မက်မန်းသီးပင် ပျိုးနည်း(၅)နည်း
မက်မန်းသီးမှ မက်မန်းဝိုင်၊ မက်မန်းယို၊ မက်မန်းသီးအချဉ်ပေါင်း အမျိုးမျိုးပြုလုပ်လို့ရပါသည်။ မက်မန်းသီးတစ်ပင်ရှိမယ်ဆိုရင်တောင် စားလို့မကုန် တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လို့ရနေပါပြီ။ အိမ်တွင်း နိုင်သလောက်စိုက်ပျိုးရင်ပဲဖြစ်ဖြစ်၊ စီးပွားဖြစ်စိုက်ပျိုးဖို့ပဲဖြစ်ဖြစ် အပင်ဖြစ်အားကောင်း အသီးတင်နှန်းကောင်းအောင်စိုက်ပျိုးနိုင်ဖို့ ပျိုးပင်ကောင်းကောင်းများလိုအပ်ပါသည်။ ဒါ့ကြောင့် မက်မန်းပင်ပျိုးထောင်နည်းစနစ်အမျိုးမျိုးကို လေ့လာထားသင့်ပါသည်။
ပျိုးထောင်ရာတွင် အစေ့ကိုပျိုးခြင်း၊ ကိုင်းဖြတ်များပျိုး၍စိုက်ခြင်း၊ ကိုင်းများတွင် မြေထုပ်လုပ်၍စိုက်ခြင်း၊ ဖက်တင်ကူစိုက်ခြင်း၊ အပင်အမြစ်မှ အတက်ပေါက်ဖဲ့၍ စိုက်ပျိုးနိုင်သည်။
၁။ အစေ့မှပျိုးခြင်း
အစေ့ကိုပျိုးရာတွင် ကြိုက်နှစ်သက်သော မက်မန်းမျိုးမှ မှည့်သောအလုံးကြီးများကို အပုပ်ခံရမည်။ အစေ့များကို ရေဆေးပြီး ပျိုးခင်းတွင်ဖြစ်စေ၊ ထင်းရှူးသေတ္တာများတွင်ဖြစ်စေ သဲမြေ၊ ရိုးရိုးမြေ၊ နွားချေး၊ မြေဆွေးရော၍ ပျိုးခင်းတွင် တစ်စေ့နှင့်တစ်စေ့ (၃) လက်မခြားပြီး မြေတွင် (၂) လက်မခန့်မြှုပ်ထားရမည်။ နေ့စဉ်ရေပုံမှန်လောင်း၍ သင့်တော်သော အရိပ်ရရှိပါက ပျိုးပြီး ရက်ပေါင်း (၁) လ၊ (၁) လခွဲအတွင်း အပင်များပေါက်လာမည်။ အပင်ပေါက်များ ၈ လက်မကျော်ပြီး အရွက် ၄၊ ၅ ရွက်ခန့်ထွက်လာချိန်တွင် ရွေ့စိုက်နိုင်သည်။
၂။ ကိုင်းဖြတ်၍ပျိုးခြင်း
ကိုင်းမှပျိုးရာတွင် ကြိုက်နှစ်သက်သော မက်မန်းမျိုးမှ မနု မရင့် လက်တစ်လုံးထက်တုတ်သော ကိုင်းများကို ၁၀ လက်မကျော်ဖြတ်ပါ။ ထို့နောက်ပျိုးခင်းတွင် ထိုး၍ အရိပ်ကျကျနေရာတွင်ထားပြီး ရေလောင်းစိုက်ပျိုးရမည်။
၃။ မြေထုပ်စည်းခြင်း
မြေထုပ်ပြုလုပ်၍စိုက်ပျိုးရာတွင် ကျပ်လုံးထက်မငယ်သော အကိုင်းများတွင် အပေါ်ခွံ (၁) လက်မ ကျယ်ကျယ်ခွာပြီး ထိုနေရာတွင် မြေဆွေးမြေများအုံ၍ အပေါ်မှအုန်းဆံခွံများ (သို့မဟုတ်) တိတ်များဖြင့် အုပ်၍ စည်းနှောင်ထားရမည်။ ရက်ပေါင်း (၄၀-၆၀) ကျော်လာပါက အမြစ်များတွယ်လာသောအခါ အထုပ်အောက်ခြေ (၃) လက်မမှဖြတ်၍ စိုက်ပျိုးခြင်းဖြစ်သည်။ ဤနည်းသည် အသီး သီးမြန်သည်။
