားသူး - Ma Lynn Lynn
((Credit to သစ်ခွစိုက်ကြမယ်))
IVU Plant Lover's မှ ကူးယူဖော်ပြထားပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026