အစိမ်းရောင်လမ်း
ဟင်းခတ်အမွှေးအကြိုင် ငရုတ်ကောင်း

ဟင်းခတ်အမွှေးအကြိုင် ငရုတ်ကောင်း

ငရုတ်ကောင်းသည် ဟင်းခတ်အမွှေးအကြိုင်များအနက် ကမ္ဘာပေါ်တွင် အများဆုံးသုံးစွဲသည့် သီးနှံတစ်မျိုးဖြစ်သည်။ ကိုင်းဖြတ်မျိုးပွားခြင်းဖြင့် အရှေ့တောင်အာရှနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိလာသည်။ ငရုတ်ကောင်းသည် အဖိုးတန်သော ဟင်းခတ်အမွှေးအကြိုင်ပင်ဖြစ်ပြီး အိန္ဒိယ၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဘရာဇီးနိုင်ငံတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးကြကြောင်းသိရသည်။

တစ်နှစ်ပတ်လုံးမိုးရွာသည့်ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။ မိုးမရွာလျှင်လည်း ရေသွင်း၍ လေကြောင်းမကျသည့်နေရာတွင် စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် ပန်းပွင့်ချိန်တွင် ရေလုံလောက်စွာရရှိရန် လိုအပ်သည်။ အမြဲတမ်းလေတိုက်ခတ်၍ လေကြောင်းကျသည့် နေရာမျိုကို မနှစ်သက်ချေ။

ရေစီးရေလာကောင်းမွန်သော နုန်းမြေ၊ မြေဆွေးများသောမြေများတွင် ကောင်းစွာဖြစ်ထွန်းသည်။ စိမ့်မြေ၊ သဲမြေ၊ မြေစေးတို့တွင် အပင်ဖြစ်ထွန်းမှုမရှိချေ။ မြေအချဉ်အငံဓာတ် pH 5.5 ရှိသောမြေတွင် ပိုမိုဖြစ်ထွန်းသည်။ ငရုတ်ကောင်းပင်သည် ပူအိုက်စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန် ၄၉ မှ ၁၀၄  ဒီဂရီဖာရင်ဟိုက်၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ အတွင်း တစ်နှစ်ပတ်လုံး မိုးရွာသည့်ဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။ 

မျိုးကိုင်းဖြင့်စိုက်ပျိုးခြင်း

မျိုးကိုင်းများကို စုဆောင်းရာတွင် မိမိဒေသအတွက် သင့်တော်သောအပင်ကြီးမှ မျိုးကိုင်းများကို အသီးရင့်ချိန်မှ အသီးဆွတ်ခူးပြီးသည့်အချိန်အတွင်း ဖြတ်ယူရသည်။ ဇွန်မှ သြဂုတ်လအတွင်း စတင်အသီးသီးပြီး၊ နိုဝင်ဘာမှ ဇန်နဝါရီလအတွင်း အသီးရင့်မှည့်ကြသည်။ မျိုးကိုင်းစုဆောင်းရန် အကောင်းဆုံးအချိန်မှာ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်းဖြစ်သည်။ မျိုးကိုင်းများကို ဖြတ်တောက်ယူပြီး ခြောက်သွေ့မသွားအောင် ငှက်ပျောဖတ်(သို့) ရေဆွတ်ထားသော စက္ကူ (သို့) ပလပ်စတစ်အိတ်များကို အသုံးပြုထုပ်ပိုးပြီး အေးသောနေရာတွင် သိမ်းဆည်းရသည်။ မျိုးကိုင်းများကို မြောင်းဘောင်များကို ၂ ပေခြားပြုလုပ်ပြီး ဘောင်ပေါ်တွင် ၁ ပေအကျယ်နှင့် ၁ ပေအနက်ရှိသော ကျင်းများတူး၍ စိုက်ပျိုးရသည်။ ဘောင်များကို အရှေ့နှင့်အနောက်တန်းထားခြင်းဖြင့် နေရောင်ခြည်ဒဏ်သက်သာသည်။ ဘောင်ကြားရှိ မြောင်းများထဲသို့ မြေကျစ်ဖုတ်ထားသော မြေစာ၊ မြေသြဇာထက်သန်သောမြေ၊ တိရစ္ဆာန်အညစ်အကြေး အဆွေး၊ အုန်းဆံမှုန့်အဆွေးနှင့် သဲတို့ကို ဆတူရောပြီး စူပါဖော့စဖိတ်တစ်ရာခိုင်နှုန်းထည့်၍ ရောမွှေပြီး ထည့်ပေးရသည်။