၄။ ဖက်တင်ကူနည်းဖြင့်ပျိုးခြင်း
ဖက်တင်ကူပြုလုပ်ပျိုးရာတွင် မိုးအကုန်ဆောင်းအကူးကာလသည် အကောင်းဆုံးဖြစ်သည်။ ကြိုက်နှစ်သက်သော မက်မန်းပင်မှ အကိုင်းတွင် အတက်ထွက်ရန်ပြူနေသော မျက်စိကလေးများကို အခွံပါအောင်ခွာပါ။ ထိုမျက်စေ့ကလေးကို မြေ၌ပျိုးထားသော အောက်ခံပင်၏ပင်စည်တွင် အခွံခွဲပြီး မျက်စိထည့်၍ ကူးခြင်းဖြစ်သည်။
၅။ အမြစ်မှအတက်ပေါက်ဖဲ့ယူခြင်း
အမြစ်မှအတက်ပေါက်ဖဲ့ယူနည်းသည် အလွန်လွယ်ကူသက်သာသည်။ မက်မန်းပင်ကြီးများ၏ ပင်စည်နှင့်အမြစ်တစ်ဝိုက်တွင် မိုးရာသီအချိန်အမြစ်မှနေ၍ အပင်အတက်များ ပေါက်လာကြသည်။ ထိုအပင်ပေါက်များကို အမြစ်တက်များမှ ဖဲ့ယူစိုက်ပျိုးရမည်။
မက်မန်းပင်ပျိုးပင်ယူရာ အောင်မြင်ဖြစ်ထွန်းကြပါစေလို့ ဆုမွန်ကောင်းပြုလျက်..
နည်းပညာများကို “အောင်ဝင်းထွဋ်၏ သီးပင်စိုက်ပျိုး ဝင်ငွေတိုး” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
U Myo Myint Aung
လွန်ခဲ့သော ၂ နှစ် ကမကွေးတိုင်းအပူပိုင်းတွင်စိုက်ပျိုးလို့ရပါသလား
U Myo Myint Aung
လွန်ခဲ့သော ၃ နှစ် ကမည်သည့်ရာသီဥတုကိုကြိုက်နှစ်သက်ပါသလဲ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။
ဦးမောင်ကို • ဖြေကြားချက် 1 ခု
ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
မတ်ပဲကျဲရာတွင် "တော်2တော်ကိုရှောင်' လို့ရှေးလူကြီးများကပြောခဲ့သည် ထိုစကားသည်မှန်ပါသလား ဒီနှစ်မှာ ဝါထပ်သောကြောင့် နတော်လသည်နောက်ကျနေသည် ထိုအရာမှာမည်သည်ကိုအမှန်ယူရမည်နည်းရှင်းပြပေးကြပါဦး
ဦးစောမောင်ဌေး • ဖြေကြားချက် 2 ခု
မတ်ပဲ TBL9 ကို ဘယ်လထိနောက်ဆုံး စိုက်ပျိုးလို့ရလဲ ထွန်ပဲစနစ်ဖြင့်စိုက်မှာပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်မြစ်ဘေးက ကျွန်းမြေတွေမှာစပါးစိုက် ချိန်ပြီးရင် ဘာသီးနှံတွေစိုက်လို့အဆင်ပြေနိုင်မလဲ
zin myo thu • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....