ငှက်ပျော စိုက်ပျိုးနည်း
နှစ်သက်သော ရာသီဥတုနှင့် မြေအမျိုးအစား
ငှက်ပျောသည် သင့်တော်သော အပူချိန်ဖြစ်သည့် နေ့အပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်နှင့် အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ်အောက် မနိမ့်သော ပူအိုက်စွတ်စိုသည့် ပတ်ဝန်းကျင်တွင် ကောင်းစွာ ပေါက်ရောက်နိုင်ပါသည်။ သွင်းရေပြတ်သည့် အချိန်အတွင်း တစ်နှစ်လျှင် သုံးလထက် မနည်း မိုးရေ လုံလောက်စွာ ရရှိသင့်ပါသည်။ ငှက်ပျောသည် မြေမျိုး အတော်များများတွင် စိုက်ပျိုးနိုင်ပါသည်။ သို့ရာတွင် မြေသား ထူခြင်း၊ ရေသွင်းရေထုတ်ကောင်းခြင်းနှင့် အသင့်အတင့် မြေအချဉ်ဓာတ်ရှိခြင်း များ မရှိလျှင် စီးပွားရေး တွက်ချေကိုက်သော သီးနှံဖြစ်လိမ့်မည် မဟုတ်ပါ။ မြေသားသည်လည်း မြေဆွေးဓာတ် ပါဝင်မှု မြင့်မားသင့်ပါသည်။
ဖော်ပြချက်
ငှက်ပျောပင်သည် မြေအောက်ပင်စည်မှ ထွက်ပေါ်ပြီး ၆ မီတာမှ ၇ မီတာ( ၂၀ ပေ- ၂၃ပေ)ထိ မြင့်လျှက် အရွက်များ အုပ်မိုးနေပြီး ရွက်အုပ်ဖုံးများ စုစည်းလျှက် ပင်စည်ယောင် ဖြစ်နေသော သစ်ပင်နှင့် တူသည့် ပင်ပျော့ပင်ကြီးမျိုး ဖြစ်ပါသည်။ ပန်းပွင့်သည် ပင်စည်ထိပ်မှ ထွက်သော ထိပ်ထွက်ပန်းခိုင် မျိုး ဖြစ်သည်။ ယင်းသည် အတွင်းဘက်တွင် အဖြူရောင်အပွင့်များ ဖြစ်ပေါ်လာရန် ထွက်လာသော ခရမ်းရောင်ရှိ ခေါင်းလောင်းပုံ အဖူး စတင်ဖြစ်ပေါ်လာသည်။ အမပွင့်များသည် ပန်းခိုင်အောက်ခြေ ပိုင်းတွင် ၅-၁၅တန်းရှိပြီး ယင်းတို့၏ အထက်တွင် ဖိုမအင်္ဂါစုံသော အပွင့်များ ရှိပါသည်။ အဖိုပွင့်များ မှာ အပေါ်ဆုံးတန်းတွင် ရှိပါသည်။ အဖိုပွင့်များသည် အမပွင့်များ မျိုးကူးစပ်အောင်ပြီးနောက် ကြွေကျလေ့ ရှိပါသည်။ အမပွင့်များသည် ပန်းခိုင်ပတ်လည်တွင် အသီးစုများ (အဖီးများ)အဖြစ် ဖွံ့ဖြိုး လာပါသည်။ အသီးသည် ရင့်မှည့်လာသည့်အခါ အစိမ်းရောင်မှ အဝါရောင်သို့ ပြောင်းလာသည်။ အသီးတစ်လုံးစီသည် ၆ - ၃၀ စင်တီမီတာအရှည်(၂ လက်မခွဲ- ၁၁ လက်မ)နှင့် ၂ - ၅ စင်တီမီတာ(၁ လက်မ- ၂လက်မ)အကျယ် ရှိသည်။
စိုက်ပျိုးနည်း
မြေသား ကျစ်လစ်မာကျောလျှင် ရေစိမ့်ဝင်မှုနှင့် လေဝင်လေထွက် ကောင်းစေရန် ထယ်နက် နက် ထိုးပေးရသည်။ ငှက်ပျောသည် စိုက်သည်မှ မရိတ်သိမ်းမီထိ ၁၀ - ၁၂လ ကြာမြင့်တတ်ပြီး အပူချိန် နိမ့်ပါက ပိုမိုကြာရှည်တတ်ပါသည်။ စီးပွားဖြစ် စိုက်ပျိုးခြင်းအတွက် နည်းလမ်း (၂)မျိုး ရှိပါ သည်။ ပင်ပိုင်းစိုက်ပျိုးခြင်း (သားတက်များ သို့မဟုတ် မြေအောက်ပင်စည်များ)တစ်ရှူးမျိုးပွား ရရှိ သော အပင်ငယ်များ စိုက်ပျိုးခြင်းကို အပင်မြုံသည့် အခြေအနေတွင် စိုက်ခြင်းဖြစ်သည်။ ငှက်ပျောကို တစ်ဟက်တာလျှင် အပင် ၁၅၀ဝ မှ ၃၀ဝဝ ပင်( တစ်ဧက အပင်ဦးရေ ၆၀၀ - ၁၂၀၀)ထိ သတ်မှတ်လျှက် တစ်တန်းချင်းဖြစ်စေ၊ နှစ်တန်းပူး ဖြစ်စေ စိုက်ပျိုးနိုင်သည်။ စိုက်ပြီး ငှက်ပျောပင်များကို လေပြင်းတိုက်ခတ်မှုမှ ကာကွယ်ရန် လေကာ ပင်များ လိုအပ်ပါသည်။
ဖျက်ပိုးနှင့် ရောဂါများ
