အစိမ်းရောင်လမ်း
ချည်မျှင်ရှည်ဝါသီးနှံ အထွက်မြင့်မားရန်

ချည်မျှင်ရှည်ဝါသီးနှံ အထွက်မြင့်မားရန်

ဆင်းသီဟ
ဆင်းသီဟ Greenovator 27/08/2018

မျိုးကောင်းရုံဖြင့်မပြီးပါ။ မျိုး၏အထွက်နှုန်းစွမ်းရည်ကို အပြည့်အဝရရှိဖို့ စိုက်ပျိုးနည်းစနစ် မှန်ရန်လိုပါသည်။

မြေအမျိုးအစားရွေးချယ်မှု မှန်ရမည်။ မမှန်လျှင် ချည်မျှင်ရှည်ဝါ အထွက်နည်းနိုင်သည်။ နုန်းမြေ၊ နုန်းစနယ် မြေနှင့် သဲနုန်းမြေများတွင် စိုက်ပျိုးသင့်သည်။ စိုက်ပျိုးမြေ၏အောက်ခံရေမှာ သုံးပေအောက်နက်သောမြေ ဖြစ် သင့်သည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်းပေါက်သောမြေ မဖြစ်သင့်ပါ။ အပေါ်ယံမြေနှင့် အောက်ခံမြေအမျိုးအစား တူညီသင့်သည်။ မြေသြဇာထက်သန်ရမည်။ ရေသွင်း ရေထုတ်လွယ်ကူရမည်။ အစိုဓါတ်ကို ကောင်းစွာထိန်း နိုင်သောမြေ ဖြစ်ရပါမည်။ 

ဒေသအလိုက် စိုက်ချိန်မှန်ရန်လိုသည်။ စိုက်ချိန်မမှန်လျှင် အထွက်နည်းနိုင်သည်။ တစ်ဧက သတ်မှတ်အပင်ဦး ရေ ပြည့်မှီရေးအတွက် စိုက်တန်း စိုက်ကျင်းအကွာအဝေး၊ စိုက်စနစ်မှန်ရန် လိုအပ်သည်။  အချိန်မီသားခွဲပါ။ 

ပေါင်းမြက်ကင်းစင်ရေးအလေးထားပါ။ 

အစိုဓါတ်လုံလောက်စွာ မရပါက ရေသွင်းခြင်းပါ။ ရေသွင်းပြီးတိုင်း ကြားထွန်တိုက်သင့်ပါသည်။ 

စုပ်ပိုး၊ ဝါဂွမ်းပိုးနီ၊ ရွက်လိပ်ရွက်စားပိုး စသည်တို့ကို ကြိုတင်ကာကွယ်ပါ။ ကျရောက်ပါက ထိရောက်စွာစနစ်တ ကျ နှိမ်နင်းရန်လိုပါသည်။

ဝါစိုက်ပျိုးရေးနှင့် မြေသြဇာ

မြေသြဇာသုံးစွဲရေးကိုတော့ အထူးပြောလိုသည်။

သီးနှံပင်တွေ ရှင်သန်ကြီးထွားဖွံ့ဖြိုးဖို့ လိုအပ်သည့်အာဟာရဓာတ်တွေကို အုပ်စုနှစ်မျိုး ခွဲခြားရလျှင် (၁) အဓိက လိုအပ်တာနှင့် (၂) အနည်းလိုအပ်တာဟူ၍ ဖြစ်သည်။ အဓိကလိုတဲ့ အာဟာရဓာတ်တွေကို ဓာတ်မြေသြဇာ တွေက ရရှိနိုင်သည်။ အနည်းလိုအာဟာရဓာတ်တွေကိုတော့ သဘာဝမြေသြဇာတွေကသာ  ရရှိစေနိုင်ပါသည်။

ဒါ့ကြောင့် သဘာဝမြေသြဇာကိုသုံးစွဲပါ။ ဓာတ်မြေသြဇာကိုလည်းသုံးစွဲပါ။ ဝါသီးနှံအတွက် အာဟာရစုံ ရစေလို လို့ ဖြစ်သည်။ 

သဘာဝမြေသြဇာဆိုသည်မှာ ကျေးလက်ဒေသမှာ အလွယ်တကူရရှိနိုင်သော နွားချေးနှင့် သစ်ရွက်ဆွေးမြေသြ ဇာတွေကို ပြောခြင်းဖြစ်သည်။ 

သဘာဝမြေသြဇာတွေမှာ အာဟာရဓာတ်တွေအပြင် ကောင်းတဲ့အချက်တွေရှိသေးသည်။ စေးသောမြေကို ပွစေသည်။ သဲဆန်လွန်းသောမြေကို သိပ်သည်းစေသည်။ ရေအစိုဓာတ်ကိုပိုမို ထိန်းသိမ်းနိုင်စေသည်။ မြေတွင် အပူအအေးမျှတစေပြီး လေဝင်လေထွက်ကို ကောင်းစေနိုင်သည်။ အမှန်မှာ ဝါစိုက်မြေကို ကောင်းမွန်အောင် ဖြစ်ပေါ်စေခြင်းဖြစ်သည်။ သို့ဖြစ်၍ အာဟာရဓာတ်များကို ဝါမြစ်မှ အလွယ်တကူ စုပ်ယူစားသောက်နိုင်စေပါသည်။ 

“နွားချေး(သို့မဟုတ်) သစ်ရွက်ဆွေးမြေသြဇာကို မြေခံအဖြစ် တစ်ဧကလျှင် လှည်း  ၁၀ စီး နှုန်း အနည်းဆုံး ထည့်ပေးသင့်ပါတယ်”

ချည်မျှင်ရှည်ဝါစိုက်ပျိုးလိုသူ မိတ်ဆွေယာသမားကြီးတစ်ဦးကို ဤသို့ထောက်ခံချက် ပေးဖူးပါသည်။ သဘာဝ မြေသြဇာဆိုတာက ထည့်လေကောင်းလေလို့ဆိုချင်သည်။ သဘာ၀မြေသြဇာသည် ထည့်ရသည့်ပမာဏ များ ပြားလွန်းသဖြင့် ယခုအခါ ရှားပါးသလိုဖြစ်လာနေသည်။ စက်မှုလယ်ယာစနစ် ဖွံ့ဖြိုးတိုးတက်လာလို့ နွားချေး မြေသြဇာ ရရှိဖို့ခက်ခဲလာလျှင် သစ်ရွက်ဆွေးမြေသြဇာကို ပြုလုပ်သုံးစွဲသည့် အလေ့အထရှိကြစေချင်ပါသည်။

ဓာတ်မြေသြဇာက ဝါပင်အတွက်လိုအပ်သော အဓိကအာဟာရဓာတ်များကို ဖြည့်ဆည်းပေးသည်။ ဓာတ်မြေ သြဇာကို အာဟာရဓာတ်တစ်မျိုးချင်းပါဝင်သော မြေသြဇာများကိုဖြစ်စေ၊ အာဟာရ ဓာတ်သုံးမျိုးပါသော ကွန်ပေါင်းဓာတ်မြေသြဇာများကိုဖြစ်စေ သုံးစွဲနိုင်သည်။ 

လိုအပ်သည့် အာဟာရဓာတ်တွေကတော့ နိုက်ထရိုဂျင်အာဟာရဓာတ်၊ မီးစုန်းအာဟာရဓာတ်နှင့် ပြာအာဟာရ ဓာတ်တို့ဖြစ်သည်။ ထို့ကြောင့် နိုက်ထရိုဂျင်ပါဝင်သော ယူရီးယားဓာတ်မြေသြဇာ၊ မီးစုန်းဓာတ်ပါဝင်သော ထရစ်ပယ်စူပါဖေါ့စ်ဖိတ် ဓာတ်မြေသြဇာနှင့် ပြာဓာတ်ပါဝင်သော မြုရိရိတ်အော့ဖ်ပိုတက် ဓာတ်မြေသြဇာတို့ကို ကျွေးပေးရန်ဖြစ်ပါသည်။

ဝါသီးနှံပင်သည် နိုက်ထရိုဂျင်အာဟာရဓာတ်ချို့တဲ့မှုကို လုံးဝမခံနိုင်သည့် သီးနှံတစ်မျိုးဖြစ်သည်။ အခြားအာ ဟာရဓာတ်တွေထက် နိုက်ထရိုဂျင်အာဟာရဓာတ်ကြောင့် ချည်မျှင်ရှည်ဝါအထွက် တိုးနိုင်သလို အထွက်လျော့ နည်းနိုင်သည်ကို သတိမူသင့်သည်။ အထွက်လျော့နည်းမှုနှင့် သီးလုံး လွန်ကဲစွာကျွေကျရခြင်းသည် နိုက်ထရို ဂျင်အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ကြောင်းသိရှိရပါသည်။ 

ဖေါ့စ်ဖောရပ်အာဟာရက ဝါပင်အမြစ်နှင့် သီးလုံးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသည်။ ထိုမျှမက ဝါပင်မှ နိုက်ထရိုဂျင်ရယူမှု တိုးပွားရေးကိုလည်း ကူညီပံ့ပိုးပေးပါသည်။

ပိုတက်စီယမ်က မြေအစိုဓာတ်ဆုတ်ယုတ်ခြင်း၊ အပူချိန်နိမ့်ခြင်း၊ ပိုးမွှားရောဂါများ ကျရောက်ခြင်း စသည်တို့ အတွက် ခံနိုင်ရည်ရှိစေရန် အထောက်အကူပြုသည်။ ထို့အပြင် ပိုတက်စီယမ်သည် ဝါချည်မျှင်အရည်အသွေး ကို တိုးတက်စေပြီး ဝါ၏ ဆီပါဝင်မှုမြင့်မားရေးကိုလည်း အထောက်အကူပြုပါသည်။ 

ယခုအခါ အာဟာရတစ်မျိုးချင်းပါဝင်သော ယူရီးယား၊ စူပါဖေါ့စ်ဖိတ်၊ ပိုတက်စသည့် ဓာတ် မြေသြဇာများ သာမက အာဟာရဓာတ်သုံးမျိုး(သို့မဟုတ်) သုံးမျိုးမကပါဝင်သော ကွန်ပေါင်းဓာတ်မြေ သြဇာများကို အလွယ် တကူ ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ဝါသီးနှံပင်နှင့် စိုက်ပျိုးမြေ၏ လိုအပ်ချက်နှင့်အညီ ကိုက်ညီသည့် အာဟာရ ဓာတ်အချိုးအစားပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာများကို ဝါစိုက်ပျိုးရေးတွင် အသုံးပြုသင့်သည်။ ဝါသီးနှံ အထွက်နှုန်းမြင့်မားဖို့ ယေဘုယျထောက်ခံချက်အဖြစ် နည်းပညာပေးတာ မှတ်မိနေသည်။

“ဝါသီးနှံမစိုက်မီ မြေခံအဖြစ် တစ်ဧကမှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၁၁၂ ပေါင်ကို နွားချေးနှင့် အတူ ထည့် ပေးပါ။ ထပ်မံပြီး အဖူးဝင်ချိန်မှာ ကွန်ပေါင်းဓာတ်မြေသြဇာ ၅၆ ပေါင်နဲ့ ယူရီးယား ဓာတ်မြေသြဇာ ၅၆ ပေါင် နှုန်းကို ဝါပင်အတန်းကြားမှာ ထည့်ပေးပါ။ ဓာတ်မြေသြဇာတွေ ထည့်တဲ့အခါ ဝါပင်အခြေတွေနဲ့တော့ ၆ လက်မခန့်အကွာ ဖြစ်ရပါမယ်”

ဓာတ်မြေသြဇာထည့်သွင်းခြင်းဖြင့် ဝါသီးနှံပင်လိုအပ်သော အဓိကအာဟာရဓာတ်များကို ရရှိစေသည်။ သဘာဝမြေသြဇာကို ထည့်သွင်းပေးခြင်းဖြင့် အနည်းလိုအာဟာရဓာတ်များကို ဖြည့်ဆည်းပေးရာ ရောက်စေ သည့်အပြင် စိုက်ပျိုးမြေ၏ ရုပ်သဘာဝကိုလည်း ပြုပြင်ပေးရာရောက်သည်။ သို့ဖြစ်၍ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာတို့ကို တွဲဖက်သုံးစွဲဖို့လိုပါသည်။

ဝါသီးနှံစိုက်ပျိုးရာတွင် ဖေါ်ပြပါအဓိကအချက်များကို လိုက်နာဆောင်ရွက်ပြီး အလေအလွင့်မရှိအောင်  ဝါကောက်သိမ်းနိုင်ပါက မျှော်မှန်းအထွက်ကို ရရှိနိုင်စေမည်ဖြစ်ပါသည်။

ဆင်းသီဟ

 

 

မောင်ဝေယံလင်း

မောင်ဝေယံလင်း

လွန်ခဲ့သော ၂ လ က

စိုက်ပျိုးသင့်သောအချိန်သိချငိပါတယ်

ကိုသန်းလိူင်

ကိုသန်းလိူင်

လွန်ခဲ့သော ၁၀ လ က

ကြွယ်တွေများနေလို့

ကိုသန်းလိူင်

ကိုသန်းလိူင်

လွန်ခဲ့သော ၁၁ လ က

အသီးတွေကြွေတာ ခင်ဗျာ

Ko That

Ko That

လွန်ခဲ့သော ၃ နှစ် က

NPK သုံးစွဲတဲ့အခါ မြေဆီလွှာပျက်စီးနိုင်ပါသလား သီးနှံဘယ်နှကြိမ်လောက်ပေါ်ပီးရင် မြေပြုပြင်သင့်လဲ

ကိုမျိုးဆန်း

ကိုမျိုးဆန်း

လွန်ခဲ့သော ၄ နှစ် က

စိုက်ပျိုးနည်းစနစ်ပင်ခြားတန်းခြားနှင့် စိုက်ချိန်ရာသိဥတုအပူချိန်မိုးရေချိန်သိချင်ပါတယ်

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....