အစိမ်းရောင်လမ်း
ဝါးအဆစ်များမှ စိုက်ပျိုးနည်း

ဝါးအဆစ်များမှ စိုက်ပျိုးနည်း

ဝါးအဆစ်များမှ မျိုးပွားရန်အတွက် မိခင်ပင်သည် အသက် (၁၂) လမှ(၁၈)လသားအရွယ် ဝါးများသည် အကောင်းဆုံးဖြစ်သည်။ ရွေးချယ်စုဆောင်းရရှိလာသည့် ဝါးများ၏ အလယ်ပိုင်းသည် မျိုးပွားရန် အကောင်းဆုံးဖြစ်သည်။ ထီးရိုးဝါးတွင်အရင်းပိုင်းမှ (၁၀)ဆစ်အထိကို အရင်းပိုင်းဟူ၍ သက်မှတ်ခဲ့ပြီး (၁၀-၂၀)ဆစ် အထိကို အလယ်ပိုင်းဟူ၍ သတ်မှတ်ခဲ့သည်။ သို့သော် ဝါးအမျိုးအလိုက် အလယ်ပိုင်း အရင်းပိုင်း ခွဲခြားခြင်း ကွာခြားပါမည်။
ဝါးအဆစ်ဖြင့် မျိုးပွားရာတွင်-
(၁) အဆစ်တစ်ဆစ်ဖြင့် မျိုးပွားခြင်းနှင့်
(၂) အဆစ်နှစ်ဆစ်ဖြင့် မျိုးပွားခြင်း ဟူ၍ (၂) မျိုးရှိပါသည်။
 
အဆစ်တစ်ဆစ်ဖြင့် မျိုးပွားခြင်း
 
ရွေးချယ်စုဆောင်းရရှိခဲ့သည် ဝါးများ၏ အပိုင်းများကို အဆစ်အပေါ်ပိုင်း ၆ လက်မမှ ၈ လက်မအကွာတွင် ဖြတ်ပါ။ ရေများ ဝါးဆစ်တွင်းများများ ထည့်နိုင်ရန်ဖြစ်သည်။ အပိုင်းတိုင်းတွင် အဆစ်(၁)ဆစ် အနည်းဆုံးပါရမည်။ အဆိုပါ အဆစ်တစ်ဆစ်ပါသည့် အပိုင်းလေးများကို နွားချေးမှုန့်၊ ဖွဲပြာ၊ သဲ၊ မြေဆွေး တို့ကို ၁:၁:၂:၁ ရောစပ်၍ ထည့်ထားသည့် အနံ(၆)လက်မ အနက်(၈) လက်မ ရှိသော မြောင်းများတွင်အနည်းယ်စောင်းပြီး ထောင်၍ မျိုးပွားနိုင်ပါသည်။
 
ထောင်၍ စိုက်သည့် ဝါးဆစ်ပါ ဝါးပိုင်းများအတွက် အဆစ်ကို မြေအောက် ၂ လက်မ ခန့် အထိ မြုပ်၍ စိုက်ပျိုးရပါသည်။ ၎င်းဝါးပိုင်း ပတ်လည်ရှိ မြေကို ဖိနိုင်သမျှ ဖိနှိပ်ပေးရန်လိုအပ်ပါသည်။ စိုက်ပျိုးပြီးပါက ညင်သာစွာ ရေလောင်းပေးပါ။
 
ဝါးဆစ်ပိုင်းလှဲ၍ စိုက်ပျိုးနည်း
 
လှဲပြီးစိုက်ပျိုးထားသည့် ဝါးအပိုင်းများအတွက် အဖူး (Bud) ကို ဘေးဘက်တွင် ထား၍ ရောနှောထားသော စပ်မြေအနက်(၂)လက်မခန့်တွင် နေရာချထားပြီး မြေဖြင့်ပြန်ဖို့ကာ မြေကိုဖိနိုင်သမျှ ဖိနှိပ်ပေးပါ။ စိုက်ပျိုးထားသည့် မြောင်းပေါ်တွင် မြက်ခြောက်(သို့) ကောက်ရိုး ဖြင့် အုပ်ပေးပြီး ညင်သာစွာ ရေလောင်း ပေးရပါမည်။
 
အဆစ်နှစ်ဆစ်ဖြင့် မျိုးပွားခြင်း
 
ရွေးချယ် စုဆောင်းရရှိခဲ့သည့် ဝါးများ၏ အလယ်ပိုင်းကို အဆစ်(၂)ဆစ်ပါ ဝါးဖြတ်ပိုင်းများအဖြစ် ဓားထက်ထက်ဖြင့် ဖြတ်တောက်ရပါမည်။
ဝါးအဆစ်(၂)ဆစ်ပါ ဝါးဖြတ်ပိုင်းအလယ်ပိုင်းတွင် ရေထည့်ပေးရန်အတွက် အပေါက်ဖောက်ပေးရန် လိုအပ် ပါသည်။ အပေါက်ကျယ်လွန်းခြင်း မဖြစ်သင့်ပါ။ ရေထည့်ရန် အပေါက်ဖောက်ရာ၌ အဆစ်အဖူးကို ဘေးတိုက် အနေအထားအတိုင်း ဝဲယာထား၍ အဆစ်နှစ်ခု၏ အလယ်တည့်တည့်တွင် ဖောက်ပါ။
 
