အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တော်တော်များများနဲ့ ရုံးခန်းတွေမှာ အိမ်တွင်းအလှစိုက်ပင်တွေစိုက်ပျိုးလာကြတာကို သတိထားမိကြပါလိမ့်မယ်။ အိမ်တွင်းအလှစိုက်ပင်တွေက နေအိမ်၊ ရုံးခန်းတွေကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေက အိမ်ကို လှပစေရုံသာမက လေထုကိုသန့်စင်ပေးတဲ့အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုပါတယ်။ အိမ်တွင်းအလှစိုက်ပင်တွေဝယ်လာပြီး နေရာချဖို့ခက်ခဲ နေတယ်ဆိုရင် ဒီပိုစ့်လေးကိုဆက်လက်ဖတ်ရှုလိုက်ပါ။
အိမ်တွင်းအလှစိုက်ပင်တွေကို နေရာမချခင်မှာ သင့်အိမ်လှပဖို့ တစ်ခုထဲကို မစဥ်းစားသင့်ပါဘူး။ အပင်ရဲ့ ရှင်သန်ကြီးထွားနိုင်တဲ့ အခြေအနေတွေကို လည်းထည့်သွင်းစဥ်းစားသင့်ပါတယ်။ ဥပမာ နေရောင်ခြည်ကြိုက်တဲ့အပင်တွေကို အမှောင်ခန်းထဲမှာထားမယ်ဆိုရင် အပင်မကြီးထွားနိုင်တဲ့အပြင် သေဆုံးသွားနိုင်ပါတယ်။
အိမ်ရှေ့ဝရံတာ

တော်တော်များများက အပင်ဝယ်လာပြီဆိုရင် အိမ်ရှေ့ဝရံတာမှာထားဖို့ကို စဥ်းစားကြပါတယ်။
ဒါဟာ အပင်ကြီးတွေနဲ့ နေရောင်ခြည်ကြိုက်တဲ့အပင်တွေအတွက်တော့ သင့်တော်တဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ နေရောင်ခြည်မကြိုက်တဲ့အပင်တွေကိုတော့ အိမ်ရှေ့ဝရံတာ မှာမစိုက်သင့်ပါဘူး။
ဧည့်ခန်း

အိမ်တွင်းအလှစိုက်ပင်တွေကို ဧည့်ခန်းတီဗီစင်မှာတင်ထားခြင်းကလည်း သင့်ဧည့်ခန်းကို လှပနေစေမှာပါ။ ဧည့်ခန်းနံရံမှာ နံရံကပ်စင် (သို့) ပန်းတင်တဲ့စင် ပေါ်တွင်တင်ပြီးလည်း အလှဆင်နိုင်ပါတယ်။ ဧည့်ခန်းနံရံကို နံရံကပ်စက္ကူလှလှလေးကပ်ပြီး အရွက်ဖားဖားအပင်လေးချထားပြီး အလှဆင်ကြည့်သင့်ပါတယ်။
အိပ်ခန်း

သင်ဟာ ညဘက်အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတစ်ယောက်ဆိုရင်တော့ သင့်အိပ်ရာဘေးက ခုံလေးမှာ အိပ်စက်ရာမှာ အထောက်အကူပြုတဲ့အပင် (ဥပမာ - Shining Star Orchid)လေးတွေကို တင်ထားပြီး အိပ်စက်သင့်ပါတယ်။
ရေချိုးခန်း

အိမ်တွင်းအလှစိုက်ပင်တွေကို သုံးပြီးရေချိုးခန်းကို အလှဆင်နိုင်ပါတယ်။ ရေချိုးခန်းဟာ အစိုဓာတ်များတဲ့အတွက် အစိုဓာတ်ကြိုက်တဲ့အပင်တွေကို ရွေးချယ်သင့်ပါတယ်။
စုပြုံထားခြင်း

