ကောက်ကွက်မှန်စိုက်ပျိုးရေး
ကောက်ကွက်ပြည့်မီရန်လိုသည်။ ကောက်ပင်အရေအတွက် မှန်ကန်စွာစိုက်ပျိုးရေးသည် စပါး အထွက်တိုးရေးအတွက် အရေးကြီးသည်။ သတ်မှတ်ကောက်ကွက်မပြည့်မီပါက အထွက်လျော့နိုင် သည်။ ပို၍စိုက်ပျိုးပါက အလင်းရောင်လုံလောက်စွာမရသဖြင့် အပင်အားပျော့ပြီး ယိုင်လဲတတ်သည်။ အစာလုံလောက်စွာ မချက်သောကြောင့် အဖျင်းများသည်။ ရောဂါပိုးမွှားဖျက်ဆီးမှုလည်း ပိုများနိုင်ပါသည်။
“မြေကောင်းရင် ကျဲကျဲထိုးကြ၊ မြေညံ့ရင် စိပ်စိပ်ထိုးကြ” လို့ လယ်ရှင်က ကောက်စိုက်မတွေကို ပြောတာကြားဘူးသည်။ ကောက်စိုက်မကလည်းသိသည်။ တစ်တောင်သုံးချက်လား၊ နှစ်ချက်လားဆိုတာ စိုက်သောလယ်ကွက် မြေအခြေအနေပေါ်မူတည်ပြီး လယ်ရှင်မပြောလဲ စိုက်သည်။ ကောက်စိုက်မ အများစုကလည်း စေတနာထားပြီး ကောက်ကွက်မှန်ဖြင့် စိုက်လေ့ရှိကြမည်ဖြစ်ပါသည်။
စိပ်စိပ်စိုက်ပါလို့ တိုက်တွန်းတာရှိသည်။ ရှေးယခင်က စိုက်ခဲ့ကြသည့် ဒေသစပါးမျိုးများနှင့် နှိုင်းစာလျှင် ကောက်ကွက်စိပ်ရပါမည်။ ယခုအခါ အထွက်ကောင်းမျိုးတွေကို စိုက်ပျိုးလာချိန်ဖြစ်သည်။ မျိုးသဘာဝခြင်းကလည်း ကွာသည်။ အထွက်ကောင်းမျိုးက အပင်ပုသည်။ အသက်ရက်ကတိုသည်။ ပြီးတော့အပင်ထောင်မတ်သည်။ များများဝင်အောင် စိုက်နိုင်သည်။ မြေသြဇာကိုများများစားနိုင်သည်။ ယိုင်လဲမှာမပူရ။ ဒါ့ကြောင့် စိပ်စိပ်စိုက်ပါ၊ ကောက်ကွက်ပြည့်မီအောင် စိုက်ပါလို့ ပြောတာဖြစ်နိုင်ပါသည်။
စိပ်စိပ်စိုက်ပါဆိုတာ ယေဘုယျပြောတာဖြစ်သည်။ တစ်သိန်းငါးသောင်း၊ တစ်သိန်းခုနှစ်သောင်း၊ တစ်သိန်းကိုးသောင်း ယခုထိပြောသည့်သူ ပြောသည်။ ကျွန်တော်ကတော့ သုတေသနသမားတစ်ဦးအနေဖြင့် စမ်းသပ်ကွက်တွေ ချမှတ်ဆောင်ရွက်ဖူးသည်။ သက်လျင်မျိုး၊ သက်လတ်မျိုး၊ ဒေသအလိုက်၊ မိုး၊ နွေ စုံအောင်စမ်းသည်။ အစိပ် အကျဲ ကောက်ကွက်စုံသည်။ စပါးအထွက်တွင်သာမက၊ စပါးအထွက်မိတ်ဖက်တွေအပေါ်မှာ ကောက်ကွက်အလိုက် အကျိုးပြုမှုတွေကိုပါ စုံအောင်လေ့လာခဲ့ ဖူးပါသည်။