ဝါးပိုင်းများချထားရာတွင် အပေါက်ကို အပေါ်ဘက်ထားရှိပါ။ အဖူးကို ဘေးနှစ်ဘက်တွင် ရှိပါစေ။ အထက်ပါအတိုင်း ပြုပြင်ထားသော မြေနေရာတွင်း၌ အနက် (၂) လက်မခန့်တွင် ဝါးအပိုင်းများကို နေရာချပါ။ အပေါက်ဖောက်ထားသော မျက်နှာပြင်ကို အပေါ်ဘက်သို့ ရေလောင်းထည့်ပေးရပါမည်။ ဝါးအဆစ်များ မလှုပ်စေရန်အတွက် သေချာစွာ ဖိပေးရန် လိုအပ်ပါသည်။ ပြီးလျှင် မြေဖို့ပြီး မြေကို ဖိနိင်သမျှ ဖိနှိပ်ပေးပါ။ စိုက်ပျိုးပြီးပါက မြေပေါ်တွင် မြက်ခြောက် (သို့) ကောက်ရိုးဖြင့် အုပ်ပေးပြီး ညင်သာစွာ ရေလောင်းပေးပါ။
 
စီမံကိန်းလုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအရ ကျသောင်းဝါးသည် အညွှန့်ထွက်ရန် ရက်ပေါင်း (၂၀) အထိ၊ အမြစ်ထွက်ရန် (၇၂) ရက် အထိကြာပါသည်။ မျှင်ဝါးမှာမူ အညွန့်ထွက်ရန် ရက်ပေါင်း (၇-၁၀) ရက်အထိနှင့် အမြစ်ထွက်ရန် (၈၀) ရက်အထိ ကြာပါသည်။
 
ဝါးဘိုးဝါးမှာ အညွန့်ထွက်ရန် ရက်ပေါင်း (၁၅) ရက်ခန့်နှင့် အမြစ်ထွက်ရန် (၉၀)ရက်ခန့်အထိ ကြာသည်ကို တွေ့ရသည်။ အောင်မြင်မှု ရာခိုင်နှုန်း (၅၀ မှ ၇၀) အထိ ရှိပါသည်။
 
ဤနည်းသည် အပင်များစွာရရှိရေး သေချာပြီး ကုန်ကျစရိတ်လည်း နည်းပါးသောနည်းဖြစ်၍ ဝါးမျိုးပွားရာတွင် ထည့်သွင်းစဉ်းစားသင့်ပါသည်။ မျိုးပွားရန် နေရာကျယ်ကျယ်တော့လိုသည်။
 
အထက်ဖော်ပြပါအတိုင်း ထီးရိုးဝါးအတွက် အောင်မြင်စွာ မျိုးပွားနည်းမှာ အမြစ်ဆုံအပါအဝင် အရင်းမှအဖျားထိ ဝါးတစ်ပင်လုံးကို မြေတွင်မြုပ်ပြီး မျိုးပွားပါက ပင်စည်ပိုင်းအဆစ်များမှ အပင်များ ပေါက်ပွားလာသည်ကို တွေ့ရပါသည်။ အကယ်၍ အဆစ်ပိုင်းများ အမြစ်များ ဖြတ်တောက်ပြီး မျိုးပွားပါက ဖော်ပြပါ နည်းလမ်းလောက် အပင်ပွားနှုန်းမကောင်းကြောင်း တွေ့ရပါသည်။ ပျိုးဘောင်လိုင်းများတွင် ရေဝပ်ခြင်းမရှိစေရန် အထူးဂရုပြုရန် လိုအပ်သည်။ ရေကို တစ်ရက်လျှင် ၂ ကြိမ် (မနက် ၁ ကြိမ် ညနေ ၁ ကြိမ်) လောင်းပေးရမည်။
 
ပင်စည်အဆစ်တစ်ဆစ်မှ အပင်ပွား ၃ ပင် ၄ ပင် ထွက်နေလျှင် ဓားထက်ထက်ဖြင့် အပင်များခွဲရန်လိုအပ်သည်။ အပင် ၃ ပင် ၄ ပင်ကို အဆစ်တစ်ဆစ်ထဲမှ ရရှိခြင်းဖြစ်သည်။
 
ကိုကား-ဝါးမျိုးပွားခြင်း၊ ဝါးစိုက်ပျိုးပြုစူခြင်း၊ ဝါးခုတ်ယူနည်းများ

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

kokyawswerOo

kokyawswerOo

လွန်ခဲ့သော ၁ လ က

ဝါးဖြူဘယ်လိုစိုက်ရမလဲ

Kyaw Nanda

Kyaw Nanda

လွန်ခဲ့သော ၅ နှစ် က

ဝါးနက်ဝါးအကြောင်းတင်ပေးပါဦး။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....