အမှီပင်လိုအပ်တဲ့ နံ့သာဖြူပင်စိုက်ပျိုးနည်း
နံ့သာဖြူပင်တွေဟာ အမြဲစိမ်းလန်းတဲ့ အလယ်အလတ်သစ်ပင်မျိုးဖြစ်ပြီး အခြားအပင်တွေရဲ့အစာကို မြေအောက်အမြစ်များမှတဆင့် စုပ်ယူစားသုံးကြလို့ ကပ်ပါးပင်အမျိုးအစားတွေလည်းဖြစ်ကြပါတယ်။ နံ့သာဖြူပင်ရဲ့ အဆီအနှစ်ကို ရေမွှေးထုတ်လုပ်ရာမှာ အဓိကသုံးပြီး အဆီအနှစ်ပါတဲ့ နံ့သာဖြူသားတစ်ပိဿာကို နှစ်သိန်းမှ သုံးသိန်းအထိ တန်းဖိုးရှိပါသတဲ့။ ဒါ့ကြောင့် စိုက်ပျိုးချင်သူများအတွက် စိုက်ပျိုးနည်းလေးကို မျှဝေပေးပါရစေ။
ရာသီဥတု အမျိုးအစား
- နေရောင်ကောင်းစွာရပြီး ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမျိုးကို ကြိုက်နှစ်သက်ပါတယ်။နံ့သာဖြူပင်ကို ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၂၀၀၀ မှ ပေ ၃၀၀၀ ကျော်အမြင့်အထိ စိုက်ပျိုးနိုင်ပြီး မိုးရေချိန်လက်မ ၃၀ မှ ၇၀ အတွင်း ကောင်းစွာဖြစ်ထွန်းနိုင်ပါတယ်။
မြေအမျိုးအစား
- နံ့သာဖြူပင်က မြေနီ၊ ခဲမြေ၊ ကျောက်စရစ်ဆန်သောမြေ စသောမြေညံ့တွေမှာ ပိုမိုဖြစ်ထွန်းပါတယ်။ စိမ့်မြေ၊ လယ်မြေတွေမှာတော့ စိုက်ပျိုးလို့မရပါဘူး။ နုန်းဆန်ပြီး ရေစိမ့်ဝင်မှုကောင်းတဲ့ မြေတွေမှာစိုက်ရင် ဖြစ်ထွန်းပေမယ့် အဆီအနှစ်ပါဝင်မှုနည်းပြီး ရနံ့သိပ်မမွှေးတာကို တွေ့ရပါတယ်။
ပျိုးထောင်ခြင်း
- နံ့သာဖြူပင်ကို စိုက်မြေမှာတိုက်ရိုက်အစေ့ချပြီး စိုက်လို့လည်းရပေမယ့် ပျိုးပြီးမှစိုက်တာက ပိုကောင်းပါတယ်။ ပလတ်စတစ်အိတ်နဲ့ ထည့်ပျိုးကြတာများပြီး အိတ်အရွယ်မှာ( ၅" ×၆")၊ ( ၅"× ၇") ရှိ ပလတ်စတစ်အိတ်တွေကို သုံးနိုင်ပါတယ်။ ရေစိမ့်ရန်အတွက် အိတ်တွေကို အနည်းဆုံး (၄) ပေါက်ဖောက်ပေးရပါမယ်။
- ပျိုးအိတ်တွေထဲမှာ ထည့်ရမယ့် မြေအချိုးအစားကတော့ နုန်းမြေ (၂) ဆ၊ နွားချေးမြေဆွေး (၁) ဆ၊ သဲ (၁) ဆ တို့ကိုရောစပ်၍ ဇကာချပြီးမှ ထည့်ရပါမယ်။ မျိုးစေ့မထည့်ခင် ပျိုးအိတ်တွေကို ရေလောင်းပေးထားရပြီး၊ ပျိုးအိတ်တစ်အိတ်ကို မျိုးစေ့ (၂) စေ့နှုန်းဖြင့် ပျိုးထောင်ပါ။ ပျိုးအိတ်တွေကို ရေနေ့စဉ်လောင်းပေးရမှာဖြစ်ပြီး ရေမများလွန်းဖို့လည်း ဂရုစိုက်ပေးရပါမယ်။ တစ်လ၊ တစ်လခွဲလောက်ဆို အပင်ပေါက်ပါတယ်။တစ်ပေခွဲ၊ နှစ်ပေအရွယ်ရှိအပင်များကို ပြောင်းရွှေ့စိုက်နိုင်ပါတယ်။ နှစ်ချင်းမစိုက်ချင်သေးပါက အိတ်အရွယ်အစား (၆"× ၈") ၊ (၈"× ၁၀") တို့မှာအိတ်ပြောင်းပြီး တစ်နှစ်ဆက်ထားနိုင်ပါတယ်။
မြေပြင်ခြင်းနဲ့ စိုက်ပျိုးခြင်း