ရလဒ်တွေအရ သက်လျင်၊ သက်လတ်မျိုးတွေမှာ တစ်ဧကကောက်ကွက် ၁ ဒသမ ၁ သိန်းမှ ၁ ဒသမ ၉ သိန်းထိ ထားရှိစိုက်ပျိုးခြင်းသည် စပါးအထွက်အပေါ် အကျိုးပြုမှုကွာခြားခြင်းမရှိပါ။ ကောက်ကွက်ကို ၁ ဒသမ ၁ သိန်းမှ ၁ ဒသမ ၉ သိန်းအထိ တိုး၍ စိုက်ပျိုးသော်လည်း အထွက် တိုးလာခြင်းမရှိပါ။ အကြောင်းမှာ ကောက်ကွက်စိပ်ပါက ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက် နှင့် တစ်နှံပါအောင်စေ့နည်းခြင်း၊ ကောက်ကွက်ကျဲပါက ကောက်ကွက်တစ်ကွက်ရှိ အနှံအရေအတွက်နှင့် တစ်နှံပါအောင်စေ့များခြင်းတို့ကြောင့် ဖြစ်ပါသည်။
ကောက်ကွက် ၁ ဒသမ ၁ သိန်းဝင်အောင်စိုက်ရန်မှာ အတန်း ၉ လက္မနှင့် အပင်အကွာအဝေး ၆ လက္မ ထားရှိစိုက်ပျိုးရန် ဖြစ်သည်။ ကြိုးတန်းဖြင့် ကောက်စိုက်သည့်အခါ ကောက်စိုက်မသဘာဝအရ အပေါ်တည့်တည့်မှ လက်ထိုးစိုက်လို့မရပါ။ ၉၀ ဒီကရီ မဖြစ်နိုင်ပါ။ ကောက်ပင်ကိုင်သည့်လက်ကို ခတ်စောင်းစောင်းထိုးပြီး စိုက်တာဖြစ်သည်။ ကြိုးတန်းတစ်တန်းနှင့် တစ်တန်းကို ၉ လက္မ ထားရှိစိုက်ပျိုးခြင်းက ကောက်စိုက်မအတွက် ပိုလို့အဆင်ပြေသည်။ အတန်းကြားတွင် ကြားပေါင်းလိုက် တမန်းနှိုးကရိယာဖြင့်လည်း လွယ်လွယ်ကူကူ ရှေ့ထိုးနောက်ဆုတ်လုပ်နိုင်သည်။ တစ်ပင်နှင့်တစ်ပင် ၆ လက္မဆိုတာလည်း တော်သင့်သော အကွာအဝေးဖြစ်သည်။ သည်ထက်စိပ်လို့ တမန်းရေပြင်မှာ ထင်သလိုဖြစ်မလာနိုင်ကြောင်း လက်တွေ့စိုက်ကြည့်မှ ပိုလို့သိပါသည်။
တစ်ခြားနိုင်ငံတစ်ခုမှာ သုတေသနပြုလုပ်ပြီး ရရှိသည့် ရလဒ်တစ်ခုကို ဖတ်ဖူးသည်။ မြန်မာ နှင့် တော်တော်နီးစပ်သည်။ စမ်းသပ်သော ကောက်ကွက်များအနက် ၈ လက်မ X ၈ လက်မစိုက်ပျိုးခြင်းသည် အသင့်တော်ဆုံးဖြစ်သည်ဟုဆိုသည်။ ၈ လက်မ X ၈ လက်မဆိုတော့ တစ်ဧကကောက်ကွက် တစ်သိန်းနီးပါးဖြစ်သည်။ စမ်းသပ်မျိုးများအတွက် တွေ့ရှိချက်ဖြစ်ပြီး ထိုထက်အသက်ငယ်သော မျိုးများဖြစ်ပါက ကောက်ကွက်သည်ထက် စိပ်သင့်သည်လို့ အကြံပြုထားသည်။ စာရေးသူထောက်ခံထားသည့် ၁ ဒသမ ၁ သိန်းနှင့် တော်တော်နီးစပ်ပါသည်။
