အစိမ်းရောင်လမ်း
ပဲခူးတိုင်း ရေနက်ကွင်းဒေသများတွင် အသုံးပြုလျက်ရှိသော စပါးအဆစ်ဖြတ်စိုက်နည်းစနစ်အကြောင်း

ပဲခူးတိုင်း ရေနက်ကွင်းဒေသများတွင် အသုံးပြုလျက်ရှိသော စပါးအဆစ်ဖြတ်စိုက်နည်းစနစ်အကြောင်း

မြန်မာနိုင်ငံတွင် စပါးစိုက်ဧကပေါင်း (၁၃) သန်း ရှိသည့်အနက် ရေကြီးကွင်းနှင့် ရေနက်ကွင်းစိုက်ဧကများသည် တစ်နိုင်ငံလုံးစိုက်ဧက၏ ၁၃.၅ ရာခိုင်နှုန်း ရှိပါသည်။ အများအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကဲ့သို့သော မြစ်ဝှမ်းလွင်ပြင်ဒေသများရှိ စပါးခင်းများတွင် ရေကြီးခြင်း ရေမြုပ်ခြင်းများဖြစ်ပေါ်ပြီး စပါးခင်းများပျက်စီးလေ့ရှိပါသည်။ ထိုဒေသများတွင် စပါးအထွက်နှုန်းတည်ငြိမ်စေရန်အတွက် တာဖို့ခြင်း၊ ရေစီးရေလာကောင်းအောင်ပြုလုပ်ခြင်း၊ ရေမြုပ်ဒဏ်ခံ စပါးမျိုးများ စိုက်ပျိုးခြင်းနှင့် ရာသီဥတုနှင့်သင့်တော်သော စိုက်နည်းစနစ်များ အသုံးပြုစိုက်ပျိုးကြရန် လိုအပ်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ရွာဟောင်းကျေးရွာရှိ ရေနက်ကွင်းစပါးခင်းများတွင်မူ ရေကြီးနစ်မြုပ်၍ စပါးခင်းများပျက်စီးပါက စပါးအဆစ်ဖြတ်စိုက်နည်းစနစ်ကို ကျင့်သုံးလျှက်ရှိပါသည်။ ရေကြီးပျက်စီးမှုဒဏ် ခံနိုင်စေရန်အတွက် ပေါ်ဆန်းစပါးကို သင်္ကြန်မိုးရွာပြီးသည်နှင့်တပြိုက်နက် ထွန်စက်မောင်း၍ အခြောက်ကြဲလေ့ရှိပါသည်။ အခြောက်ကြဲခင်းနှင့် ပျိုးထောင်စိုက် ခင်းများကို မေလဆန်းတွင် ပက်ကြဲလေ့ရှိပါသည်။ ရေစတင်ဝင်ရောက်ချိန် ဇွန်လလယ်တွင် စပါးပင်သက်တမ်း တစ်လမှ တစ်လခွဲ ရှိနေပြီဖြစ်၍ ရေကြီနစ်မြုပ်မှုဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိပြီဖြစ်ပါသည်။ ရေအကြီးဆုံးအချိန်သည် ဇူလိုင်လလယ် (ဝါဆိုလပြည့်) ဖြစ်ပါသည်။ ထို့နောက် ရေတဖြည်းဖြည်းပြန်ကျရာ ဩဂုတ်လဆန်းတွင် ရေအနက် (၂) ပေခန့်ရှိပြီး အောက်တိုဘာလလယ် (သီတင်းကျွတ်လပြည့်) တွင်မူ ရေကြီးနစ်မြုပ်မှု မရှိတော့သလောက်ဖြစ်ပါသည်။ သို့သော်လည်း တစ်ခါတစ်ရံ ဝါခေါင်လပြည့် ရေကြီးမှုများနှင့်တော့ ကြုံရတတ်ပါသည်။ ဝါဆိုလ ရေကြီချိန်တွင် စပါးပင်များသည် အတော်အသင့် ရေဒဏ်ခံနိုင်ရည်ရှိသည်ဆိုသော်လည်း ရေအလွန်ကြီးသော နှစ်များတွင်မူ စပါးပင်များသေခြင်း၊ ယိုင်လဲခြင်းများဖြစ်ပေါ်တတ်ပါသည်။ ထိုသို့ စပါးခင်းများ ပျက်စီးပါက ယိုင်လဲလျက်ရှိသော စပါးပင်များအား ပင်စည်ဖြတ်၍ ပြန်လည်စိုက်ပျိုးနည်းစနစ်ကို ကျင့်သုံးလျှက်ရှိပါသည်။ ဝါဆိုရေကျပြီဆိုသည်နှင့် စိုက်ပျိုးရန် ပြင်ဆင်ရပြီဖြစ်ပါသည်။ စပါးပင်များကို ပင်စည်ဖြတ်၍ ပေါင်းရှင်းပြီးလျှင် စိုက်ခင်းရှိရာသို့ လှေဖြင့် သယ်သွားရပါသည်။ စိုက်ခင်းတွင်တော့ ကောက်စိုက်လုံမေတို့က ကောက်စိုက်တုတ်အသုံးပြု၍ စိုက်ပျိုးကြပါသည်။ ကောက်စိုက်ခြင်းကို ရေအခြေအနေပေါ်မူတည်၍ ဩဂုတ်လဆန်းခန့်တွင် စိုက်ကြပြီး ကောက်စိုက်ချိန်တွင် ရေအနက် ဒူးဆစ်မှ ခါးလယ်ထိရှိပါသည်။ ပျိုးခင်းရှိ ရေအနက်ကိုလိုက်၍ ပင်စည်ကိုဖြတ်ကြရပါသည်။ အချို့နှစ်များတွင် မြေပြင်အထက် တစ်ထွာမှဖြတ်ပြီး အချို့ ရေအလွန်မနက်သော အခင်းများတွင်မူ မြေပြင်မှကပ်၍ ဖြတ်ကြပါသည်။ ကောက်စိုက်ပြီး ၂ ပတ်မှ တစ်လအကြာတွင် ကွန်ပေါင်းမြေဩဇာ တစ်ဧက အိတ်ဝက်နှုန်း ကျွေးပါသည်။ စပါးရိတ်ချိန်တွင်တော့ ကောက်ရိတ်သမားဖြင့်ဖြစ်စေ၊ စက်အသုံးပြု၍ဖြစ်စေ ရိတ်သိမ်းကြပါသည်။ 

