အစိမ်းရောင်လမ်း
စမုန်စပါး စိုက်ပျိုးနည်း

စမုန်စပါး စိုက်ပျိုးနည်း

အင်္ဂလိပ်အမည် - Anise, sweet alice – Pumpinella anisum

စမုန်စပါးသည် နှစ်ချင်းသီးနှံဖြစ်ပြီး၊ အစေ့အရွက်နှင့် ပန်းပွင့်များကို စားသုံးရသည်။ အပင်အမြင့် ၂ ပေနှင့် အကျယ် ၁-၂ ပေခန့် ရှိသည်။ ခါကျက်ဥမျိုးရင်းဝင် သီးနှံဖြစ်သဖြင့် အပင်အောက်ပိုင်းရှိ အရွက်များသည် လက်ကြားပို၍ စိတ်သွားသည်။ ပန်းပွင့်ခိုင်တွင် နို့နှစ်ရောင် ပန်းပွင့်ပြီးနောက် ၁/၈ လက်မ(၈ပုံ ၁ပုံ)ရှိ ဘဲဥပုံ အစေ့များ ဖြစ်ပေါ်လာပါသည်။

() အသုံးပြုခြင်း

စမုန်စပါးသည် နွယ်ချိုနံ့ ပေးသည်။ အစေ့အုံ တစ်ခုလုံးကို ချေ၍ ဖြစ်စေ၊ ထောင်း၍ ဖြစ်စေ၊ အမှုန့်ပြုလုပ်ပြီး ဖုတ်၍ စားရသော အစားအစာများ၊ ပန်းသီးနှင့် ပြုလုပ်သော ဟင်းလျာအချဥ်တည်ခြင်း၊ အနှစ်ပါသော ဟင်းချက်ခြင်း၊ ကြက်ဥကြော်ခြင်း၊ ငါး၊ စတူး၊ အရည်သောက် ဟင်းချက်ခြင်း၊ အစာကြေစေသော အရက်ချိုပြင်း (Liqueurs) ချက်လုပ်ခြင်း စသည့် များတွင် သုံးစွဲသည်။ လှော်ထားသော အစေ့ကို စားခြင်းဖြင့် အစာကြေစေသည်။ အသက်ရှူရာတွင် လန်းဆန်းစေသည်။ ပန်းပွင့်နှင့် အရွက်များကိုလည်း အသီးအနှံလက်သုပ်တွင် ထည့်၍ စားကြသည်။ စမုန်စပါးပင်သည် မိတ်ဆွေပိုးများကို ဆွဲဆောင်နိုင်သည်။ အစေ့များ မြေသို့ ကြွေကျပြီး အလေ့ကျ ပေါက်ရောက်နိုင်သည်။

() စိုက်ပျိုးခြင်း

ဆောင်းရာသီ အေးသော ဒေသတွင် နွေဦးပေါက်၌ စိုက်ပျိုးရသည်။ နွေရာသီပူပြင်းပြီး၊ ဆောင်းရာသီ၌ အအေးပေါ့သော ဒေသတွင် ဆောင်းဦးပေါက်၌ စိုက်ပျိုးရသည်။ အပင်သည် ရက်ပေါင်း ၁၂၀ ခန့် နွေးသောရာသီရှိမှ မျိုးစေ့ထွက်နိုင်သည်။ ထိုထက် ရာသီတိုတောင်းပါက အစေ့ကို နောက်ဆုံးအေးခဲမှု မတိုင်မီ ၁-၂ လခန့် ကြိုတင်ပျိုးထောင်ပြီးမှ ကွင်းထဲသို့ ပြောင်းရွေ့ စိုက်ပျိုးရသည်။

စမုန်စပါးကို မြေဆီဩဇာ အသင့်အတင့်ကောင်းပြီး၊ ရေမဝပ်သော နေရာ၌ အချဥ်ဓါတ်အနည်းငယ္်ရှိသော မြေကွက်တွင် စိုက်ပျိုးရသည်။ အစေ့ကို မြေချ၍ တိုက်ရိုတ်စိုက်ပျိုးနိုင်သကဲ့သို့ ပျိုးထောင်ပြီးမှ ပျိုးပင်ကိုလည်း ပြောင်းရွေ့စိုက်ပျိုးနိုင်သည်။ ရေသောက်မြစ် (Taproot) အကြီးမြန်သဖြင့် ပြောင်းရွေ့စိုက်ပျိုးရန် အခက်အခဲရှိသည်။ စမုန်စပါးပင်ကို ၆-၈ လက်မခြား စိုက်ပျိုးရသည်။ အပင်များ ယိုင်လဲတတ်သဖြင့် တုတ်စိုက်၍ဖြစ်စေ၊ လေကာ၍ဖြစ်စေ စိုက်ပျိုးရသည်။

() ပိုးမွှားရောဂါ

ပိုးမွှားရော၊ ရောဂါပါ အနည်းငယ် ကျရောက်တတ်သည်။

() ရိတ်သိမ်းခြင်း

အပင်ဖြစ်ထွန်းနေချိန်တွင် အရွက်များကို ခူးယူနေရသည်။ ပန်းပွင့်များကို ပွင့်အာချိန်တွင် ဆွတ်ခူးရသည်။ အစေ့များရင့်ပြီး၊ စိမ်းညိုရောင် ပြောင်းလဲချိန်တွင် ဆွတ်ခူးပြီး စက္ကူအိတ်ထဲတွင် ထည့်သိုရသည်။ ရိတ်သိမ်းသမျှကို အခြောက်ခံပြီး သိုလှောင်ရသည်။

() အာဟာရဓါတ်

မြန်မာဆေးအဘိဓာန်အဆိုအရ သွေး၊ သည်းခြေ၊ လေ၊ သလိပ်တို့ကို ဖြောင့်မတ်စေတတ်၏။ လေအားကြီးသော အနာ၊ အတွင်းပူသော အနာ၊ ရေငတ်သော အနာ၊ ဆာလောင်သော အနာ တို့ကို ပျောက်စေတတ်၏။ ဗြိတိသျှဗိန္ဓောအဆိုအရ ကလေးများဝမ်းသွင်း၌ နာလျှင်ဖြစ်စေ၊ လေပွလျှင်ဖြစ်စေ အနီစိ (Anise) ဆေးကို ပေး၏ ။

ဒေါက်တာချစ် ရေးသားသော  စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ အတွဲ() စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....