အက်စ်အာရ်အိုင်စပါးစိုက်ပျိုးနည်းစနစ်တွင် ကောက်ကွက်ကျယ်ကျယ်ထားရန် ဖြစ်သည်။ ကောက်ကွက်ကျဲတာ တစ်နည်းအားဖြင့် အတန်း၊ အပင်အကွာအဝေး ကျယ်ကျယ်ထားခြင်းသည် ကောက်ပင်တစ်ပင်ချင်းစီကို အကျိုးပြုတာသာဖြစ်သည်။ မြေကွက်အလွတ် ကျန်တာများတော့ နေရောင်ခြည်ကိုပိုရသဖြင့် အပင်က ပိုပြီးအစာချက်လုပ်နိုင်သည်။ မြေဆီလွှာက အာဟာရတွေကိုလည်း ကောက်ပင်နည်းတော့ တစ်ပင်ချင်းစီမှာ အာဟာရပိုရသည်။ တစ်ဧကစပါးအထွက်ဆိုတာကတော့ အခြားအဆုံးအဖြတ်ပြုသည့် အကြောင်းချင်းရာများစွာ ရှိသေးသည်ကို သတိမူရပါမည်။
တောင်သူလယ်သမားအများစုသည် ကောက်ပင်ဖာသည့်အလေ့အထ နည်းသည်ကို တွေ့ရှိရ သည်။ စိုက်ပျိုးစဉ်က ကောက်ကွက်စိပ်သော်လည်း ကောက်ကွက်အသေအပျောက် ရေတွင်မျောပါ စသည် လျော့နည်းသွားတာတွေရှိသည်။ စိုက်ပြီးတစ်ပတ်ခန့်အတွင်းစစ်ဆေးပြီး ရေများလျှင် ရေလျှော့ရမည်။ ကောက်ပင်ပျောက်တာရှိလျှင် ကောက်ပင်ဖါဖို့လိုသည်။ ကောက်ကွက်မည်မျှဝင်ဆန့်အောင် စိုက်ပါသည်ဆိုသော်လည်း ရိတ်သိမ်းချိန်တွင်စိုက်သည့် ကောက်ကွက်ပမာဏ မရှိတော့တာကို တွေ့ရလေ့ရှိသည်။ စိုက်ပျိုးသည့်ဒေသ၊ ရေမြေ၊ ရာသီဥတု၊ မြေအမျိုးအစား၊ မြေယာပြုပြင်မှုတို့အပေါ်မူတည်၍ ကောက်ကွက်ကို ချိန်ဆစိုက်ပျိုးပါ။ လိုအပ်သည့်ကောက်ကွက်ပမာဏကို ပြည့်မီအောင် စိုက်ပျိုးပါလို့သာ ပြောလိုပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
စပါးစိုက်ပျိုးနည်း
အသုံးပြုနိုင်သည့် သွင်းအားစုများ (ကြော်ငြာ)
chit moe nyo
လွန်ခဲ့သော ၃ နှစ် ကကောက်ကွက် တွက်ချက်နည်း အသေးစိတ်လေး ၁ ဧက ကောက်ကွက် ၁ သိန်း ၁ သောင်း ရှိတယ်ဆိုပါတော့ ဘယ်လိုတွက်ရတာလဲဗျ
Tun Win
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးပါခမျာ
zaw
လွန်ခဲ့သော ၄ နှစ် ကဘယ်လိုဆိုုက်ရမလဲခင်ဗျာ
ကိုမင်းသူ
လွန်ခဲ့သော ၅ နှစ် ကအမှန်ပါပဲ
myo lwin
လွန်ခဲ့သော ၅ နှစ် ကကျေးဇူးတင်ပါတယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆင်းသီဟ
အားလုံး