ခါးပုမုန်လာ(နီကိုဥ) စိုက်ပျိုးနည်း
နီကိုဥပင်သည် အအေးကြိုက်သောသီးနှံမျိုးဖြစ်ပြီး ၂ နှစ်ခံသီးနှံကို နှစ်ချင်းစားသီးနှံအဖြစ် စိုက်ပျိုးကြသည်။ အရွက်ကိုရော ဥကိုပါစားသုံးနိုင်ပြီး အပင်အမြင့်မှာ ၉-၁၂ လက်မခန့်ရှိ၍ အကျယ်မှာ ၉-၁၂ လက်မရှိသည်။ ဥဟုခေါ်သော်လည်း အမှန်တကယ်မှာ မြေပေါ်ကပ်၍ဖြစ်ပေါ်လာသော ပင်စည်ဖုသာဖြစ်သည်။ ဥသည် အရသာချိုပြီး ကြွပ်ဆတ်ဆတ်ဖြစ်သည်။ ထိုဥကို အသုပ်ဖြစ်စေ၊ ချက်ပြုတ်ရာ၌ဖြစ်စေ အသုံးပြုကြသည်။
စိုက်ပျိုးခြင်း
မြေဆီလွှာအပေါ်ပိုင်းကို မြေဆွေး ၂ လက်မခန့်ထူအောင် တင်ပေးရသည်။ အစေ့ကို တိုက်ရိုက်မြေတွင်ချစိုက်ပျိုးပါက လက်မဝက်ခန့် နက်စေရသည်။ အတန်းတွင် တစ်စေ့နှင့်တစ်စေ့ တစ်လက်မခြားပြီး တတစ်တန်းနှင့်တစ်တန်း ၁၈ လက်မခြားရသည်။ အပင်ပေါက်လာပြီး အရွက်စစ်ထွက်လာသောအခါ ၈ လက်မခြားချန်၍ ကျန်အပင်များကို နှုတ်ပယ်ပစ်ရသည်။ အကယ်၍ ပျိုးထောင်ပြီး ပျိုးပင်ပေါက်ကို ပြောင်းရွှေ့စိုက်ပျိုးလျှင်လည်း တစ်ပင်နှင့်တစ်ပင် ၈ လက်မခွာ၍စိုက်ရသည်။ စိုက်တန်းကိုလည်း ၁၈ လက်မ ခြားသည်။ နီကိုဥပင်သည် မုန်လာမျိုးတွင် အနုဆုံးသီးနှံပင်ဖြစ်သည်။ မြေအပူချိန် ၄၅ ဒီဂရီဖာရင်ဟိုက်အောက်ရောက်ရှိနေပါက အပင်သည် အရွယ်မရောက်သေးပဲ ပန်းပွင့်တတ်သည်။ ပူလွန်းပြန်လျှင်လည်း ဥသည်မာတောင့်ပြီး သစ်သားကဲ့သို့ ဖြစ်လာတတ်သည်။
အပင်ကိုစိုက်ပျိုးပြီး ၃ ပတ်ကြာလျှင် အချိုးညီဓာတ်မြေသြဇာ ၅-၅-၅ ကို စိုက်တန်းဘေးမှ ထည့်ပေးရသည်။ ရေကိုလည်း လိုအပ်သလို ပေးရသည်။ အကြမ်းအားဖြင့် တစ်ပတ်လျှင် တစ်လက်မခန့် (ဧကလက်မ) ပေးရသည်။ အပေါ်ယံရှိအမြစ်များ မထိခိုက်စေဘဲ လက်ပေါင်းဝင်ပေးရသည်။ မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းထားနိုင်စေရန် ကောက်ရိုး သို့မဟုတ် မြက်ခြောက်တို့ဖြင့် ဖုံးပေးရသည်။ ထိုအခါ မြေဆီလွှာလည်းအေးပြီး ပေါင်းမြက်လည်း သက်သာသည်။
ပိုးမွှားရောဂါ
အခြားမုန်လာမျိုးများအပေါ် ကျရောက်တတ်သော ပိုးမျိုးနှင့်ရောဂါမျိုး ကျရောက်နိုင်သည်။ ပျပိုး၊ ဖလီးကျိုင်း(Flea Beetle) မုန်လာလောက်ကောင်၊ မုန်လာခူကောင် (Cabbage Looper) များကို အရွက်တွင် စီစစ်ရှာဖွေရသည်။ ရောဂါဒဏ်မှကာကွယ်ရန် မြေကွက်ကို အလှည့်ကျ စိုက်ပျိုးခြင်း၊ ယခင်သီးနှံအကျန်များကို ဖယ်ရှားခြင်း ပြုလုပ်ပေးရသည်။
