ဆီထွက်နေကြာ စိုက်ပျိုးပါ
နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်နိုင်သည်။ လယ်မြေတွင် စပါးရိတ်သိမ်း အပြီးဖြစ်စေ၊ ယာမြေတွင် မိုးသီးနှံရိတ်သိမ်းအပြီးဖြစ်စေ၊ ကိုင်းကျွန်းမြေများတွင်ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။
စိုက်ပျိုးသင့်သော သုတေသနပြုထုတ်ဝေထားသည့် မျိုးနှစ်မျိုးကို ဖေါ်ပြလိုပါသည်။
ရေဆင်းစပ်မျိုးနေကြာ−၁: သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူးဖြစ်သည်။ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေရှိပြီး ယိုင်လဲမှုဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာတွင် ကျရောက်တတ်သော နေကြာရွက်ခြောက်ရောဂါဒဏ်ကို အသင့်အတင့် ခံနိုင်ရည်ရှိသည်။ အပွင့်အရွယ်အစားကြီးမား၍ အချင်း ၅ လက်မမှ ၉ လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၉၀၀ ရှိသည်။ အစေ့အရွယ်အစားကြီးမား၍ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၅ မှ ၅၀ ရှိသည်။ ဆီပါဝင်မှုများ၍ ၄၈ မှ ၅၁ ရာခိုင် နှုန်းပါဝင်သည်။ ပျားဖြင့်သော်လည်းကောင်း၊ လူဖြင့်သော်လည်းကောင်း၊ ဝတ်မှုန်ကူးပေးရန် မလိုအပ်ဘဲ တစ်ဧကအထွက် ၅၅ တင်း မှ တင်း ၆၀ ထွက်နိုင်သောမျိုးဖြစ်ကြောင်း သိရပါသည်။
ဆင်းရွှေကြာ−၂: အထွက်ကောင်းမျိုး (OPV) ဖြစ်သည်။ သက်တမ်းရက် ၈၀ မှ ၈၅ ရက် ရှိသောမျိူးဖြစ်သည်။ အပင်အမြင့်မှာ ၄ ပေ မှ ၄ ဒသမ ၅ ပေ ရှိသည်။ အပွင့်အချင်း ၅ လက်မ မှ ၈ လက်မရှိသည်။ တစ်ပွင့်ပါအောင်စေ့ ၅၀၀ မှ ၈၀၀ ရှိသည်။ အစေ့ ၁၀၀၀ အလေးချိန် ဂရမ် ၄၂ မှ ၄၅ ရှိသည်။ ဆီထွက်ရာခိုင်နှုန်း ၄၅ မှ ၄၈ ရာခိုင်နှုန်း ရှိသည်။ တစ်ဧကအထွက် ၂၅ တင်း မှ တင်း ၃၀ ထွက်နိုင်သောမျိုးဖြစ်ပြီး ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းကြောင်း သိရပါသည်။
စိုက်ပျိုးချိန်
အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလဖြစ်သော်လည်း မြေအစိုဓာတ် လုံလောက်စွာရှိပါက စပါးအပြီးစိုက်ပျိုးရာတွင် နိုဝင်ဘာနှင့် ဒီဇင်ဘာလအထိ စိုက်ပျိုးနိုင်ပါသည်။
မြေအမျိုးအစား
မြေဆီလွှာထက်သန်သည့် သဲနုန်းမြေအမျိုးအစားမှ မြေစေးမြေအမျိုးအစားထိ စိုက်ပျိုး နိုင်သည်။ မြေချဉ်ငန်ဓာတ် pH တန်ဖိုး ၆.၀ မှ ၇.၅ သည် အသင့်တော်ဆုံးဖြစ်သည်။ ခြောက်သွေ့သည့်ဒေသတွင် မြေစေးမြေအမျိုးအစားကဲ့သို့ ရေထိန်းထားနိုင်သည့်မြေတွင် စိုက်ပျိုးနိုင်ပါသည်။
မျိူးစေ့နှုန်းထား
