ကြက်သွန်နီ စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
ကြက်သွန်နီ၏ မူရင်းဒေသမှာ အိန္ဒိယ နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန် နစ္စတန် နိုင်ငံနှင့် ပါလက်စတိုင်း တစ်လျှောက် ဖြစ်သည်။ မျိုးရင်း AMARYLLIDACEAE တွင် ပါဝင်ပြီး ရုက္ခဗေဒ အမည်မှာ Allium cepa ဖြစ်သည်။
၂။ ရေမြေနှင့်ရာသီဥတု
ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ် လုံလောက်စွာပေးနိုင်ရန် လိုအပ်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက် မြန်မာပြည်တွင် စိုက်ပျိုးမှု နည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်သည်။ အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။
သာမာန်အားဖြင့် အပူချိန် အသင့်အတင့် မြင့်ပြီးနေ့တာရှည်က ဥ ဖြစ်ပေါ်မှုကို အားပေးသည်။ အပူချိန်သည် ပွင့်တန်ထွက်ခြင်းကို စိုးမိုးသည်။ အပူချိန်၅၀-၆၀ ဒီဂရီဖာရင်ဟိုက်တွင် နေ့တာတို ၁၂နာရီ ရရှိပါက ပန်းပွင့်၍ အေစေ့တည်စေသည်။ တစ်နှစ်ပတ်လုံး အပူအအေး နှင့်နေ့တာ အတိုအရှည် ညီမျှသောဒေသတို့တွင် တစ်နှစ်အတွင်း မျိုးပြန်လည်ခံနိုင်သည်။ ကြက်သွန်ဥ အတွက် အကောင်းဆုံး အပူချိန်မှာ ၁၃-၂၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ဥချချိန် အပူချိန် နိမ့်လွန်းပါက အနှံထွက်လာတတ်သည်။ အကောင်းဆုံး အပူချိန်မှာ၂၀-၂၅ ဒီဂရီ ဒင်တီဂရိတ်ဖြစ်ပြီး အလင်း ကာလမှာ ၁၂ -၁၃ နာရီ ရှိရမည်။
၃။ လက်ရှိ စိုက်ပျိုးလျက်ရှိသော မျိုးများ
(က)ရွှေဖလား
ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးပမာဏမှာ (၁) ထက်ကြီးသည့်အတွက် ပြားဝိုင်းပုံ သဏ္ဍာန်ရှှိသည်။ ရွှေဒင်္ဂါး၊ ရွှေဖလား ခွက်မှောက် ဟူ၍ခေါ်ဝေါ်ခြင်း ဖြစ်သည်။
(ခ) ဘောင်စောက်
ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးချ ကြည့်ပါက (၁) ထက် ငယ်သည့် အတွက်ဘောင်ဆောက်ဟူ၍ ခေါ်ဝေါ်ခြင်း ဖြစ်ပါသည်။ မျိုးကွဲအနေဖြင့် ဥတစ်လုံး၊ ဘုံဆိုင်း နှင့်ဘင်္ဂလား ဟူ၍ခေါ်ဝေါ် သုံးစွဲကြပါသည်။
(ဂ) သပိတ်လုံး
ကြက်သွန်နီဥမှာ အလျားနှင့် အနံ အချိုးအနေအထားအားဖြင့် ညီမျှမှုရှိသည့်အတွက် လုံးဝိုင်းသော ပုံသဏ္ဍန်ရှိပါသည်။ အချို့ဒေသများတွင် ဦးဝိုင်းမျိုး ဟုခေါ်ဆိုလေ့ ရှိကြပါသည်။
(ဃ) မင်းတုန်းဥမွှာမျိုး
ကြက်သွန်နီဥ တစ်လုံးတည်း မဟုတ်ဘဲ အမွှာတက်များ ဖြစ်ပေါ်နေသည့် အတွက် ပုံသဏ္ဍာန် ထူးခြားမှု ရှိပါသည်။ မြိတ်စား ကြက်သွန်အဖြစ် အသုံးများ၍ မြန်မာ ကြက်သွန် (သို့မဟုတ်) ကြက်သွန်နီ ကလေးဟူ၍ လည်းခေါ်ဝေါ်ကြပါသည်။
၄။ ပျိုးထောင်ခြင်း
အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။ ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ် ရှိရမည်။ သေချာစွာ ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော် လည်းကောင်း စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့် ပြန်လည်အုပ်ပေးပါ။ အညှောင့်မြေပေါ် ထွက်လွယ်စေရန် ဖြစ်သည်။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။
၅။ မျိုးစေ့နှုန်း
တစ်ဧကလျှင် မျိုးစေ့၄ပြည် ခန့် လိုသည်။
၆။ မြေပြုပြင်ခြင်း
ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှ စ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်ထားရမည်။ မြက် နှင့်ပေါင်းပင်များကို နှိမ်နင်းရန် အတွက် ထယ်ဖြင့် အကြိမ်ကြိမ် ထိုးပစ်ရမည်။ ထယ်ထိုးပြီးက ထွန်ရေးညက်အောင် ထွန်ပြီး ကြမ်းတုံးရိုက်၍ မိမိ စိုက်ပျိုးသော နည်းဖြင့် အကွက်ဖော်ယူရသည်။ ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေသွင်းနိုင်သော ဒေသတွင် ဘောင်ဖော်စိုက်ပျိုးကြသည်။
၇။ စိုက်ပျိုးခြင်း
(က) ဘောင်ဖော် စိုက်ပျိုးနည်း
ကြက်သွန်ကို စိုက်ပျိုးရန်အတွက် ဘောင်ဖော်ရာ၌ စိုက်ခင်း မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး ညီညာသော အပိုင်းများ အလိုက်ဘောင်ဖော်ပေးရမည်။ သို့မှသာ ရေသွင်းရန် လွယ်ကူပြီး ရေသည် ညီညာစွာ အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်ဖော်သည် ဆိုရာ၌ ရေသွင်းရန် အတွက်၃-၄ပေခြား မြောင်းများ ဖော်ပေးခြင်းဖြင့် အရာပေးပြီး ဂျုတ်ဆွဲ၍ ဖော်ကြသည်။ စိုက်ဘောင်ကို ညီညာအောင် ပြုပြင်ပြီး ပျိုးပင်ကလေးများကို တစ်ပင်နှင့် တစ်ပင်၊ တစ်တန်းနှင တစ်တန်း၄-၅လက်မခွာ စိုက်ရမည်။ ထို့နောက်ဘောင်နှင့် ညီအောင်ရေ သွင်းပေးရမည်။
(ခ) ကန်သင်းဖော် စိုက်ပျိုးနည်း
ဤစိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်း ရှင်းရာ၌ အကွက်ထဲ ဝင်၍ မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန် အတွက်၄-၅ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ ပျိုးပင်ကလေးများကို ၄ပတ်-၆ပတ်သား အရွယ်တွင် ပြောင်းရွှေ့ စိုက်ပျိုးကြသည်။ ပျိုးပင်၏ အရင်းသည် အနည်းငယ် ကြီးလာပါက ပြောင်းရွှေ စိုက်ပျိုးနိုင်သည်။
ကြက်သွန်မျိုးပေါ် မူတည်၍ ပျိုးသက် ၅၅-၆၀ရက်သား အထိ ထား၍ စိုက်နိုင်ပါသည်။ ငယ်လွန်းသည့် ပျိုးပင်များနှင့် အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို မစိုက်သင့်ပါ။ အရွယ် ကြီးလွန်းသည့် ပျိုးပင်များကို စိုက်ပျိုးပါက ဖူးတံ ထွက်မှုများစေပြီး ပျိုးပင် အရွယ်ငယ် လွန်းပါက ဥ အရွယ်သေးငယ်ကာ အထွက် နည်းစေပါသည်။ တစ်တန်းနှင့် တစ်တန်း ၅ - ၆ လက်မ ခန့်ထားရှိပြီး တစ်ပင်နှင့် တစ်ပင် ၃- ၄လက်မ ခွာ၍ စိုက်ပျိုးကြသည်။ ပျိုးပင်များကို ဒီဇင်ဘာနှင့် ဇန်နဝါရီလ အစောပိုင်းတွင် စိုက်ခင်း သို့ပြောင်းရွှေ့ စိုက်ပျိုးကြသည်။
တစ်ဧကလျှင် အပင် ၅-၇သိန်းကျော အထိဒေသ အလိုက် စိုက်ပျိုးစနစ်ပေါ် မူတည်၍ ဝင်ဆန့်ပါသည်။ စပ်မျိုး ကြက်သွန်နီကို သုံးပါက ၂သိန်းကျော် ဝင်ဆန့်သည်။ ကျွန်းမြေပေါ်နှင့် သဲချောင်းမြေများတွင်လည်း ကြက်သွန် စိုက်ပျိုးနိုင်သည်။ မြန်မာနိုင်ငံ မိုးခေါင်ရေရှားဒေသများ ၌ ဤနည်းကို အသုံးများသည်။
အရေးကြီးသော အချက်မှာ သဲချောင်း၏ အစိုဓါတ်ကို အပင်က မိမိရရ စားသုံးနိုင်ရန် ဖြစ်သည်။ အစိုဓာတ် များလွန်းခြင်း၊ နည်းလွန်းခြင်းသည် သီးနှံ စိုက်ပျိုးရေးတွင် မလိုလားအပ်သောကြောင့် ဤအခက်အခဲများကို ပြုပြင်ပေးရန် လိုအပ်သည်။ ရေမျက်နှာပြင်သည် မြေအောက်ရ-၈လက်မခန့်တွင် ရှိနေအောင မြေကို ပြုပြင်ပေးရမည်။ ထို့ကြောင့် အစိုဓာတ် များလွန်းသော နေရာတွင် သဲဘောင်များ ထွန်နှင့် လိုက်ဖို့ပေးခြင်း၊ အစိုဓာတ် များလွန်းသော နေရာ၌ အပေါ်ယံ သဲဘောင်များကို တစ်နေရာသို့ တိုက်ရိုက် ပို့ပေးပြီး၊ မြေကို ထွန်ယက် ညှိပေးရမည်။ သဲမြေညှိခြင်းကြောင့် လုပ်ငန်းမှာ မခက်ခဲလှပေ။ သို့ရာတွင် ဤကဲ့သို့မြေမျိုးတွင် စိုက်ပျိုးက နွားချေး၊ မြေဆွေး၊ ဓာတ်မြေသြဇာ စသည်တို့ကို ကြိုတင် အလုံအလောက် စုဆောင်း ထားရှိရမည်။
