ဂွေးသီးစိုက်ပျိုးနည်း
အင်္ဂလိပ်အမည် Ambarella
ရုက္ခဗေဒအမည် Spondias dulcis
ဂွေးသီးပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အသီးကိုစားသုံးနိုင်သောအပင်ဖြစ်ပါသည်။ အပင်အမြင့် ၃၀ မှ ၄၀ ပေ အထိရှိပါသည်။ အရွက်မှာ ရှည်လျားသောပုံသဏ္ဌာန်ရှိပြီး ၂ လက်မ မှ ၄ လက်မခန့် အရွယ်အစားရှိပါသည်။ ပင်တည်းဝတ်မှုန်ကူးသော အပင်အမျိုးအစားဖြစ်ပြီး ပန်းပွင့်အဖြူရောင်ပွင့်လေ့ရှိပါသည်။
အသီးတွင် အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါသည်။ အသီးအစိမ်းနှင့် အမှည့်နှစ်မျိူးလုံးကို စားသုံးနိုင်ပြီး ယို၊ ဖျော်ရည်များပြုလုပ်၍လည်း စားသုံးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် အသုပ် (သို့) အထောင်းများပြုလုပ်၍ စားသုံးလေ့ရှိပြီး လုံခြုံသီးဟူ၍လည်း ခေါ်ဆိုကြပါသည်။ အချို့သောနိုင်ငံများတွင် ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုကြပြီး ပင်စည်ကို ကနူးလှေပြုလုပ်ရာတွင် အသုံးပြုကြပါသည်။
စိုက်ပျိုးခြင်း
ရေဆင်းကောင်းသည့် မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပြီး အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသတွင် ကောင်းစွာကြီးထွားနိုင်ပါသည်။ ပင်ခြားတန်းခြားအကွာအဝေး ၁၀ ပေ မှ ပေ ၂၀ အတွင်းထား၍ စိုက်ပျိုးသင့်ပါသည်။ အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက အနက် ၂ လက်မခန့်ထား၍ စိုက်ပျိုးသင့်ပါသည်။ အစေ့မှ တိုက်ရိုက်စိုက်ပျိုးပါက ၄ ပတ်အကြာတွင် မျိုးညှောင့်ပေါက်နိုင်ပြီး ကိုင်းကူးကိုင်းဆက်ပြုလုပ်၍လည်း စိုက်ပျိုးနိုင်ပါသည်။
မြေသြဇာကျွေးခြင်း
မြေသြဇာလိုအပ်မှုနည်းသော အပင်ဖြစ်သော်လည်း စီးပွားဖြစ်စိုက်ပျိုးပါက မြေသြဇာထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ငယ်စဥ်တွင် ကွန်ပေါင်းမြေသြဇာ ၁၀၀ ဂရမ်ကို ၂-၃ လ ခြားတစ်ကြိမ် ထည့်သွင်းရန် လိုအပ်ပါသည်။ အပင်ကြီးထွားလာသည်နှင့်အမျှ မြေသြဇာပမာဏကို တိုးထည့်ပေးရန် လိုအပ်ပါသည်။ အပင်သက်တမ်းရင့်လာပါက တစ်နှစ်လျှင် မြေသြဇာပမာဏ ၁ ကီလိုဂရမ် ၂ ကြိမ် မှ ၄ ကြိမ်ကျွေးနိုင်ပါသည်။ သို့သော် မြေသြဇာပမာဏ ၁ ကီလိုဂရမ်ထက် မပိုစေရန် သတိပြုရပါမည်။
အပင်ပြုစုခြင်းနှင့် သိုလှောင်ခြင်း
နေရောင်ရသောနေရတွင် ကောင်းစွာကြီးထွားနိုင်ပြီး ရေအသင့်အတင့်လိုအပ်သော အပင်အမျိုးအစားဖြစ်ပါသည်။ ကိုင်းချိုင်ခြင်းကို တစ်နှစ်လျှင်တစ်ကြိမ် အပင်အနေအထားပေါ်မူတည်၍ ပြုလုပ်ပေးသင့်ပါသည်။ အပင်အမြင့် ၁၂ ပေ မှ ၁၅ ပေ အတွင်း ထားရှိပါက အသင့်တော်ဆုံးဖြစ်သည်။ ပျ၊ ကျိုင်းနှင့် သီးထိုးယင်များ ကျရောက်နိုင်ပြီး ကာကွယ်ရန်လိုအပ်ပါသည်။ အပင်သက်တမ်း ၅ နှစ်မှစ၍ စီးပွားဖြစ်အထွက်နှုန်းကို ရရှိနိုင်ပါသည်။ အသီးများကို အခန်းအပူချိန်တွင် သိုလှောင်နိုင်ပြီး မရင့်မှည့်သေးသော အသီးများကို ရေခဲသေတ္တာထဲထည့်ခြင်းမှ ရှောင်ကြဥ်သင့်ပါသည်။
ဖြိုးသဥ္ဇာကျော်
ကိုးကားချက်
http://www.rarefruitclub.org.au/Ambarella.htm
https://hort.purdue.edu/newcrop/morton/ambarella_ars.html
U Thuta
လွန်ခဲ့သော ၄ နှစ် ကအစေ့ကို ပျိုးချင်လို့ပါ ပျိုးနည်းပြောပြပေးပါခင်ဗျ
သာပြည့်
လွန်ခဲ့သော ၄ နှစ် ကဂွေးသီး စိုက်ချင်လို့ပါ မျိုးဘယ်လိုယူသလဲပြောပြပေးပါအုံး
ko phyo
လွန်ခဲ့သော ၅ နှစ် ကစိုက်ချင်တယ်
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဖြိုးသဥ္ဇာကျော်
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....