ရိတ်သိမ်းခြင်း
ပျိုးပင်စိုက်ပျိုးပြီး ၄၅-၆၅ ရက်ကြာလျှင် ဥအရွယ် ၁ လက်မခန့်အချင်းရှိ ဥကိုဖြတ်ယူပါက အကောင်းဆုံးဖြစ်သည်။ သို့ရာတွင် ဥအရွယ်အချင်း ၃ လက်မခန့်အထိ ခူးယူနိုင်သည်။ နီကိုဥမျိုးအများစုသည် ဥအရွယ်အချင်း ၃ လက်မကျော်သွားလျှင် မာကျောပြီး သစ်သားကဲ့သို့ဖြစ်သွားသည်။ သို့ရာတွင် အချို့မျိုးသည် ဥကြီးထွားသော်လည်း နူးညံ့မြဲနူးညံ့နေသည်။ နီကိုဥကို ရေခဲသေတ္တာထဲတွင် သိုလှောင်ပါက ၃ ပတ်ကျော်အထိ အထားခံသည်။ ဥကိုအခွံခွာထားသည်ဖြစ်စေ၊ စင်းထားသည်ဖြစ်စေ၊ ရေနွေးဖျောထားသည်ဖြစ်စေ၊ ရေခဲသေတ္တာတွင် သိုလှောင်နိုင်သည်။ အရွက်နုကိုလည်း အခြားမုန်လာဥများနည်းတူ ရေနွေးနှင့်ပေါင်းပြီး စားသုံးနိုင်သည်။
မျိုးများ
ဗီယင်နာသက်နုအဖြူမျိုး (Early White Vienna) မျိုးသည် အသက်ရက် ၅၅ ရှိပြီး ချောပြီး အစိမ်းနုရောင်အခွံနှင့် နူးညံ့သော အဖြူရောင်အသားရှိသည်။ အနံ့မပြင်းပဲ သင်းရုံသာရှိသည်။ ဂျိုင်ဂန့်တ် (Gigante) မျိုးသည် အသက်ရက် ၁၃၀ ရှိပြီး၊ ချက်နိုင်ငံ၏ မိရိုးဖလာမျိုးဖြစ်သည်။ ဥအရွယ်အချင်း ၁၀ လက်မခန့်ရှိ၍ အလေးချိန် ၂၅ ပေါင်ခန့်ရှိသည်။ အသားဖြူပြီး နူးညံ့သည်။ အနံ့သင်းပျံ့သည်။ ကိုလီဘရီ (Kolibri) မျိုးသည် အသက်ရက် ၄၅ ရှိပြီး အခွံခရမ်းရောင်နှင့် အသားဖြူပြီး အမျှင်မပါချေ။ ကို့(စ်)ဆတ်(ခ်) (Kossack Hybrid) မျိုးသည် အသက်ရက် ၈၅ ရှိပြီး ဥအရွယ် အချင်း ၈-၁၀ လက်မခန့်နှင့် အခွံစိမ်းပြီး အသားဖြူသည်။ ဥအရွယ်ကြီးသော်လည်း အသားမှာ သစ်သားကဲ့သို့မဖြစ်ချေ။
အာဟာရဓာတ်
ရာခိုင်နှုန်းအားဖြင့် ရေငွေ့ ၉၂.၁၊ ပရိုတိန်း ၁.၁၊ အဆီ ၀.၂၊ သတ္တု ၀.၇၊ ကာဗိုဟိုက်ဒရိတ် ၅.၉၊ ထုံး ၀.၀၂၊ မီးစုန်း ၀.၀၄ ပါဝင်သည်။ ဂရမ် ၁၀၀ လျှင် သံ ၀.၄ မီလီဂရမ်၊ ကယ်လိုရီ ၃၀၊ ဗီတာမင် C ၈၅ မီလီဂရမ်ပါရှိပါသည်။
နည်းပညာများကို ဒေါက်တာချစ်၏ “စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၁)” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
U Swe
လွန်ခဲ့သော ၄ နှစ် ကအခုမှတွေ့ဘူးပါတယ်ဗျို့
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
မတ်ပဲအမြစ်ပွားအပင်သန်အောင်ဘာဆေးသုံးရမလဲ
Sawsamson • ဖြေကြားချက် 0 ခု
မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....