- စိုက်ပျိုးမည့်မြေကို (၁) ပေပတ်လည်ကျင်း တူးရပါမယ်။ တူးလို့ရလာတဲ့မြေတစ်ဆ၊နွားချေးမြေဆွေးတစ်ဆ၊ သဲတစ်ဆရောပြီး စိုက်ကျင်းရေလောင်း၍ (၂-၃) ရက်ကြာ နှပ်ထားပြီးမှ ပျိုးပင်များကိုစိုက်ရပါမယ်။ နံ့သာဖြူပင်များကို တစ်ပင်နဲ့တစ်ပင် (၆)ပေပတ်လည်အကွာ (သို့မဟုတ်) ပင်ကြားတန်းကြား ၆ပေ× ၄ပေ ထားပြီး စိုက်နိုင်ပါတယ်။စိုက်ချိန်ကတော့ မိုးဦးကျချိန် ဇွန်လမှ အောက်တိုဘာလအတွင်း စိုက်သင့်ပါတယ်။
အမှီပင်များ
- နံ့သာဖြူပင်က အခြားအပင်တွေရဲ့အမြစ်ကို မှီတွယ်ပြီးဖြစ်ထွန်းကြလို့ အမှီအပင်တွေလည်း စိုက်ပေးရပါသေးတယ်။ အမှီအပင်တွေအဖြစ် ရှား၊ ထနောင်း၊ မယ်ဇလီ၊ ကုက္ကို၊ဘောဇကိုင်း၊ ပြည်ပန်းညို၊ ဝါးမျိုးနွယ်ပင်များ စသည့်အပင်တွေကို နံ့သာဖြူပင်စိုက်ပျိုးပြီးတာနဲ့ ကြားညှပ်၍ စိုက်ပေးရပါမယ်ဗျ။
အပင်ပြုစုစောင့်ရှောက်ခြင်း
- နံ့သာဖြူပင်က ပထမနှစ်မှာ အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်ဗျ။ အပင်ခြေမှာ ပေါင်းပင်နဲ့ နွယ်ပင်တွေမရှိအောင် ပုံမှန်ရှင်းလင်းပေးရပါမယ်။ အပင်ခြေကို အနည်းဆုံး တစ်လတစ်ကြိမ် မြေဆွပေးဖို့လည်း လိုအပ်ပါမယ်။
- နံ့သာဖြူပင်တွေမှာ ပထမနှစ် အပင်ငယ်လေးတွေက ရောဂါကျရောက်မှုဒဏ်ကို ခံနိုင်ရည်မရှိကြပါဘူး။ ရောဂါကျရောက်လျှင် အရွက်တွေကြွေပြီး သေသွားတတ်ကြပါတယ်။ ဒါကြောင့် မိုးရာသီမှာဆိုရင် တစ်လတစ်ကြိမ် မှိုသတ်ဆေးတစ်မျိုးမျိုးဖျန်းပေးရပါတယ်။ ဆောင်းရာသီမှာဆိုရင်တော့ မှိုသတ်ဆေးကို (၃) ပတ်တစ်ကြိမ် ဖျန်းပေးဖို့ လိုအပ်ပါတယ်။
ခုတ်ယူရိတ်သိမ်းခြင်း
- နံ့သာဖြူပင်တွေကို (၈) နှစ်သားမှစပြီး ခုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် နှစ်ကြာလေ တန်ဖိုးမြင့်လေဖြစ်တာမို့ (၁၀-၁၅) နှစ်ထားပြီးမှခုတ်ရင် အနှစ်သားပိုရပါတယ်။ နံ့သာဖြူပင်ကို အနှစ်ထုတ်ယူဖို့ဆိုရင် အမြစ်ကနေတူးထုတ်ပြီးယူရတာမို့ မလိုအပ်သေးလျှင် မတူးသေးပဲ နှစ်ကြာအောင်ထားနိုင်ရင် အကောင်းဆုံးပါပဲဗျာ။
ကိုးကားချက်- "ရွှေမီးအိမ် စာအုပ်စင်၏ နံ့သာဖြူစိုက်ပျိုးနည်း စာအုပ်မှ ကောက်နှုတ်ရေးသားထားပါသည်။"
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
u aung kyaw oo
လွန်ခဲ့သော ၂ နှစ် ကအမှီပင်အဖြစ်ပိန်းနဲပင်ရောစိုက်လို့ ရမရသိချင်ပါတယ်
အမည်မသိ
လွန်ခဲ့သော ၂ နှစ် ကu
ခင်မောင်သန်း
လွန်ခဲ့သော ၃ နှစ် ကခုလာမည့်မိုးရာသီတွင် စတင်စိုက်ပျိူးမှာဖြစ်၍ ဘယ်လိုစိုက်ပျိူးရပါသလဲဖြေကြားပေးစေလိုပါတယ်ခင်ဗျာ။ပြည်မြို့နှင့်ရွှေတောင်မြို့အကြားမှာဖြစ်ပါတယ်ခင်ဗျာ။
ခင်မောင်သန်း
လွန်ခဲ့သော ၃ နှစ် ကနံ့သာဖြူကိုအခြားအပင်နှင့် ဘယလောက်အကွာစိုက်ပျိူးရပါသလဲခင်ဗျာ။
Aung Soe Than
လွန်ခဲ့သော ၄ နှစ် ကhi
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ထွန်းရာဇာ
အားလုံး