အစိမ်းရောင်လမ်း
ချင်း (ဂျင်း) စိုက်ရန် သင့်တော်သော ရေမြေရာသီဥတုနှင့် ဆောင်ရန်ရှောင်ရန်များ

ချင်း (ဂျင်း) စိုက်ရန် သင့်တော်သော ရေမြေရာသီဥတုနှင့် ဆောင်ရန်ရှောင်ရန်များ

  • ချင်း(ဂျင်း) ပင်သည် ပူနွေးစိုစွတ်သော အပူပိုင်း (သို့) သမပိုင်းရာသီဥတုကို နှစ်သက်ပြီး အလွန်နိမ့်သောအပူချိန်ကို ခံနိုင်ရည် မရှိပါ။ ချင်း(ဂျင်း) ပင်သည် နုန်းမြေ၊ ရွှံ့စေးမြေ၊ သဲဆန်သောမြေနှင့် မြေနီများကဲ့သို့သော မြေအမျိုးအစားများစွာတွင် ကောင်းစွာ ပေါက်ရောက်နိုင်သည်။
  • အပူပိုင်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၅၀၀ အထိ စိုက်ပျိုးနိုင်ပြီး အသင့်တော်ဆုံးမှာ မီတာ ၃၀၀ မှ ၉၀၀ ကြား ဖြစ်သည်။
  •  အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးရန်အတွက် အခြေခံလိုအပ်သောအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး အသင့်တော်ဆုံးမှာ ၁၉ မှ ၂၈ ဒီဂရီစင်တီဂရိတ်  ဖြစ်သည်။ အပူချိန်အလွန်မြင့်မားပါက အပင်ကိုနေလောင်စေပြီး အပူချိန်နိမ့်ပါက အပင်ပေါက်နိုင် စွမ်းကို ငုပ်လျှိုးသွားစေနိုင်သည်။
  •  ချင်း(ဂျင်း) စိုက်ပျိုးရန် စိုထိုင်းဆ ၇၀ မှ ၉၀ ရာခိုင်နှုန်းရှိရန် လိုအပ်သည်။
  •  မြေချဥ်ငန်ဓာတ် ၅.၅ မှ ၈.၅ အတွင်းတွင် စိုက်ပျိုးနိုင်သည်။ ချင်း(ဂျင်း) တက်များ ကောင်းစွာဖွံ့ဖြိုးရန်အတွက် မြေချဥ်ငန်ဓာတ်  ၆ မှ ၆.၅ သည် အကောင်းဆုံးဖြစ်သည်။
  • ချင်း(ဂျင်း) သည် လေတိုက်ခြင်းနှင့် မိုးခေါင်ခြင်းတို့ကို ခံနိုင်ရည်ရှိပြီး ရေဝပ်ခြင်း၊ နှင်းရိုက်ခြင်း၊ ဆားပေါက်ခြင်းတို့ကို ခံနိုင်ရည် မရှိပါ။ ချင်း(ဂျင်း) အထွက်နှုန်းပိုကောင်းရန်အတွက် အရိပ်တစ်စိတ်တစ်ပိုင်းရရှိရန် လိုအပ်သည်။
  •  မရိတ်သိမ်းမီ တစ်လခန့်အလိုတွင် အပူချိန် ၂၈ မှ ၃၅ ဒီဂရီစင်တီဂရိတ်ရှိသည့် ခြောက်သွေ့သောရာသီဥတုရှိရန်လည်း လိုအပ် သည်။
  •  သို့ဖြစ်၍ ချင်း(ဂျင်း) စိုက်ပျိုးရန် သဲဆန်၍ပွသောနုန်းမြေ၊ ရေကောင်းစွာစုပ်ယူစီးဆင်းနိုင်ပြီး အစိုဓာတ် အမြဲထိန်းထားနိုင်သော မြေကို ရွေးချယ်ရမည်။
  •  ချင်း (ဂျင်း) စိုက်မည့်နေရာသည် စက်ရုံ၊ အလုပ်ရုံများ၊ မွေးမြူရေးခြံများအနီးတွင် မရှိသင့်ပါ။
  •  မိုးရာသီတွင် ရေမ၀ပ်အောင် စီမံသင့်သည်။ ရေဝပ်သော မြေဖြစ်ပါက စိုက်ဘောင်မြင့်မြင့်ဖော်ကာ စိုက်ပျိုးပေးရမည်။
  • စိုက်ပျိုးမည့်မြေသည် ယခင်ရာသီများတွင် ချင်း(ဂျင်း) ဆက်တိုက်စိုက်ပျိုးထားသော မြေမဖြစ်ရပါ။  အင်းဆက်ပိုးမွှားများ၊ ရောဂါများ (အထူးသဖြင့် ဥပုပ်ရောဂါနှင့် ဘက်တီးရီးယားပင်ညှိုးရောဂါများ)နှင့် ဓာတုဆေးဝါးများ ကင်းစင်သောမြေဖြစ်ရမည်။
  • အာလူး၊ ခရမ်းချဉ်၊ ငရုတ်၊ ခရမ်းနှင့် ဂေါ်ဖီထုပ် စသည့်သီးနှံများသည် ဘက်တီးရီးယားရောဂါ အလွန်ကူးစက်လွယ်သော ကြောင့် ထိုသီးနှံများစိုက်ပျိုးထားသည့်မြေပေါ်တွင် ချင်း(ဂျင်း)ကို ထပ်မံမစိုက်ပျိုးသင့်ပါ။ ထပ်မံစိုက်ပျိုးမည်ဆိုပါက မစိုက်မီ မြေကြီးကို နေပူပူတွင် ကောင်းစွာနေလှမ်းရမည်။
  • ချင်း(ဂျင်း) ပင်သည် အရိပ် ၃၀% ရရန်လိုအပ်သောကြောင့် သစ်တောသစ်ပင်များနှင့်လည်း တွဲဖက်စိုက်ပျိုးနိုင်သည်။  ချင်း(ဂျင်း) မစိုက်မီ အနည်းဆုံး ၃ နှစ်ခန့် မြေလှပ်ထားသင့်သည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
myat thu aung

myat thu aung

လွန်ခဲ့သော ၃ နှစ် က

မြေသြဇာသုံးနည်းလေးပြောပြပါဦးဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....