အစိမ်းရောင်လမ်း
မင်းကွတ်သီးပင် စိုက်ပျိုးရန်အကောင်းဆုံးအချိန်

မင်းကွတ်သီးပင် စိုက်ပျိုးရန်အကောင်းဆုံးအချိန်

မင်းကွတ်သီးသည် အရည်ရွှမ်းပြီး နူးညံ့သိမ့်မွေ့သော အသွင်အပြင်နှင့် ၎င်း၏အနံ့အရသာတို့ကြောင့် တန်ဖိုးရှိလှတဲ့ သစ်သီးပင်ဖြစ်ပါသည်။ မင်းကွတ်သီးကို လတ်လတ်ဆတ်ဆတ်အသီးကိုစားသုံးနိုင်သလို စည်သွပ်ဗူးများ၊ အခြောက်ခံထုတ်လုပ်ပြီးလည်း စားသုံးမှုများပါသည်။ မင်းကွတ်ပင်ကို ကင်ဆာရောဂါများတွင် တိုင်းရင်းဆေးအဖြစ်အသုံးပြုမှုဖော်ပြထားသော်လည်း လက်တွေ့လေ့လာမှုများနည်းပါးနေသည်ဟု လေ့လာရပါသည်။

ရာသီဥတု

အပူအအေးမလွန်ကဲဘဲ သမပိုင်းရာသီဥတုကို နှစ်သက်သည်။ ပူအိုက်၍မိုးများသောဒေသကို နှစ်သက်သော်လည်း အလွန်ပူပြင်းသောနေရှိန်ကိုမနှစ်သက်ပေ။

ရေမြေ

ရေကြိုက်သောအပင်ဖြစ်သောကြောင့် အစိုဓာတ်ထိန်းထားနိုင်သော မြေနု(သို့မဟုတ်) နုန်းမြေတွင်ဖြစ်ထွန်းသည်။ ထို့ကြောင့် ချောင်းမြောင်းဘေးမြေနိမ့်ပိုင်းများတွင်ဖြစ်စေ၊ လျှိုမြောင်များအတွင်း၌ဖြစ်စေ စိုက်ပျိုးပါက ပို၍ဖြစ်ထွန်းသည်။ အကာအကွယ်မဲ့သော လွင်ပြင်တွင် စိုက်ပျိုးပါက အပင်ဖြစ်ထွန်းနှေးသည့်အပြင် အသီးနည်းသည်ကို တွေ့ရတတ်သည်။

စိုက်ပျိုးခြင်း

စိုက်ပျိုးမည့်နေရာသည် မြေရိုင်းဖြစ်နေပါက ခုတ်ထွင်ရှင်းလင်းပြီး ထယ်ထိုး၍မြေပြုပြင်ပေးရမည်။ ထိုနောက် အနက်(၃)ပေ၊ အကျယ်(၂)ပေရှိသော စိုက်ကျင်းတူး၍ အပေါ်မြေနှစ်ဆနှင့် နွားချေးတစ်ဆရော၍ ကျင်းကို ပြန်ဖိုပေးရမည်။ အရိုးမှုန့်ထည့်ပေးနိုင်ပါကပို၍ကောင်းသည်။ ကျင်းများမှာ တစ်ကျင်းနှင့် တစ်ကျင်း အနည်းဆုံး ပေ(၃၀)စီကွာရမည်။

မျိုးစေ့များကို အသီးသီး၍ရောဂါကင်းပြီး သန်မာသောအပင်ပျိုမှယူရမည်။ အစေ့ကိုစိုက်သော မင်းကွတ်ပင်သည် (၁၀) နှစ်သားခန့်တွင် အသီးသီးပြီး နောက်အနှစ် (၄၀) ခန့်အထိ သီးနိုင်သည်။ နှစ်စဉ်အသီးထွက်နှုန်း တစ်သမတ်တည်းမရှိဘဲ (၃) နှစ်တစ်ကြိမ်ခန့် လျော့သွားတတ်သည်။ မျိုးစေ့များကို ဝါးကျည်တောက်ထဲတွင် ပျိုးနိုင်ပါက ကောင်းမွန်သည်။​ ဤကဲ့သို့ ပျိုးပါက ဝါးကျည်တောက်များကို  မြောင်းထဲတွင် မြေနှင့်အညီစီ၍ မြှုပ်ထားလျှင် ရေလောင်းရာတွင် လွယ်ကူသည်။ အကယ်၍ဝါးကျည်တောက်မရနိုင်ပါက (၆) လက်မခန့်မြင့်သော ဘောင်ဖော်၍ ထိုဘောင်ပေါ်တွင် တစ်စေ့နှင့် တစ်စေ့ (၁) ပေခန့်ခွာ၍ ပျိုးထောင်နိုင်သည်။