အပင်တွေကို ဟိုနေရာ,ဒီနေရာတွေမှာ မခွဲထားပဲ အခန်းတစ်ခန်း (သို့) ထောင့်တစ်ထောင့်မှာစုပြုံထားခြင်းက လည်း တစ်မျိုးလေးလှနေစေမှာပါ။ အရွယ်အစား၊ပုံသဏ္ဍာန်၊အနိမ့်အမြင့် မတူတဲ့အပင်တွေကို တစ်နေရာထဲမှာစုထားပြီး စာဖတ်ခုံလေးနဲ့ စာဖတ်ရမယ်ဆိုရင် တော်တော်ကြည်နူးစရာကောင်းနေမှာပါ။
ချိတ်ဆွဲခြင်း(သို့) တွဲလောင်းချခြင်း

ချိတ်ဆွဲပင်တွေကို အိမ်နံရံ၊ပြတင်းပေါက် နဲ့ ဝရံတာတွေမှာ ချိတ်ဆွဲထားနိုင်ပါတယ်။
အရွက်နဲ့ ပင်စည် တွဲလောင်းကျတတ်အပင်တွေကို စာအုပ်စင်(သို့) အမြင့်တစ်နေရာ (သို့) လှေခါး မှာတင်ထားမယ်ဆိုရင် တော်တော်လေးကိုသက်ဝင်နေစေမှာပါ။
အိမ်တွင်းအလှဆင်အပင်တွေကို နေရာမှန်မှန်နှင့် စနစ်တကျစိုက်ပျိုးထားရှိစေခြင်းအားဖြင့် စိတ်နှလုံးအေးချမ်းကြပါစေ....
ဖြိုးသဥ္ဇာကျော်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ဆက်စပ်မေးခွန်းများ
မတ်ပဲကို ရိုးရိုးကြဲတာနဲ့ လူးနယ်ဆေး ဖြင့်လူးပြီးမှကြဲတာဘယ်ဟာပိုကောင်းလဲဗျ တစ်ဧကကို မျိုးစေ့ဘယ်နှုန်းထားလောင်ကြဲရင် သင့်တော်လဲမလဲဗျ သူများတေပြောကြတာ တစ်ဧက ၂တင်းနှုန်းကြဲပြီးထူလေ ကောင်းလေပြောကြလို့ဗျ အကြံဉာဏ်လေးပေးပါအုံး ဆရာတို့ခဗျာ
Aung Zay • ဖြေကြားချက် 2 ခု
ဆရာတို့ခဗျာ ခုရာသီချိန်မှာ ကျွန်တော့်ရဲ့လယ်မြေက ထွန်ယက်ဖို့ အနေတော် ဖြစ်နေပါပြီဗျ မတ်ပဲကြဲ ချင်တာ မိုးကလဲရှိနေသေးတယ်ဆိုတော့ ခုချိန်ထွန်ယက်စိုက်ဖို့ အဆင်ပြေနိုင်လားဗျ
Aung Zay • ဖြေကြားချက် 1 ခု
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ဘေးကပါမနက်ဖြန်(၂၂.၁၀.၂၆)နေ့မှာမြေပဲချဖို့လုပ်ထားပေမယ့် ရွာကလူကြီးတွေကမိုးပိမှာစိုးလို့မချသေးနဲ့ဦးလို့ပြောနေကြလို့ပါ မြေပဲကမိုးပိရင်ဘယ်လိုဖြစ်နိုင်လည်းရှင့် ဆွေးနွေးအကြံပြုပေးကြပါဦးရှင့်
Hnin Nu Wai • ဖြေကြားချက် 3 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
Ko Nay • ဖြေကြားချက် 1 ခု
ဆရာ့ကြက်သွန်ကိုခရမ်းလွန်ရောင်ခြည်ဒဏ်သက်သာစေမဲ့ဆေးလေလမ်းပြပေးပါ
Ko Nay • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
iPhone သုံးတဲ့ မိတ်ဆွေများအတွက် သတင်းကောင်း
23/10/2026
အောက်တိုဘာ ၂၂ မှ ၂၄ ရက်တို့တွင် မိုးစပါးနှင့် ဆီထွက်သီးနှံများကို အမြန်ဆုံးအပြီး ရိတ်သိမ်းခြွေလှေ့ထားသင့်
22/10/2026
အစိုပုပ်ရောဂါ၏ လက္ခဏာများနှင့် သတိပြုဖွယ်ရာများ
22/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး