အစိမ်းရောင်လမ်း
ဟင်းခတ်အမွှေးအကြိုင်ပင်များ ရိတ်သိမ်းခြင်း

ဟင်းခတ်အမွှေးအကြိုင်ပင်များ ရိတ်သိမ်းခြင်း

ရိတ်သိမ်းခြင်းသည် သစ်ပင်စိုက်ပျိုးခြင်း၏ စိတ်ချမ်းမြေ့ဖွယ်ရာ အလုပ်ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင်ပင်ကို အစိုစားသုံးရန်ဖြစ်စေ၊ သိုလှောင်ထိန်းသိမ်းထားရန်ဖြစ်စေ ရိတ်သိမ်းရသည်။ ရိတ်သိမ်းချိန်တွင် အမွှေးအကြိုင်များနှင့် ယစ်မူးရန်အချိန်ယူနိုင်သည်။ မိမိအသုံးပြုနိုင်မည့် ပမာဏသာ ရိတ်သိမ်းရသည်။ ဆွတ်ခူးပြီး အမွှေးအကြိုင်ပင်တစ်မျိုးစီကို အမည်တပ်ပြီး သီးခြားစီထားရသည်။

လတ်လတ်ဆတ်ဆတ်စားသုံးရန် လိုအပ်သောမျိုးကို လိုအပ်သမျှသာ ဖြတ်ယူရသည်။ ထိုကဲ့သို့ လိုသလောက်သာ ဖြတ်ယူခြင်းဖြင့် အပင်ကို အကိုင်းဖြတ်ပြီး သို့မဟုတ် ခေါင်ညွန့်နှိမ်ပြီးဖြစ်သည်။ သို့ရာတွင် တာရှည်ခံပြုလုပ်ရန် ရိတ်သိမ်းမည်ဆိုလျှင် သီးနှံမှ ရနံ့အဆီများ (essential oil) အများဆုံးပါရန် လိုအပ်သည်။ ထိုသို့ဖြစ်ရန် ရိတ်သိမ်းရမည့်အချိန်နှင့် နည်းလမ်းသည် သီးနှံ၏အစိတ်အပိုင်းပေါ်တွင် တည်မှီသည်။

(က) အရွက်

အရွက်တွင်ပါရှိသော ရနံ့အဆီသည် ပန်းပွင့်မပွင့်မီကာလကလေး၌ အများဆုံးဖြစ်သည်။ အရွက်ကိုခူးဆွတ်ရမည့်အချိန်သည် နံနက်ပိုင်း နှင်းမှုန်ကလေး (Dew) မှ ခြောက်သွေ့စအချိန် အပူဓာတ်မရမီကာလဖြစ်သည်။ ရိုးတံ သို့မဟုတ် အရွက်ကို ကပ်ကြေး သို့မဟုတ် ဓားပြတ်ပြတ်နှင့်ဖြတ်၍ အသာအယာ ဗန်းထဲ၊ တောင်းထဲထည့်ရသည်။

(ခ) ပန်းပွင့်

ပန်းပွင့်ကို (နေ့လယ်၌) ပွင့်အာစကို ခူးဆွတ်ရသည်။ ရိုးတံပါပန်းပွင့်ကို (ဥပမာ- Calendula) ပင်စည်မှဖြတ်ယူသည်။ ပန်းတစ်ပွင့်ချင်း တာရှည်ခံအောင်ပြုလုပ်(Preserving) လိုပါက တစ်ပွင့်ချင်း ခူးဆွတ်ရသည်။ ပွင့်ဖတ်များကို မထိခိုက်ရချေ။ နာနေသော၊ ညှိုးနေသောပန်းပွင့်ကို မခူးရချေ။ ခူးပြီးပန်းပွင့်များကို ဗန်းထဲ၊ တောင်းထဲသို့ အသာအယာထည့်ရသည်။

(ဂ) အစေ့

အစေ့ကိုရိတ်သိမ်းရာ၌ ပူသောနေ့တွင် ရင့်မှည့်ပြီး ကြွေမကျမီ ဆောင်ရွက်ရသည်။ ထိုအခါ၌ အစေ့များသည် မာကျောနေရသည်။ သီးတောင့်များသည်စက္ကူကဲ့သို့ ခြောက်သွေ့နေရသည်။ အရောင်မှာ နို့နှစ်ရောင်၊ အညိုရောင် သို့မဟုတ် အနက်ရောင်ဖြစ်ပြီး အစိမ်းရောင်မပါရချေ။ အစေ့အုံကို အပင်မှဖြတ်ပြီး ဘူးထဲဖြစ်စေ၊ ပလပ်စတစ်အိတ်ထဲဖြစ်စေ ထည့်ရသည်။ အစေ့အုံရှိသောသီးနှံများမှာ စမြိတ်၊ နံနံ၊ ချာဗီးလ်၊ စမုန်စပါး စသည်တို့ဖြစ်သည်။

(ဃ) အမြစ်

ဆောင်းဦးပေါက်တွင် မြေပေါ်ရှိအပင်သေသောအခါ အမြစ်ကိုတူးယူရသည်။ သတိထား၍ တစ်ပင်လုံးကိုတူးပြီး မြေပေါ်ပိုင်းကို ဖြတ်ပစ်ရသည်။ နှစ်ရှည်ဟင်းခတ်အမွှေးအကြိုင်ပင် (ဥပမာ- သင်္ဘောဒန့်သလွန်ပင်) သည် နှစ်ရာသီထက်မနည်းကြာမှ အသုံးချနိုင်သောအရွယ်ရရှိသည်။

အပတ်စဉ်သောကြာနေ့တိုင်း တင်ပေးနေတဲ့ဟင်းခတ်အမွှေးအကြိုင်ပင်များ၏ အစိတ်အပိုင်းအလိုက် ရိတ်သိမ်းနည်းကိုလေ့လာပြီးအဆင်ပြေကြပါစေရှင်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက် တိုးချဲ့ဗျို့ အတွဲ(၂) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

Kaung Thant Kyaw

Kaung Thant Kyaw

လွန်ခဲ့သော ၅ နှစ် က

Hi

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....