အစိမ်းရောင်လမ်း
ဝဥ စိုက်ပျိုး ဝင်ငွေတိုး

ဝဥ စိုက်ပျိုး ဝင်ငွေတိုး

 (၁) မူရင်းဒေသ -ဝဥရဲ့မူရင်းဒေသက အရှေ့တောင် အာရှဒေသဖြစ်ပြီး အပူပိုင်း အာရှဒေသနှင့် အာဖရိကဒေသမှာ သဘာဝ အလျောက်ပေါက်ရောက်ကြပါတယ်။

မြန်မာနိုင်ငံမှာတောင်ပေါ်ဒေသများနှင့် ရန်ကုန်-ပြည် တစ်ကြော၊ ရန်ကုန်-မန္တလေးကြား၊ ကချင်၊ ကရင်၊ ရခိုင်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ ဧရာဝတီ၊ ပဲခူးနှင့် တနသာင်္ရီတိုင်းဒေသကြီးတွေမှာ သဘာဝ အလျောက်ပေါက်ရောက်ကြတယ်။ ကမ္ဘာမှာ မျိုးပေါင်း ၁၃၀ လောက်ရှိပြီး၊ ၁၂မျိုးခန့်ကိုသာဖော်ထုတ် သုံးစွဲလျက်ရှိတယ်။

ဝဥ၏ ရုက္ခဗေဒ အမည်မှာ- Amorphophallus Campanulatus ဖြစ်ပြီး အင်္ဂလိပ် အမည်မှာElephant foot yam (or)white yam (or) Telling potato (or) Konjac တို့ ဖြစ်ကြသည်။

(၂) သဘာဝကပေးတဲ့အဖိုးတန် လက်ဆောင်ဝဥ

·         နိုင်ငံတကာမှာ ဝဥကိုခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးနဲ့ စားသောက်ကြတယ်။ အလှကုန် ပစ္စည်းအနေနဲ့လည်း ထုတ်လုပ်တယ်။

·         ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ သဘာဝ လက်ဆောင်ဖြစ်လို့ တိုင်းရင်းဆေးအနေ နဲ့ရောခေတ်မီဆေးဝါး အနေနဲ့ပါ ထုတ်လုပ်ကြတယ်။

·         စက်မှု ကုန်ကြမ်းအနေနဲ့လည်း သုံးကြတယ်။ နိုင်ငံတကာစျေးကွက်မှာ ဝယ်လိုအားကောင်းလို့ စီးပွားရေးအရလည်း တွက်ခြေ ကိုက်တယ်။

 

(၃) ဝဥကြိုက်တဲ့ ရာသီဥတုနဲ့ မြေအမျိုးအစား

မိုးများပြီး ကာလရှည်ကြာ မိုးရွာသွန်းမှုရှိတဲ့ ပူနွေးစွတ်စိုတဲ့ ရာသီဥတုကို ကြိုက်တယ်။ အပင် ကြီးထွားချိန်မှာ မိုးရေချိန် ၆၀ လက်မ ရွာသွန်းပြီး ဖြန့်ကျက် ရွာသွန်းမှုကို ကြိုက်ပါတယ်။ ပျှမ်းမျှ အပူချိန် ၂၅ ဒီဂရီမှ ၃၅ဒီဂရီ စင်တီဂရိတ် အကြား ပူနွေး စွတ်စိုတဲ့ ရာသီဥတုကို ကြိုက်နှစ်သက်တယ်။

မြေဆွေးဓာတ် များများပါတဲ့ အစိုဓာတ် ထိန်းအားကောင်းတဲ့ နုန်းမြေမျိုးကို ကြိုက်တယ်။

ရေစီးရေလာမကောင်းတဲ့၊ ရေဝပ်တဲ့မြေကို မကြိုက်ပါဘူး။ မြေအချဉ်အငန်(pH) ၅.၅ မှ ၆.၅ကို ကြိုက်တယ်။

 

(၄) ကျန်းမာရေးအတွက်ဆေးတစ်ခွက်

·         ဝဥမှာ အဓိက ပါဝင်တဲ့ Glucomannan ဟာ ကယ်လိုရီ အလွန်နည်းတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် ကိုလျော့ချပေးတယ်။

·         အမျှင်ဓာတ် ကြွယ်ဝစွာပါလို့ အစာအိမ်နဲ့ အစာလမ်းကြောင်း သန့်ရှင်းစေတာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးတယ်။

·         ပိုလျှံ သကြားဓာတ်ကိုလည်း စုပ်ယူ ဖယ်ရှားခြင်းကြောင့် ဆီးချို၊ သွေးချိုရောဂါ ဖြစ်ပွားမှုအား ကာကွယ်ပေးပါတယ်။

·         သဘာဝတောတောင်မြေဆီလွှာအောက်ရှိ ဓာတ်သတ္တုများပျော်ဝင်လျက်ရှိတဲ့ရေကို ၉၀% လောာက် စုပ်ယူထားတာကြောင့် ကိုယ်လက် ကြံ့ခိုင် သန်မာစေတယ်။

(၅) ဝဥစနစ်တကျ စိုက်ပျိုးရအောင်

(က) မြေပြုပြင်ခြင်း

ခြုံနွယ်ပေါင်းမြက်များ ရှင်းလင်းပြီး ထယ်(၁)လွှာ၊ ထွန်(၂)လွှာ ရပါမယ်။ ပြီးရင် စိုက်တန်း၊ စိုက်ကျင်းများ ပြုပြင်ရပါမယ်။

(ခ) စိုက်ပျိုးခြင်း

တန်းကြား(၄)ပေ၊ ပင်ကြား(၂)ပေ စိုက်ပါ။ တစ်ဧကလျှင် အပင်ပေါင်း (၅၄၄၅)ပင် ဝင်အောင် စိုက်သင့်ပါတယ်။

 

(ဂ) မြေချခြင်း

မိုးဦးရာသီမေလမှာ စတင် စိုက်သင့်ပါတယ်။ ၆ လက်မx၆ လက်မx ၆ လက်မ စိုက်ကျင်းပြင်ပြီး အပေါ်ရံမြေ ၂ လက်မ -၃ လက်မ လောက် မြေဖုံးဖိရုံ စိုက်ပျိုးရတယ်။ မြေကြီးထဲ လွန်စွာ နစ်အောင် မြှုပ်မစိုက်ရပါဘူး။

(ဃ) အပင် ပြုစုခြင်း

အညွန့်ထွက်ပြီး၊ မြေပေါ် အပင်ပိုင်း ကြီးထွားလာရင် ပေါင်းသင်၊ မြေဆွ၊ မြေဘောင်လုံးပေးရပါတယ်။ ရေမဝပ်ဖို့ အထူး ဂရုစိုက်ဖို့ လိုပါတယ်။ အရိပ်မရှိက ၆၀% အရိပ်ရအောင် လုပ်ပေးသင့်ပါတယ်။

 

(၆) စိုက်ပျိုးဖို့ မျိုး ဘယ်လိုယူမလဲ

1.       ၃၀ကျပ်သား အရွယ်ရှိ ဝဥကို တိုက်ရိုက်ချ၍ စိုက်ပျိုးခြင်း။

2.       ၁ပိဿာခန့်ရှိ ဥများကို ၄စိတ် အညီ ခွဲခြား စိုက်ပျိုးခြင်း။

3.       ဝဥပန်းခိုင်မှ ထုတ်လုပ် ရရှိသော မျိုးစေ့များကို သဲစိုဘောင်ဖြင့် ပျိုးခြင်း။

4.       မြေကြီးထဲရှိ ဝဥမကြီးပေါ်က အဖုများကို ဖဲ့၍ စိုက်ပျိုးခြင်း။

5.       အရွယ်မှ အသီးများကို ပျိုးထောင် စိုက်ပျိုးခြင်း။

 

(၇) ဘာကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ဖို့ လိုတာလဲ???

·         သဘာဝတောထဲမှ တူးဖော် စုဆောင်းခြင်းဖြင့် ဝဥ၏ ဘဝစက်ဝန်း ပျက်စီး၍ မျိုးသုန်းသည်အထိ ကြုံတွေ့နိုင်ပါသည်။

·         သဘာဝတောထဲကနေ စုဆောင်းတဲ့ အတွက်ရောင်းတန်းဝင် အဆင့်မီ ဝဥများ လိုသလောက် မရနိုင်ဘူး။

·         အချိန်မတိုင်မီ အလုအယက် တူးဖော်ကြလို့ အရွယ်သေးတဲ့ မျိုးဥများ ပါဝင်ပြီး အလေအလွင့် ဖြစ်စေလို့ မြန်မာပြည် အချို့ဒေသတွေမှာ မျိုးသုန်းတဲ့ အန္တရာယ် ကျရောက်နေပါတယ်။

