နံနံ (မြန်မာ)
ငါးခရမ်းချဉ်သီးချက် ထဲ နံနံပင်လေးအုပ် လို့ပဲဖြစ်ဖြစ်၊ အတို့အမြှုပ်အနေနဲ့ပဲဖြစ်ဖြစ် မြန်မာတို့အများဆုံးစားသုံးကြသော ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ မြန်မာနံနံ စိုက်ပျိုးနည်းအကြာင်းကို တင်ပြလိုပါတယ်။
နံနံပင်သည် နှစ်ချင်းစားသီးနှံဖြစ်ပြီး ဆီလင်ထရိုမျိုးမှ အရွက်ကို စားရပြီး၊ ကော်ရီယင်ဒါးမျိုးမှ အစေ့ကို စားသုံးရသည်။ အရွက်ပြားရှိသော အီတလီပါစလီနှင့်ဆင်တူသဖြင့် လွဲမှားနိုင်သည်။ အီတလီပါစလီနံနံသည် မတူညီသောအနံ့ (၂) မျိုးကို ပေးစွမ်းနိုင်သည်။ အနံ့တစ်မျိုးမှာ ထူးခြားသည့်စူးရှသောအရွက်မှ အနံ့ဖြစ်သည်။ အချို့ကနှစ်သက်သည်။ အချို့ကမုန်းတီးသည်။ အခြားသောအနံ့တစ်မျိုးမှာ ထောင်းထားသောအစေ့မှ သံပရာအမွှေးအကြိုင်နံ့ဖြစ်သည်။ ဆီလင်းထရိုနံနံရွက်အနံ့သည် တောင်အာရှနှင့် မက္ကဆီကိုအစာများ(စီဗစ်ခ်ျနှင့် ဂွါကာမိုးလ်) တွင် မပါမဖြစ်အရေးကြီးသည်။ အမှုန့်ကြိတ်ထားသောနံနံစေ့ကို အရှေ့အလယ်ပိုင်းဒေသနှင့် ဥရောပအစားအစာများ (ကူဆင်းစတျူး၊ ဆော့ဆိတ်ခ်ျ၊ ကိတ်) တွင် သုံးစွဲကြသည်။
(၁) စိုက်ပျိုးခြင်း
အစေ့ကို နွေဦးပေါက်ရာသီတွင် စိုက်ပျိုးရသည်။ ဆောင်းရာသီအအေးလျော့ပြီး၊ နွေရာသီ၌ အလွန်ပူပြင်းသောဒေသတွင် ဆောင်းဦးပေါက်ရာသီတွင် စိုက်ပျိုးရသည်။ ရင့်သောအပင်များကို အစေ့များ ကွဲထွက်သည်အထိ ထားပေးလျှင် အစေ့များ အလေ့ကျအပင်ပေါက်နိုင်သည်။
ရေထွက်ကောင်းသောမြေကွက်၊ အချဉ်ဓာတ်အနည်းငယ်ရှိသောမြေကွက်၊ နေရောင်ခြည်ကောင်းစွာရသော သို့မုဟုတ် အနည်းငယ်သာအရိပ်ကျသောနေရာမျိုးတွင် စိုက်ပျိုးရသည်။ ရေသောက်မြစ် အလွန်ရှည်သဖြင့် ပျိုးထောင်၍ ပြောင်းရွှေ့စိုက်ပျိုးရန် မသင့်ချေ။ အစေ့နှင့်ပျိုးပင်ငယ်များအတွက် အစိုဓာတ်ညီညာစွာရရှိရန် လိုအပ်သည်။ ၁ ပေခြားချန်၍ ကျန်သောအပင်များကို တဖြည်းဖြည်းချင်းနှုတ်ပစ်ရသည်။ နံနံကို ခရမ်းချဉ်၊ ငရုတ်၊ ပဲ (တိုင်ထောင်) များနှင့်ရော၍ (ညှပ်၍) စိုက်ပျိုးနိုင်သည်။
ရာသီဥတုခြောက်သွေ့လျှင် ရေပေးရသည်။ အပင်သည် ပူပြင်းခြောက်သွေ့သောအခါ အနှံထွက်တတ်သည်။ တစ်နွေလုံးပေါက် နံနံပင် လိုချင်လျှင် ၂-၄ ပတ်ခြား စိုက်ပျိုးပေးရသည်။ ပူသောဒေသ၌ ဆောင်းဦးပေါက်တွင် စိုက်ပျိုးခြင်းဖြင့် နွေဦးပေါက်တွင် ရိတ်သိမ်းနိုင်သည်။ အေးသောဒေသ၌ မှန်လောင်အိမ်တွင် ဆီလင်ထရိုမျိုးကို ဆောင်းခိုသီးနှံအဖြစ်စိုက်ပျိုးနိုင်သည်။