ငှက်ပျောတွင် ပြင်းထန်စွာ ကျရောက်သော ရောဂါများနှင့် ဖျက်ပိုးများမှာ
Black Sigatoka (Mycospharella fijensis) ၊ Yellow Sigatoka (Mycospharella)
ငှက်ပျောရွက် စုစည်း ဗိုင်းရပ်စ်ရောဂါ
- ညှိုးသေရောဂါ (Panama disease)- Tropical Race 4Fusarium wilt (Fusarium oxysporum f.sp cuberiese)
- Panama disease မှာ သတိပြုရမည့် ရောဂါတစ်ခုဖြစ်ပြီး ယခုအခါတွင် ကုသမှု မပြုနိုင်ပါ။
ငှက်ပျောတွင် ထိခိုက်စေသော အင်းဆက်ဖျက်ပိုးများမှာ -
(၁) ငှက်ပျောမွှားပင့်ကူ(Tetranychus lambi)
(၂) ငှက်ပျောပျပိုး (Pentalonia nigronervosa)
(၃) ငှက်ပျောပန်းပွင့်တွင် ကျသည့်လှေးပိုးများ (Thrips hawaiiensis)
(၄) ငှက်ပျောသံချေးရောင်လှေးပိုးများ (Chaetanaphothrips signipennis)
(၅) နီမတုတ်များ/အခေါင်းထွင်း၊ ရစ်ခွေနှင့် မြစ်ဖု
(၆) ငှက်ပျောဦးမှင်ရှည်ကျိုင်း(Cosmopolites sordidus)
အသီးသီးချိန်
အထွက်နှုန်း တိုးစေရန်၊ အသီး အရည်အသွေး ကောင်းစေရန်နှင့် ဓာတုဆေးသုံးခြင်းကို ကာကွယ်ပေးရန် အသီးခိုင်ကို ဖုံးအုပ်ထားကြပါသည်။ အဖုံး အအုပ်များကို ပြန်လည်အသုံးပြုနိုင်ပါ သည်။ ငှက်ပျောသည် တစ်နှစ်လုံး အသီး ထွက်နိုင်ပါသည်။ အသီးများ စတင်ကွေးလာချိန် သို့မဟုတ် လင်းနို့များ၊ ငှက်များက အပွင့်များကို လာရောက်စားသုံးစဉ် အသီးများကို ကုတ်ခြစ်ရာ ဖြစ်စေနိုင် သည့် ပြဿနာ ရှိလျှင် တစ်ခါတစ်ရံ ထိုထက်ပို၍ အသီးများကို ဖုံးအုပ်ပေးထားရပါသည်။
ရိတ်သိမ်းခြင်း
ငှက်ပျောကို လက်ဖြင့် ခုတ်သိမ်းပါသည်။ သယ်ပိုးရာတွင် ကျိုးပဲ့၊ ပွန်းပဲ့ခြင်းမှ ကာကွယ်ရန် အခိုင်များကို ထောင်ထားရပါမည်။ ငှက်ပျောခိုင်များကို နေရောင်တွင် ထားပါက လျင်မြန်စွာ ပျက်စီး နိုင်သဖြင့် ခုတ်ယူပြီးသည်နှင့် သိုလှောင်သည့် နေရာ (သို့) အအေးခန်းများသို့ ချက်ချင်း သယ်ပို့သင့် ပါသည်။ အဖီးများကို အခိုင်မှ ဖြတ်ထုတ်ပြီး အရွယ်အစားနှင့် အရည်အသွေးအတွက် အတန်းအစား၊ အဆင့်ခွဲခြားခြင်းများ ပြုလုပ်ရပါသည်။
သိုလှောင်မှုအခြေအနေ
ငှက်ပျောသည် စိုထိုင်းဆ ၉၀ - ၉၅%နှင့် အပူချိန် ၁၅ - ၂၄ ဒီဂရီစင်တီဂရိတ်ရှိသော အခန်းတွင် သိုလှောင်ထားခြင်းဖြင့် ရင့်မှည့်လာပါသည်။
စီးပွားဖြစ် စိုက်ပျိုးပါက အီသီလင်းဓာတ်ငွေ့သုံး၍ အမှည့်မြန်စေပါသည်။ ဈေးသို့ သယ်ပို့ ရောင်းချရာတွင် အသီးအရည်အသွေးကို ထိန်းထားရန်နှင့် လျင်မြန်စွာ ပျက်စီးမှု မဖြစ်စေရန် အသီး ကို သိုလှောင်ရာမှ ထုတ်ယူပြီးနောက် အေးသောနေရာ (အပူချိန် ၁၃ - ၁၅ ဒီဂရီစင်တီဂရိတ်ကြား) နှင့် စိုထိုင်းဆ ၈၀ - ၈၅%ရှိသော နေရာတွင် ထားရှိပေးရပါသည်။
ငှက်ပျောသီး ရင့်မှည့်မှုအဆင့်များ
Source- myanmar-humanitarianinfo.org (ဥယျာဉ်ခြံသီးနှံ- သစ်သီးဝလံ၊ နည်းပညာ အနှစ်ချုပ် အမှတ်စဉ် ၂၈)
soe moe
လွန်ခဲ့သော ၈ လ ကငှက်ပျော ရောဂါကာကွယ်ဆေးနှင့် အားဆေးရှိပါသလား
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026