စပါးအဆစ်ဖြတ်စိုက်စနစ်သည် လွန်ခဲ့သော နှစ်ပေါင်း (၂၀) မှစတင်၍ သနပ်ပင်မြို့နယ်၊ ဇီးပင်ရွာမှ စတင်ခဲ့ကြောင်းသိရပါသည်။ သို့သော်လည်း ယခုအခါ ဇီးပင်ရွာတွင် နွေစပါးစိုက်ပျိုးရန် အောင်ရေလုံလောက်သောကြောင့် နွေစပါးသာ အဓိအားထားစိုက်ပျိုးပါတော့သည်။ ရွာဟောင်းကျေးရွာတွင်မူ နွေစပါးစိုက်ပျိုးရန် ရေမရရှိခြင်း၊ မိုးစပါးများ ရေကြီးနစ်မြုပ်၍ ကြဲခင်းနှင့် ပျိုးခင်းများ ပျက်စီးမှုများရှိခြင်းကြောင့် အဆစ်ဖြတ်စိုက်ပျိုးနည်းစနစ်ကို ၂၀၁၂ ခုနှစ်မှ စတင်ကျင့်သုံးခဲ့ပါသည်။ စစိုက်ချိန်တွင် ဧကအနည်းငယ်သာ စိုက်ပျိုးခဲ့သော်လည်း စပါးအထွက်နှုန်းမှာ ကြဲခင်းနှင့် ရိုးရိုးပျိုးစိုက် စပါးခင်းများထက် အထွက်နှုန်းကောင်းမွန်ကြောင်း သိရှိလာသောကြောင့် စပါးခင်းများ ရေကြီးပျက်စီးခြင်း၊ ကြဲခင်းများ ပေါင်းစီးခြင်းများဖြစ်ပေါ်ပါက အဆစ်ဖြတ်၍ ပြန်လည်စိုက်ပျိုးကြပါသည်။ ပေါ်ဆန်းစပါးသာမက ဒေသစပါး ရိုးစိမ်းမျိုးကိုပါ အဆစ်ဖြတ်၍ စမ်းသပ်စိုက်ပျိုးကြပါသည်။ သိပ္ပံနည်းကျ စံကွက်ရိတ်သိမ်းမှုများအရ ၂၀၁၆ ခုနှစ် မိုးစပါးတွင် ပေါ်ဆန်းနှင့် ရိုးစိမ်းကြဲခင်းမှ တစ်ဧကလျှင် ၂၀ တင်းနှုန်း၊ ရိုးရိုးပျိုးစိုက်ခင်းမှ (၃၈) တင်းနှုန်းနှင့် အဆစ်ဖြတ်စိုက်ခင်းမှ တစ်ဧက (၅၉) တင်းနှုန်း ထွက်ရှိခဲ့ပါသည်။ ထို့အပြင် ရိုးစိမ်းကြဲခင်းတွင် တစ်ဧက (၃၄) တင်းနှုန်းနှင့် အဆစ်ဖြစ်စိုက်ခင်းမှ (၅၈) တင်းနှုန်း ထွက်ရှိခဲ့ပါသည်။ ယခုနှစ် ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပဲခူးတိုင်းဒေသကြီးတွင် သာမန်နှစ်များထက် ရေကြီးခြင်းကြောင့် ပေါ်ဆန်းနှင့် ရိုးစိမ်းကဲ့သို့ ဒေသစပါးမျိုးများသာမက ကုန်းစိုက်စပါးခင်းများအချို့ပါ ပျက်စီးခဲ့ပါသည်။ ထို့ကြောင့် ပေါ်ဆန်းနှင့် ရိုးစိမ်းကဲ့သို့သော ဒေသစပါးမျိုးများသာမက ဗျော့ထွန်းကြဲခင်းများပါ အဆစ်ဖြတ်၍စိုက်ပျိုးရာ စပါးအထွက်နှုန်းကောင်းမွန်ကြောင်း တွေ့ရှိရပါသည်။ ပေါ်ဆန်းနှင့် ရိုးစိမ်းတို့သည် ပန်းပွင့်ချိန်တွင် အလင်းတာတုံ့ပြန်မှုရှိသော ဒေသစပါးမျိုးများဖြစ်ခြင်းကြောင့် ရိတ်သိမ်းချိန်ကွာခြားမှု မရှိသော်လည်း ဗျော့ထွန်းစပါးမျိုးတွင်မူ ကောက်ပင်လှန်ချိန်ရှိသောကြောင့် ရိုးရိုးပျိုးစိုက်ခင်းနှင့် အဆစ်ဖြတ်စိုက်ခင်းတို့သည် ကြဲစိုက်စပါးများထက် ရိတ်သိမ်းချိန် (၂) ပတ်ခန့် နောက်ကျခဲ့ပါသည်။ 

အဆစ်ဖြတ်စိုက်ခင်းမှ တစ်ဧကစပါးအထွက်သည် ကြဲခင်းနှင့် ရိုးရိုးပျိုးစိုက် စပါးခင်းတို့ထက် အထွက်နှုန်းပိုသော်လည်း ရိတ်သိမ်းချိန်သည် ကြဲခင်းထက် (၂) ပတ်ခန့်နောက်ကျနိုင်သဖြင့် မိုးစပါးအပြီး နောက်သီးနှံ စိုက်ခင်းများအတွက်မူ ရေကြီး၍ စပါးခင်းပျက်စီးမှုများနှင့် ကြုံတွေ့ရပါက အဆစ်ဖြတ်စိုက်နည်းစနစ်ကို အသုံးပြုသင့်ကြောင်း တင်ပြအပ်ပါသည်။

ယုမွန် (စိုက်ပျိုးရေး) 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....