အစိမ်းရောင်လမ်း
မက်မွန်သီး စိုက်ပျိုးနည်း

မက်မွန်သီး စိုက်ပျိုးနည်း

 အင်္ဂလိပ်အမည်  - Peach

ရုက္ခဗေဒအမည်  -  Prunus persica

စတင်တွေ့ရှိရာဒေသ  -  တရုတ်ပြည်နယ် အနောက်တောင်ပိုင်း

ပန်းပွင့်အရောင်    - ပန်းရောင် ၊ အဖြူရောင်

ရာသီဥတုနှင့် မြေအမျိုးအစား

သမပိုင်းရာသီဥတုတွင် ကောင်းစွာပေါက်ရောက်နိုင်ပါသည်။ ခြောက်သွေ့ပြီး အပူအအေးမျှတသောရာသီဥတုကိုနှစ်သက်ပါသည်။ သဲမြေ နှင့် နှုန်းမြေတို့တွင် ကောင်းစွာကြီးထွားနိုင်ပါသည်။

စိုက်ပျိုးခြင်း

အစေ့မှ တိုက်ရိုက်စိုက်ပျိူးနိုင်သကဲ့သို့ ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။ နေရောင်ခြည်ကောင်းစွာရရှိပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် စိုက်ပျိုးသင့်ပါသည်။ ယေဘူယျအားဖြင့် အပင်ကြီးမျိုးနှင့် အပင်ပုမျိုးဟူ၍ နှစ်မျိုးရှိပါသည်။ အပင်ကြီးမျိုးကိုစိုက်ပျိုးပါက ပင်ခြားတန်းခြား အကွာအဝေးကို ၁၅ ပေမှ ၂၀ ပေ ထား၍ စိုက်ပျိုးနိုင်ပါသည်။ အပင်ပုမျိုးစိုက်ပျိုးပါက ပင်ခြားတန်းခြား အကွာအဝေးကို ၁၀ ပေမှ ၁၂ပေ ထား၍စိုက်ပျိုးနိုင်ပါသည်။

မြေသြဇာကျွေးခြင်း

၁၀-၁၀-၁၀ မြေသြဇာ သို့ ၁၅-၁၅-၁၅ မြေသြဇာကို အသုံးပြုရန်လိုအပ်ပါသည်။ မည်သည့်ကွန်ပေါင်းအမျိုးအစားမဆို အသုံးပြုနိုင်ပါသည်။ မြေသြဇာကျွေးပါက အနည်းဆုံးပင်စည်နှင့် ၈လက်မမှ ၁၀ လက်မခွာ၍ ကျွေးရန်လိုအပ်ပါသည်။ စိုက်ပျိုးပြီး ပထမနှစ်တွင် တစ်နှစ်လုံးအတွက် ကွန်ပေါင်းမြေသြဇာ(၂၅၀) ဂရမ်ကျွေးရန် လိုအပ်ပြီး ဒုတိယနှစ်မှစ၍ ကွန်ပေါင်းမြေသြဇာ (၅၀၀) ဂရမ်ကျွေးရန် လိုအပ်ပါသည်။ ငါးနှစ်သားမှစ၍ ၂.၅ ကီလိုဂရမ်ကျွေးရန် လိုအပ်ပါသည်။ ကယ်လ်စီယမ်ဓါတ်လိုအပ်သော အပင်ဖြစ်သောကြောင့် ကယ်လ်စီယမ်အမိုနီယမ်နိုက်ထရိုက် မြေသြဇာများ နှင့် အရိုးမှုန့်မြေသြဇာကို အသုံးပြုရန်လိုအပ်ပါသည်။

အပင်ပြုစုခြင်း

စိုက်ပျိုးပြီး ပထမနှစ်တွင် တစ်ပါတ်တစ်ကြိမ် ရေလောင်းပေးရန်လိုအပ်ပါသည်။ စိုက်ပျိုးပြီး ၂-၄ နှစ်အတွင်း အသီးများစတင်ခူးဆွတ်နိုင်ပါသည်။ စိုက်ပျိုးပြီး ၅နှစ်မှစ၍ အသီးအထွက်နှုန်းမြင့်မားစွာ ရရှိနိုင်ပါသည်။ သက်တမ်း ၁၂ နှစ်အထိ အသီးများ ခူးဆွတ်နိုင်ပါသည်။ မြေကြီးတွင် အစိုဓါတ်ရှိနေပါက အသီးအရသာပိုမို ချိုပါသည်။ အပင်ကို ကိုင်းချိုင်ခြင်းပြုလုပ်ပေးရန်လိုအပ်ပါသည်။ ကိုင်းချိုင်ခြင်းမပြုလုပ်ပေးပါက ရောဂါပိုးမွှားကျရောက်မှုများပြီး အသီးအထွက်နှုန်းလည်းကျနိုင်ပါသည်။ ပန်းပွင့်ချိန်တွင် ပန်းပွင့်များကို ချွေပေးရန်လိုအပ်ပါသည်။ သို့မဟုတ် သီးကင်ဝင်ချိန်တွင် အသီးများကို ချွေပေးရန် လိုအပ်ပါသည်။ သို့မှသာ အရည်အသွေးပြည့်မှီသော အသီးများကို ရရှိမည်ဖြစ်သည်။

ကျရောက်လေ့ရှိသော ရောဂါပိုးမွှားများ

ပူနွေးစိုစွတ်သော ရာသီဥတုများတွင် ရောဂါကျရောမှုပိုများပါသည်။ ဘက်တီးရီးယား ရွက်ပြောက်ရောဂါ၊ ရွက်တွန့်ကွေးရောဂါနှင့် အနာချိုင့်ရောဂါများ ကျရောက်လေ့ရှိပါသည်။ ကျိုင်းကောင်၊ သီးလုံးဖောက်ပိုး နှင့် ရွက်ထွင်းပိုးများကျရောက်လေ့ရှိပါသည်။

ခူးဆွတ်ခြင်းနှင့်သိုလှောင်ခြင်း

အသီးအစိမ်းရောင်မှ အဝါရောင်သို့ပြောင်းချိန်တွင် စတင်ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ရာတွင် စနစ်တကျခူးဆွတ်မှသာ အရည်အသွေးပြည့်မှီသော အသီးကိုရရှိမည်ဖြစ်ပါသည်။ အပူချိန် 0 °C (32 °F) တွင်သိုလှောင်နိုင်ပါသည်။

ဖြိုးသဥ္ဇာကျော်

ကိုးကားချက်

https://simple.wikipedia.org/wiki/Peach

https://en.wikipedia.org/wiki/Peach

https://www.gardeningknowhow.com/edible/fruits/peach/fertilizing-peach-trees.htm

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 

San san

San san

လွန်ခဲ့သော ၅ နှစ် က

ကိုင်းကူးရန်လိုအပ်ပစ်စည်း ကိုင်းကူနည်းပြောပေးပါ

စောယွာအယ်

စောယွာအယ်

လွန်ခဲ့သော ၅ နှစ် က

မျိုးစေ့ဘယ်မှာဝယ်ယူလို့ရလဲဗျ အလင်းပြပါ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....