(၂) ရိတ်သိမ်းခြင်း
လိုအပ်သလို အပင်သားခွဲ၍ စားသုံးနိုင်သည်။ ပင်စည်ရိုးတံများများထွက်လာသောအခါ အပင်အရင်းပိုင်းရှိ အရွက်များကို ခူးယူနိုင်သည်။ အပင်အရင်းမှ အရွက်များ (ဆီလင်ထရို သို့မဟုတ် ချိုင်းနီးစ်ပါစလီဟုခေါ်) သည် အရွက်ပြားသော အီတလီပါစလီနှင့် တူကြ၏။ ထို့သို့သောအပင်ရင်းမှ အရွက်များတွင် အပင်အပေါ်ပိုင်းရှိအရွက်များထက် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်အနံ့ ပိုမိုပါရှိသည်။ ထိုအနံ့သည် စမြိတ်နံ့နှင့်တူသည်။
အပွင့်များသည် သေးငယ်ပြီး ရေမွှေးပန်းအုံကဲ့သို့ ထိပ်မှာပြားနေသည်။ ၎င်းအပွင့်များကို စားသုံးနိုင်သည်။ ပန်းပွင့်လာခြင်းသည် အပင်၏အနံ့မွှေးမှု အစွမ်းကုန်ပြီဖြစ်ကြောင်းပြသရာရောက်သည်။ အရွက်များကို စားခါနီးမှ ဟင်းလျာတွင် ထည့်ရသည်။ ကြာကြာထည့်ထားလျှင် အနံ့အသက်ပျောက်သွားနိုင်သည်။ အရွက်များကို အခြောက်လှန်း၍ သိုလှောင်ထားနိုင်သည်။ သို့ရာတွင် အနံ့အသက်လျှော့နည်းသွားသည်။
အရွက်များကို လတ်လတ်ဆတ်ဆတ်သုံးခြင်းက ပို၍ကောင်းသည်။ ရေခဲသေတ္တာထဲတွင် ၂ ပတ်အထိအစိုကို ထားနိုင်သည်။ အစေ့အုံ ညိုရောင်သန်းလာလျှင် ခေါင်း(အစေ့အုံ)ကို ဖြတ်ယူနိုင်ပြီဖြစ်သည်။ အစေ့အုံကို စက္ကူအိတ်တွင် ဇောက်ထိုးထားပြီး ချိတ်ဆွဲထားရသည်။ ကော်ရီယင်းဒါး နံနံစေ့ကဲ့သို့ အစေ့များကို အမှုန့်ထောင်းပြီး သုံးစွဲနိုင်သည်။
မျိုးများ
ဆန်တို(Santo)မျိုးသည် စိုက်ပျိုးနေသောမျိုးများတွင် လတ်လတ်ဆတ်ဆတ်အရွက်အတွက် လူကြိုက်အများဆုံးဖြစ်သည်။ ထိုမျိူးသည် အနှံအထွက်နှေးသဖြင့် အရွက်ပိုမိုရရှိသည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
နံနံစိုက်ပျိုးနည်း
Kothetnaing
လွန်ခဲ့သော ၄ နှစ် ကမျိိုးစေ့ကို ကြိတ်ခြေပီး မစိုမစွတ်သောအဝတ်စနင့် အမြစ်ထွက်သည်အထိ အရိပ်ရသောနေရာတွင် ထုတ်ထားပေးလိုက်ပါ အစေ့မှ အမြစ်များထွက်လာလျှင် မြေပြင်ထားသေး ပျိုးပေါင်မာ စိုက်ပျိုးနိုင်ပါသည်
မျိုးဇော်အောင်
လွန်ခဲ့သော ၄ နှစ် က11လပိုင်းစိုက်လို့အဆင်ပြေလား
ချစ်လင်းအောင်
လွန်ခဲ့သော ၅ နှစ် ကမြေဆွေးမလိုဘူးလား ဗျ
win ko ko
လွန်ခဲ့သော ၅ နှစ် ကဘယ်လိုစိုက်လဲ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 1 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....