၈။ မြေသြဇာနှုန်းထား
ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး ပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ--
ယူရီးယား - ၂အိတ်
တီစူပါ - ၂အိတ်
ပိုတက်ရှ် - ၁အိတ်
ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။
၉။ အပင်ပြုစုခြင်း
ကြက်သွန်ကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ပေါင်းကို နိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည် ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏ အမြစ်သည် မြေ၏ အပေါ်ယံ အပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ် မထိခိုက်စေရန် သတိပြုရမည်။ အရွက်များ စတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေ အလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံ ထည့်ပေးပါ။
၁၀။ ရေသွင်းခြင်း
မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည် မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျတတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေ လိုအပ်မှုများပါက ဥခွခြင်း၊ မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။
သာမာန်အားဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ရေပေးရသည်။ ရာသီဥတု ပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန် လိုသည်။ အရွက်များ စတင် ကျလာချိန်တွင် ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။ မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။
၁၁။ ရိတ်သိမ်းခြင်းနှင့်အထွက်
အမြိတ်စား အတွက် ရိတ်သိမ်းပါက ကြက်သွန်ဥ ငယ်စဉ် အရွက်သည် ခဲတံလုံးခန့်ရှိလျှင် လက်ဖြင့် ဆွဲနုတ်ယူနိုင်သည်။ ဥကြီး အတွက် ရိတ်သိမ်းက အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်လှချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း မလှပေ။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည် ဆိုကြသည်။ အရွက်ကို ၀.၅-၁လက်မချန်ပြီး ဖြတ်ရမည်။ ပျှမ်းမျှ တဧကလျှင် ပိဿာချိန် ၆၀၀၀-၈၀၀၀ ထိထွက်သည်။
ကြက်သွန်ဥများကို နေရောင်ဖြင့် အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံရမည်။ ကြက်သွန် အပေါ်ယံခွံ အခြောက် ဖြစ်ရန် အစိုဖြစ်စမှှ ၁လ ကြာသည်။
အစိမ်းရောင်လမ်း စိုက်ပျိုးရေး ဖုန်းဆော့ဝဲလ် (Green Way Mobile App)
ကိုးကား- DOA
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
ကြက်သွန်နီစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
မနှင်းနှင်းဝေ
လွန်ခဲ့သော ၁ ပတ် ကအာလူးအကြောင်း
ဦးထွန်း
လွန်ခဲ့သော ၂ နှစ် ကကြက်သွန်နီပျိုးထားတာဇလုပ်ထိုးနေပြီပေါင်းပင်ထနေလို့နည်လမ်းလေးသိချင်ပါသည်
ဦးဖိုးတော
လွန်ခဲ့သော ၂ နှစ် ကစိုက်ပျိုးနည်းလေးသိရလို့ကျေးဇူးပါ
ရန်နိုင်စိုး
လွန်ခဲ့သော ၃ နှစ် ကအလွန်ကောင်းပါတယ်အမှုံဖြစ်လျှင်ပိုကောင်းပါသည်
ကျော်ဌေး
လွန်ခဲ့သော ၃ နှစ် ကပေါပါတယ် ဆရာလိုချင်ရင်ဖုန်းနံပါတ်လေးရေးထားခဲ့ပါ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026