တစ်ဧကလျှင် မျိုးစေ့ ၄ ပြည်မှ ၅ ပြည် စိုက်ပျိုးနိုင်သည်။ အတန်းအကွာအဝေးမှာ ၂ ပေ နှင့် ပင်ကြားအကွာအဝေး ၉ လက်မဖြစ်သည်။ တစ်ကျင်းလျှင် မျိုးစေ့ ၂ စေ့မှ ၃ စေ့နှုန်း စိုက်သင့်သည်။ အပင်သက်တမ်း ၁၅ ရက်သားအတွင်း တစ်ကျင်းလျှင် တစ်ပင်ချန်၍ အပြီးသားခွဲရန် ဖြစ်ပါသည်။
မြေသြဇာကျွေးခြင်း
နေကြာပင်သည် ၄င်းတွင်ကြီးမားသော အမြစ်အုံရှိသဖြင့် ရေနှင့် အစာအာဟာရဓာတ်ကို များစွာစားသုံးနိုင်သော အပင်မျိုးဖြစ်သည်။ အပင်ကြီးထွားဖြစ်ထွန်းရေး၊ အပွင့်အရွယ်အစား ကြီးမားစေရေး၊ အစေ့အဆံအောင်မြင်စေရေးတို့အတွက် အရေးကြီးသည်မှာ မြေတွင်းမှ အာဟာရပြည့်စုံစွာရရှိရေး ဖြစ်သည်။ သို့ဖြစ်၍ နေကြာစိုက်ပျိုးရာတွင် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို ထည့်သွင်းပေးရန် လိုပါသည်။
မြေမပြုပြင်မီ တစ်ဧကလျှင် နွားချေး၊ ကြက်ချေး သို့မဟုတ် သဘာဝမြေဆွေးများကို လှည်း ၅ မှ ၁၀ စီး ထည့်ပေးသင့်ပါသည်။
တစ်ဧကလျှင် ယူရီးယားဓာတ်မြေသြဇာ ၁၁၂ ပေါင်၊ တီစူပါ ဖေါ့စ်ဖိတ်ဓာတ်မြေသြဇာ ၅၆ ပေါင်နှင့် ပိုတက်ရှ်ဓာတ်မြေသြဇာ ၅၆ ပေါင်ကို မြေပြုပြင်ချိန်တွင် ထည့်ပေးရန် ထောက်ခံထားသည်။ ထို့ပြင် အဖူးဝင်ချိန်တွင် ယူရီးယားဓာတ်မြေသြဇာ တစ်ဧကလျှင် ၅၆ ပေါင်နှုန်း ထပ်မံထည့်ပေးဖို့လိုကြောင်း သိရပါသည်။
အပင်ပြုစုစောင့်ရှောက်ခြင်း
နေကြာပန်းဖူးဝင်ချိန်မှ ပန်းပွင့်ချိန်ထိ ၃ ပတ်အတွင်း မြေအစိုဓာတ်မလုံလောက်ပါက ပန်းပွင့်ကြီးထွားမှုကို ရပ်တန့်စေပြီး အထွက်ကို များစွာထိခိုက်စေနိုင်သည်။ ထို့ကြောင့် ရေလိုအပ်မှုရှိပါက အဖူး ၇၅ % ဝင်ချိန်နှင့် ပန်း ၇၅% ပွင့်ချိန်တွင် ရေတစ်ကြိမ်စီ သွင်းပေးသင့်ကြောင်း သိရပါသည်။
အပင်ငယ်စဉ် ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ပေးပါ။ ပေါင်းမြက်ကြောင့် နေကြာအထွက် ၅၀ ရာခိုင်နှုန်းကျော် လျော့ကျစေနိုင်သည်။ အပင်အညှောင့်ပေါက်ပြီး ၇ ရက် အတွင်း ကြားပေါင်းလိုက်ကိရိယာဖြင့် ပေါင်းမြက်ကို နှိမ်နင်းသင့်သည်။ အပင်၏အခြေနေရာတစ်ဝိုက်ကိုမူ ပေါင်းမြက်များအား လက်ပေါင်းလိုက်ခြင်းဖြင့် နှိမ်နင်းနိုင်ပါသည်။
ပိုးမွှား၊ ရောဂါ
နေကြာပင်ကို ဖြုတ်စိမ်း၊ ရွက်လိပ်ရွက်ကပ်ပိုး၊ ပျ၊ ယင်ဖြူ၊ ငမြှောင်တောင်၊ ခူမွေးရှည်၊ ပန်းပွင့်ထိုးပိုး၊ ငှက်၊ ကြွက် စသည်ဖြင့် အင်းဆက်ပိုးမျိုးစုံ ဖျက်ဆီးနိုင်သည်။
အင်းဆက်ပိုးများကို ကာကွယ်ရန် အပင်ငယ်စဉ်တွင် သင့်လျော်သည့် ပိုးသတ်ဆေးဖြင့် ဖျန်းပက်ကာကွယ်နိုင်သည်။ သီးနှံရင့်မှည့်ချိန် အပင်ရှိ အစေ့အဆန်များကို ငှက်နှင့် ကြွက်ရန်မှ ကာကွယ်ရန်လိုပါသည်။