ဆွတ်ခူးခြင်း

အီကွေတာနှင့်နီးသောနေရာများတွင် မိုးရာသီ ၂ ကြိမ်ရှိသဖြင့် ငရုတ်ကောင်းပင်သည် တစ်နှစ်လျှင် ၂ ကြိမ်သီးပွင့်သည်။ မြန်မာနိုင်ငံ၌မူ မေ၊ ဇွန်လများတွင် မိုးရွာသဖြင့် ပွင့်သီးသည်။ ဒီဇင်ဘာမှ မတ်လအထိ ဆွတ်ဆူးရသည်။ ငရုတ်ကောင်းအနက် (Black Pepper) အတွက် အသီးအချို့အဝက်မှည့်လျှင် စတင်ဆွတ်ခူးရသည်။ ငရုတ်ကောင်းအဖြူ (White Pepper) အတွက်ကိုမူ အသီးများရင့်မှည့်ပြီး တစ်ခိုင်လုံး အနီရောင်ရှိမှသာ ဆွတ်ခူးရသည်။ အသီးခိုင်ကိုဆွတ်ခူးရာတွင် အကိုင်းမနာစေရန်နှင့် နွယ်များမပြတ်စေရန် အထူးသတိပြုရသည်။ ငရုတ်ကောင်းအဖြူရရှိစေဖို့ အမှည့်ညီသောအသီးတို့ကို ရယူပြီး ၇ ရက်ခန့်စီးဆင်းနေသောရေတွင် စိမ်ထားရသည်။ ထို့နောက် ရေပုံးထဲတွင် လက်ဖြင့် ပွတ်တိုက် ဆေးကြောပေးရသည်။ ထို့နောက် ရေသန့်ပြန်လည်ဆေးကြောသန့်စင်ပြီး ၃-၄ ရက်အခြောက်ခံလျှင် အဖြူရောင်ပျော့အစေ့များကို ရရှိသည်။ အစေ့ခြောက်များကို ပြာစင်ပြီး အဝတ်ဖြင့် ပွတ်တိုက်ပေးပါက ပြောင်လက်တောက်ပပြီး ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။

ငရုတ်ကောင်းအနက်ရရှိစေဖို့ ရင့်မှည့်သော်လည်း အနီရောင်မပြောင်းမီ အစိမ်းရောင်အသီးများကို ဆွတ်ခူးပြီး ၂၄-၂၈ နာရီခန့်စုပုံထားပြီး အခိုင်မှအသီးကို ချွေယူရသည်။ ထို့နောက် ဖျာပေါ်တွင် ပါးပါးဖြန့်၍ ၅-၆ ရက် နေလှန်းပေးရသည်။ အသီးများသည် အစိမ်းရောင်မှ အနက်ရောင်သို့ ပြောင်းသွားမည်ဖြစ်သည်။ အခြောက်မညီပါက မှိုတက်တတ်သည်။ ဆွတ်ခူးပြီး ရေနွေး (၁၇၆-၁၉၄) ဒီဂရီဖာရင်ဟိုက်တွင် ၂-၃ မိနစ်ခန့် စိမ်ပြီးမှ နေလှန်းလျှင်/ လေပူနှင့်မှုတ်၍ အခြောက်လှန်းပေးပါက ပိုမိုကောင်းမွန်သည်။ ငရုတ်ကောင်းအနက်အတွက်အသီးမှည့်အလေးချိန်၏ ၃၀-၃၃ ရာခိုင်နှုန်း ရနိုင်သည်။ တစ်နှစ်လျှင် ငရုတ်ကောင်းတစ်ပင်မှ ၂-၃ ပေါင်နှုန်း ထွက်နိုင်သည်။ 

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ယခုဆောင်းပါးသည် ဦးကြီးတို့/ အန်တီတို့ အတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမှု ရှိ/မရှိ ကို "အသုံးဝင်ပါတယ်" “အသုံးမဝင်ပါ" ကို ရွေးချယ်နှိပ်ခဲ့ပေးဖို့ တောင်းဆိုပါရစေရှင်။

San Lin Naing

San Lin Naing

လွန်ခဲ့သော ၄ နှစ် က

အစေ့ကိုပျိုးလို့ရပါသလား ဘယ်လိုပျိုးရပါသလဲ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....