ရေမွှေးပန်း
ရေမွှေးပန်းသည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ ရာသီဥတုအပူအအေးမျိုးစုံတွင်ဖြစ်ထွန်းသည်။ ပန်းပွင့်နှင့်အရွက်များကိုစားသုံးရပြီး အပင်အမြင့် ၁-၃ ပေနှင့်အကျယ် ၁-၃ ပေရှိသည်။ နွေရာသီအစောပိုင်းတွင် စွဲမက်စရာအနံ့ရှိသော ပန်းပွင့်နေသည့်ရေမွှေးပန်းပင်သည် အနံ့အသက်အတွက် သာယာကြည်နူးဖွယ်ဖြစ်သည်။ ရေမွှေးပန်းပင်သည် ပင်စည်ကိုင်းများစွာရှိ ချုံပုတ်ပင်မျိုးဖြစ်သည်။ အသက်ကြီးရင့်လာလေ အကိုင်းအခက်များ မာကျောပြီးပို၍ထူပြောလာလေဖြစ်သည်။ အနားချောမွေ့ပြီး ငွေမင်ရောင်အရွက်များသည် ၂ လက်မရှည်သည်။ အပင်ငယ်သည့်အခါ ခရမ်းရောင်မှ မရမ်းရင့်ရောင်ရှိအပွင့်များသည် နွေရာသီတွင်တစ်လခန့်ကြာအောင်ရိုးတံမပါပဲ စုပြုံ၍ ၆-၈ လက်မရှည်သောအငုံဖြစ်နေသည်။ တစ်ပင်လုံးမွှေးကြိုင်သောအပင်ဖြစ်သည်။ ပွတ်တိုက်လိုက်လျှင် အမွှေးနံ့ထွက်လာသည်။ ခရမ်းရောင် သို့မဟုတ် မီးခိုးနုရောင်ရှိသောပန်းအငုံရော အရွက်များပါ မွှေးကြသည်။ ပူနွေးသောနေ့တွင် အမွှေးနံ့သည် တစ်ကွက်လုံး ပျံ့နှံ့နေသည်။ စုပြုံ၍ပေါက်နေသောအပင်များသည် တဖြည်းဖြည်းဖြင့် မီးခိုးရောင်အရွက်ပုံကြီးသဖွယ် ဖြစ်လာသည်။ လတ်လတ်ဆတ်ဆတ်ဖြစ်စေ၊ အခြောက်ကိုဖြစ်စေ အပွင့်များကို ကိတ်မုန့်၊ ကူလီ၊ ဂျယ်လီ၊ ဘလက်တီး၊ ရှာလကာရည်၊ သစ်သီး သို့မဟုတ် ကြက်ဥတို့တွင် ကျယ်ပြန့်စွာသုံးစွဲကြသည်။ လူသွားလမ်းဘေးတစ်လျှောက်တွင် ရေမွှေးပန်းပင်စိုက်ထားခြင်းကို လူအများက ကြိုက်နှစ်သက်ကြသည်။
စိုက်ပျိုးခြင်း
နွေဦးပေါက်၌ဖြစ်စေ၊ ဆောင်းရာသီ အအေးပေါ့သောဒေသ ဆောင်းဦးပေါက်၌ဖြစ်စေ စိုက်ပျိုးရသည်။ နေရောင်ခြည်အပြည့်အဝရရှိသောနေရာ၊ မြေဆီသြဇာသင့်တင့်သော မြေကွက်၊ ရေထုတ်ကောင်းသောမြေကွက်တို့တွင် စိုက်ပျိုးရသည်။ အပင်အကွာအဝေးကို ၁-၃ ပေခြား စိုက်ပျိုးရသည်။
ရေမွှေးပန်းပင်သည် မိုးခေါင်ဒဏ်၊ အပူဒဏ်၊ လေဒဏ်တို့ကိုခံနိုင်သော်လည်း လေထုစိုထိန်းဆ၊ မြေဆီလွှာအစိုဓာတ် သို့မဟုတ် ရေထုတ်မကောင်းမှုဒဏ်တို့ကိုမခံနိုင်ချေ။ ပန်းပွင့်ပြီးလျှင် အပင်အိုးများကို အသစ်ဖြစ်ထွန်းစေရန် ဖြတ်တောက်ပေးရသည်။ ပန်းပွင့်ပြီးလျှင် အားမရှိသောအပွင့်များကို ဖယ်ရှားရန်နှင့် အပွင့်များပြားပြီး အသစ်ဖြစ်ပေါ်လာစေရန် အကိုင်းများကိုဖြတ်ပေးရသည်။ နွေဦးပေါက်ရာသီတွင် အပင်သစ်များပေါ်ထွန်းပြီးမှ အပင်ကိုဖြတ်ရသည်။ သို့ရာတွင် မြေကြီးအထိအပင်ခြေမှစ၍ မဖြတ်ရချေ။ နွေဦးပေါက်တွင် အစေ့ကိုဖြစ်စေ၊ အဖျားပိုင်းအကိုင်းဖြတ်၍ဖြစ်စေ ပျိုးထောင်ရသည်။
ရိတ်သိမ်းခြင်း
ပန်းအငုံမှ နောက်ဆုံးအဖူး မပွင့်အာမီ ပန်းပွင့်ရိုးတံမှဖြတ်ယူရသည်။ အပွင့်ရိုးတံများကို အစည်းလိုက် လေဝင်လေထွက်ကောင်းပြီး မှောင်သောနေရာတွင် ဇောက်ထိုးချိတ်ဆွဲထားရသည်။ ဟင်းခတ်အမွှေးအကြိုင်များ၊ ပန်းများနှင့် ရေမွှေးပန်းကိုရော၍ အိမ်တွင် အနံ့မွှေးစေရန် ထားကြသည်။
ပိုးမွှားရောဂါ
ရေမွှေးပန်းသည်သင့်တင့်သောစိုက်ပျိုးနေရာ မဟုတ်လျှင် မြစ်ပုပ်ရောဂါ သို့မဟုတ် ညှိုးခြောက်ရောဂါ ကျရောက်တတ်သည်။ ပဲခွဲခြမ်းအမှုန့် (Pea gravel) ဖြင့် အပင်ခြေ (အမြစ်ထိပ်) ကို ဖုံးအုပ်ပေးခြင်းဖြင့် အစိုဓာတ်ကို အမြန်ခြောက်သွားသဖြင့် ရောဂါကို ကာကွယ်နိုင်သည်။
ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
နိုင်လင်း
လွန်ခဲ့သော ၄ နှစ် ကကိုင်းြဖတ်စိုက်တာကအေကာင်းဆုံးပါ
နိုင်လင်း
လွန်ခဲ့သော ၄ နှစ် ကေတာင်တွင်းြကီးမှာရနိုင်ပါတယ်
Daw Hnin Ou Shwe Yi
လွန်ခဲ့သော ၄ နှစ် ကဘယ်မှာမျိုးစေ့၀ယ်လို့ရမလဲရှင့်
ko zaw wan
လွန်ခဲ့သော ၄ နှစ် ကမျိုးစေ့ဘယ်မှာရနိုင်လည်း
အောင်လေး
လွန်ခဲ့သော ၅ နှစ် ကပုသိမ် မြစ်ဝကျွန်းပေါ်ဘက်ကပါ စိုက်လို့ရလားသိချင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026