ရို့(စ်)မေရီ
ရို့(စ်)မေရီသည် အပူချိန် (-)၁၀ ဒီဂရီဖာရင်ဟိုက် မှ ၄၀ ဒီဂရီဖာရင်ဟိုက် အတွင်း၌ နှစ်ရှည်ချုံပုတ်ပင်ဖြစ်ပြီး အခြားအပူချိန်၌ နှစ်ချင်းစားသီးနှံပင်ဖြစ်သည်။ အရွက်ကို စားသုံးရပြီး အပင်အမြင့် ၁-၆ ပေနှင့် အကျယ် ၂-၄ ပေရှိသည်။
အပင်ကို ရုပ်လုံးဖော်(Topiary) ရန် အကိုင်းဖြတ်၍ဖြစ်စေ၊ ချုံပုတ်ဖြစ်အောင်ထား၍ဖြစ်စေ စိုက်ပျိုးကြသည်။ ၎င်းသည် အမြဲစိမ်းချုံပုတ်ပင်ဖြစ်ပြီး အကြေးခွံ ဖုံးအုပ်ထားသောအခေါက်ရှိသည့် ပင်စည်၊ အကိုင်းနှင့် အစိမ်းရင့်ရောင်ရှိသော အရွက်သေးသေးများရှိသည်။ အရွက်သေးများသည် ထူးခြားပြီးစူးရှသော ထင်းရှူးနံ့ရှိသည်။ နွေဦးပေါက်နှင့် နွေရာသီ အစောပိုင်းကာလတို့တွင် လှပပြီး သေးငယ်သော အပြာရောင်ပန်းပွင့်များကို တွေ့ရသည်။ ရို့(စ်)မေရီပင်တွင် နွယ်ပင်နှင့် အပင်ထောင်ဟူ၍ ၂ မျိုးရှိသည်။
အရွက်များကို အသား၊ အာလူး၊ ခရမ်းချဉ်၊ ခရမ်းသီး၊ ငရုတ်သီးများ ပါဝင်သော ဟင်းလျာတွင်ဖြစ်စေ၊ အရည်သောက်ဟင်း၊ ပေါင်းဟင်း၊ မချက်ပြုတ်မီ သားငါးစိမ်သောအရည် (Marinade) တွင်ဖြစ်စေ အသုံးပြုကြသည်။ ရိုးတံ ၃-၄ ချောင်းကို ရှာလကာရည် သို့မဟုတ် သံလွင်ဆီပုလင်းတွင် ထည့်ထားကြသည်။
စိုက်ပျိုးခြင်း
ပျိုးပင်ကို ဆောင်းရာသီ၌ဖြစ်စေ၊ အပူချိန်(-)၁၀ ဒီဂရီဖာရင်ဟိုက် မှ ၁၀ ဒီဂရီဖာရင်ဟိုက် အတွင်းရှိဒေသ၌ နွေဦးပေါက်တွင်ဖြစ်စေ စိုက်ပျိုးရသည်။ နေရောင်ခြည်ကောင်းစွာရသောနေရာနှင့် မိုးရေကောင်းစွာရသောနေရာတို့ကို ရွေးချယ်ရသည်။ ရို့(စ်)မေရီပင်သည် မြေဆီသြဇာ သင့်တင့်သောမြေ၌ ဖြစ်ထွန်းသည်။ မိုးခေါင်ဒဏ်ခံနိုင်သည်။ အေးသောဒေသတွင် အိုးထဲထည့်၍စိုက်ပြီး၊ ဆောင်းရာသီ၌ အိုးများကို အဆောက်အဦးအတွင်း ပြောင်းရွေ့ထည့်ထားနိုင်သည်။ မှန်လုံအိမ်နှင့် စိုက်ပျိုးနိုင်သည်။ အခန်းထဲတွင် ဆောင်းခိုနိုင်စေရန် အစိုဓာတ်များများရှိရန် လိုအပ်သည်။ အကိုင်းအနည်းငယ်ကို ရာသီချိန်အတွင်း ပုံမှန်ခူးယူခြင်းဖြင့် အပင်သည် ချုံပုတ်ဖြစ်လာနိုင်သည်။ ဆောင်းရာသီ နွေးသောဒေသတွင် လေပြင်းတိုက်ခတ်ပါက အပင်များ ခြောက်သွေ့သွားနိုင်သဖြင့် ကာကွယ်ပေးရန်လိုအပ်သည်။ ကိုင်းဖြတ်၍ဖြစ်စေ၊ မြေတွင်မြှုပ်ပြီး ကိုင်းကူး၍ဖြစ်စေ၊ အပင်သစ်ရရှိနိင်သည်။ အပင်သည် ခေါင်နှိမ်ကိုင်းဖြတ်ပေးရန် လိုအပ်သည်။
ရိတ်သိမ်းခြင်း
အပင်ဖြစ်ထွန်းနေသော ရာသီချိန်အတွင်း သစ်သားဖြစ်သွားသော အပိုင်းအထက်ရှိ အရည်ရွှမ်းနေသောအကိုင်းနု ၃-၄ ကိုင်းကို လိုအပ်သလိုဖြတ်ယူသုံးစွဲရသည်။ ရိုးတံမှ ထင်းရှူးဆီနံ့ရှိသော အရွက်များကို ခူးယူပြီး နုတ်နုတ်စင်း သို့မဟုတ် ထောင်းရသည်။ ခူးထားသောရိုးတံများကို စု၍စည်းပြီး၊ လေဝင်လေထွက်ကောင်းသော အေးသည့်နေရာတွင် ဇောက်ထိုးချိတ်ဆွဲထားခြင်းဖြင့် အခြောက်လှန်းနိုင်သည်။ တစ်ပင်လုံးကို ဆွဲနှုတ်ပြီး ဇောက်ထိုးချိတ်၍ အခြောက်ခံနိုင်သည်။ ခြောက်သွေ့သွားသောအရွက်များကိုခူး၍ ဘူးတွင် လေလုံအောင် ပိတ်၍ထားပါက ၂ နှစ်အထိအထားခံသည်။ အစားအစာထဲ ထည့်သောအခါ အရွက်ခြောက်ကို အမှုန့်ချေပြီး ထည့်ရသည်။ ရို့(စ်)မေရီကို အေးခဲ၍ သိုလှောင်နိုင်သည်။ သို့ရာတွင် ၎င်း၏အရောင်အဆင်း လျော့နည်းသွားသည်။
ဒေါက်တာချစ် ရေးသားသော စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from အစိမ်းရောင်လမ်း
အားလုံး
ဗီဒီယို
စိုက်ချိန်ရိတ်ချိန်ဖြေပေးရင်း .. ဖုန်းဘေလ်ကံစမ်းကြမယ်
04/08/2026
ဗီဒီယို
သီးနှံအထွက်နှုန်းကောင်းသော စိုက်ခင်းများအတွက် ကျန်းမာသောမြေဆီလွှာ (▶️ ဗွီဒီယို)
14/07/2026
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
29/05/2026
မေလ (၁၅) - ၁၈) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေ
15/05/2026
ကျန်းမာပျော်ရွှင်ပါစေ.. အမေ
10/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....