ပျိုးပင်ကလေးများ သန်စွမ်းပါက(၁)နှစ်သားအရွယ်တွင် ပြောင်းရွှေ့စိုက်ပျိုးနိုင်သည်။ ဝါးကျည်တောက်နှင့်ပျိုးပါက ဝါးကျည်တောက်ကိုခွဲ၍ မြေလုံးမပျက် စိုက်ပျိုးနိုင်သဖြင့် အပင်သေနှုန်းနည်းပါးမည်။ ဘောင်ပေါ်တွင်ပျိုးပါက ပျိုးပင်များကို မြေလုံးပါအောင် ဂရုစိုက်တူးရမည်။ ပြောင်းရွှေ့စိုက်ပျိုးရန် အကောင်းဆုံးအချိန်မှာ မိုးဦးကျစဖြစ်သည်။​ သို့မှသာ ရေပေးသွင်းမှုသက်သာမည်။

ပျိုးပင်ကလေးများ စိုက်ပျိုးရာတွင် သတိပြုရမည့်အချက်မှာ အပင်ခြေတွင် ခွက်မနေစေရန်ဖြစ်သည်။ ရေဝပ်ပါက ပျိုးပင်များသေသွားလိမ့်မည်။ ထို့ပြင် မင်းကွတ်သည် အရိပ်နှစ်သက်သည့် အပင်ဖြစ်သောကြောင့် အလျင်အမြန်အရိပ်ရမည့်သစ်ကိုင်းများကို ဘေးဘက်တွင် စိုက်ပျိုးရမည်။ ပျိုးပင်ကလေးများ အမြစ်တွယ်မိသောအခါ ထိုအပင်များကို ဖယ်ရှားပစ်ရမည်။

ဆွတ်ခူးခြင်း

ရပ်ဝေးသို့ပို့ဆောင်ရန် မမှည့်မီခူးရသည်။ ခူးရာတွင် ဝါးလုံးအဖျားတွင် ဓားကိုချည်နှောင်၍မြေပေါ်မှနေပြီး အခိုင်အညှာကို ဖြတ်ကြရာ မင်းကွတ်သီးများမြေပေါ်သို့ကျကြသည်။ မင်းကွတ်သီးသည် အခွံမာသည်ဟုဆိုစေကာမူ အမြင့်မှကျသဖြင့် ဒဏ်ရာရမည်မှာအမှန်ပင်။ ဒဏ်ရာရသည်နှင့်အမျှ အသီးအရည်အသွေးကို ထိခိုက်စေမည်။ ထို့ကြောင့်ဝါးလုံးထိပ်တွင် ခြင်းကပ်၍ဖြစ်စေ၊ လှေကားပြုလုပ်၍ဖြစ်စေ တယုတယခူးရန် လိုအပ်သည်။

ကိုးကား- https://www.britannica.com/plant/mangosteen

             အောင်ဝင်းထွဋ်၏ “သီးပင်စိုက်ပျိုး ဝင်ငွေတိုး” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

3
နေလင်းထွန်း

နေလင်းထွန်း

လွန်ခဲ့သော ၃ နှစ် က

အသီးတွေအများကြီးသီးလာပီးမှ ကြွေကုန်လို့ပါ ဘာဖြစ်လို့ပါလဲ

Saw Ko latt

Saw Ko latt

လွန်ခဲ့သော ၃ နှစ် က

ကိုင်းဖြတ်အပင်ပုံသွင်းနည်းတွေ သိချင်လို့ပါ

အေမီ

အေမီ

လွန်ခဲ့သော ၄ နှစ် က

ကျေးဇူးပါ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....