မျိုးစေ့ဆောင်ရောဂါများကို ကာကွယ်နိုင်ရန် မျိုးစေ့ချချိန်တွင် မှိုသတ်ဆေးဖြင့် မျိူးစေ့ကို စိမ်သင့်သည်။ နေကြာရွက်ခြောက်ရောဂါကို ကာကွယ်နိုင်ရန် ပန်းပွင့်ပမာဏ ၅၀ ရာခိုင်နှုန်းရှိသည့် ကာလတွင် ၂ ပတ် တစ်ကြိမ်နှုန်းဖြင့် ၃ ကြိမ်တိုင် ရောဂါကာကွယ်ဆေး (ဥပမာ− ဘီနိုမိုင်း) ပက်ဖျန်းပေးသင့်ပါသည်။
ရိတ်သိမ်းခြင်း
ရိတ်သိမ်းနိုင်သည့်အချိန်မှာ နေကြာပန်းပွင့်များ၏ ကျောဘက်အရောင်သည် အဝါရောင်သို့ပြောင်းချိန်ဖြစ်သည်။ရိတ်သိမ်းပြီး နေကြာပန်းပွင့်များကို နေပူတွင် ၂ ရက်မှ ၃ ရက်ကြာ နေလှန်းရန်လိုပါသည်။ ပန်းပွင့်များ ခြောက်သွေ့ပါက တုတ်ဖြင့်ရိုက်၍သော်လည်းကောင်း၊ စက်ဖြင့်သော်လည်းကောင်း၊ နေကြာစေ့များရရှိအောင် ခြွေရန် ဖြစ်ပါသည်။
စားသုံးဆီဖူလုံရေးအတွက် နေကြာသီးနှံစိုက်ပျိုးမှုအောင်မြင်ရန် အသိပေးရေးသားလိုက်ရပါသည်။
ဆင်းသီဟ
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Topic 1
မြေပြန့်ဒေသဆောင်းသီးနှံ
သဘာဝလယ်သမား
လွန်ခဲ့သော ၃ နှစ် ကအပင်၁၅ရက်သားရှိပါပီ ဂျစ်ပ်ဆမ် မြေသြဇာသုံးလို့ရလားခင်ဗျာ
ကိုမောင်နိုင်
လွန်ခဲ့သော ၄ နှစ် ကတစ်ဧက စမ်းသပ်စိုက်ပျိုးထားပြီးဖြစ်လို့ ခုလိုသိခွင့်ရတာ ကျေးဖူးပါဗျ
nyein chan aung
လွန်ခဲ့သော ၄ နှစ် ကဟုကဲ့cbမှာလာဆက်သွယ်လို့ရပါတယ်ခဗျ
ကျော်ဝင်း
လွန်ခဲ့သော ၄ နှစ် ကနေကြာသီးနှံကိုတောင်ယာခင်းမှာစိုတ်လိုရပါသလါး?စိုက်လိုရယင်မျိုးစေ့ဝယ်ပြီးစိုက်ချင်လိုပါ
အောင်ဆန်း
လွန်ခဲ့သော ၅ နှစ် ကနေကြာမျိုးစေ့ဘယ်မှာဝယ်လို့ရလဲ
ဆက်စပ်ဆောင်းပါးများ
အစေ့ထုတ်ပြောင်း အထွက်တိုးစေမည့် စိုက်ပျိုးနည်းပညာ
အသံ
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ
Aung Zaw Oo • ဖြေကြားချက် 2 ခု
ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ
Min zaw Oo • ဖြေကြားချက် 3 ခု
ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ
Paing Lay • ဖြေကြားချက် 6 ခု
မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ
Nay G • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၆)
15/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အသံ
ရေခဲပြင်ဒေသက စိုက်ပျိုးစီးပွားရေး အကြောင်း
10/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်
09/08/2026
More from ဆင်းသီဟ
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....