ဒါကြောင့် စိုက်ပျိုး ထုတ်လုပ်ဖို့ လိုပါတယ်။

 

(၈) တူးဖော် ရိတ်သိမ်းကြစို့

ဆောင်းရာသီ၊ နိုဝင်ဘာလ- ဒီဇင်ဘာလတွင် မြေပေါ် ပင်ပိုုင်း ညှိုးခြောက်သွားချိန်၌ တူးဖော် ရိတ်သိမ်းရပါတယ်။ ဥများ ထိခိုက် ဒဏ်ရာမရအောင် ဂရုစိုက်ရမယ်။

တစ်ဧက စိုက်ပါက ဝဥ အစို ၁၀တန်( ၅၆၀၀ ပိဿကျော်) မှ၁၅တန်(၈၄၀၀ ပိဿကျော်) ရနိုင်ပါတယ်။ တူးဖော်ပြီး ၃ရက်ထက် ပို၍ အခြောက် မထားသင့်ပါ။ အရိပ်ရလေသလပ်ရာတွင် သိုလှောင်ထားရပါမယ်။ အခြောက်ခံပါက ဝဥခြောက်၂တန်မှ ၃တန် ရနိုင်ပါတယ်။

(၉) အကျိုးအမြတ် တွက်ကြည့်ရအောင်

·         စတင် စိုက်ပျိုးတာကနေ ရိတ်သိမ်းသည်အထိ တစ်ဧကကိုကျပ်၅သိန်းခန့် ကုန်ကျပါတယ်။

·         တစ်ဧကကို ဝဥအခြောက်၂တန် (ပိဿ ၁၁၀၀ခန့်) ထွက်ရှိရင် ကျပ်၁၅.၂သိန်း ပြန်ရနိုင်တာကြောင့် အကျိုးအမြတ် အများကြီး ရနိုင်ပါတယ်။

·         နှစ်ရှည်ပင်တွေကြားမှာ ကြားသီးနှံ အနေနဲ့ စိုက်လို့ ရတယ်။

·         နောက်နှစ်တွေမှာ မျိုးဖိုးနဲ့မြေပြုပြင်ခတွေလျော့သွားနိုင်ပါတယ်။ မျိုး ထုတ်လုပ်ပြီးရောင်းလို့လည်း ဝင်ငွေ ရနိုင်ပါတယ်။

·         မြန်မာပြည်မှာ(၈)မျိုးလောက်ရှိပြီး အဓိက ပါဝင်တဲ့ အဖိုးတန် Glucomannan ပါဝင်မှု များတဲ့ အတွက် အမျိုးအစားကောင်းမွန်လို့ အလားအလာရှိတဲ့ပို့ကုန်တစ်ရပ် ဖြစ်ပါတယ်။

 ကိုးကား- ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီး ဌာန၊ သစ်တောဦးစီး ဌာန၊ တိုးချဲ့ပညာပေးရေး ဌာန

နေလင်းထွန်း

နေလင်းထွန်း

လွန်ခဲ့သော ၁၀ လ က

စစိုက်ချိန်ကနေ ဘယ်လောက်ကြာမှ ရိပ်သိမ်းရလဲဗျ

Htun Thuya

Htun Thuya

လွန်ခဲ့သော ၁ နှစ် က

အသီးကိုဘယ်ချိန်ဘယ်လိုစိတ်ရမယ်ဆိုသာလေးရှင်းပြပေးပါခင်ဗျခုမှစစိုက်မှာမို့ပါ

Saw Ko latt

Saw Ko latt

လွန်ခဲ့သော ၅ နှစ် က

အသီးကိုပျိုးထောင်နည်းသိချင်ပါသည်

pung za ling zo tung

pung za ling zo tung

လွန်ခဲ့သော ၅ နှစ် က

ပါဝင်မည်

ပိုင်ပိုင်

ပိုင်ပိုင်

လွန်ခဲ့သော ၅ နှစ် က

ရွက်သီးကို မိုးရာသီမဟုတ်တဲ့ အချိန်တွေမှာစိုက်ပျိုးဘောင်နဲ့ ရေလောင်းပီးစိုက်လို့အဆင်ပြေပါ့မလားဆိုတာ အကြံပြ ုပေးကြပါအုံးဗျား

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....