အစိမ်းရောင်လမ်း
ခွေးတောက် စိုက်ပျိုးနည်း

ခွေးတောက် စိုက်ပျိုးနည်း

ခွေးတောက်ပင်သည် မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်ပြီး သဲဆန်သောမြေမှာ ပိုမိုဖြစ်ထွန်းပါသည်။ အစေ့မှလည်း စိုက်ပျိုးနိုင်သလို ကိုင်းဖြတ်ပျိုးယူပြီးလည်း စိုက်ပျိုးနိုင်ပါသည်။ 

အစေ့မှပျိုးထောင်စိုက်ပျိုးခြင်း

ပျိုးစေ့များကို ရေ တစ်နာရီခန့်စိမ်ထားပါ။ သဲ (သို့) စက်ဖွဲပြာကို အရိပ်ကျသည့် နေရာတွင် ၂ ပေခန့် ဘောင်လုပ် ရေဝအောင်လောင်းထားပြီး မျိုးစေ့ကို ပါးပါးဖြူးပေးပါ။ ပြီးနောက် မြေမှုန့်ကို အစေ့လုံရုံလေးပက်ဖုံးပေးပါ။ ပျိုးဘောင်လေလုံအောင် ပလပ်စတစ် အကြည်စဖြင့်ဖုံးအုပ်ထားပေးပါ။ ၃ရက်ခန့်ကြာလျှင် အညှောင့်များပေါက်လာပါမည်။

အညှောင့်ပေါက်လာလည့် ခွေးတောက်မျိုးစေ့များကို အသင့်ပြုလုပ်ထားသည့် ၆x၈ လက်မ ပျိုးအိတ်ထဲသို့ ပြောင်းရွေ့ပေးပါ။ အစေ့ကို အိတ်အပေါ်ယံတွင် အသာချပြီး စက်ဖွဲပြာမရှိပါက သဲဖြင့် ဖုံးရုံဖုံးပေးပါ။

ခွေးတောက်မျိုး အညှောင့်ပေါက်ခါစကို ပျိုးအိတ်ထဲမထည့်မီ ရေကြိုတင်လောင်းထားပေးရပါမည်။ အပေါ်ယံမြေဖွဲပြာစိုရုံ ရေဖြန်းပေးပြီး အရိပ်တွင်ထားပါ။

နေ့စဉ် မြေအစိုအခြောက်ကိုကြည့်ပြီး ဆေးဖြန်းပုံးဖြင့် ရေမှုန်လေးဖျန်းပေးပါ။ အရိပ်ထဲတွင် ၃ ရက်ခန့်ထားပြီးပါက အပင်များ ပေါက်လာပါမည်။

အရွက်နှစ်ရွက်ခန့်ထွက်လာပါက နေရောင်အောက်သို့ ပြောင်းရွှေ့ပေးပါ။

အပင်အရွက် ၄-၅ ရွက်ခန့်ထွက်လာပါက အသင့်လုပ်ထားသော စိုက်ခင်းသို့ပြောင်းရွေ့စိုက်ပျိုးနိုင်ပါပြီ။

ကိုင်းဖြတ်ပျိုးယူစိုက်ပျိုးခြင်း

အဆစ်တစ်ဆစ်လျှင် တစ်ပင် ပျိုးယူနိုင်ပါသည်။ အဆစ်မှ အောက်သို့ ၅ လက်မခန့်အဆစ်တိုင်း ဖြတ်ယူစုဆောင်းပါ။

အဆစ်တစ်ခုစီပါသော ခွေးတောက်ကိုင်းများကို အသင့်ပြုလုပ်ထားသော ၆x၈ လက်မပျိုးအိတ်များကို ရေဝအောင် လောင်းပေးပါ။

ပျိုးအိတ်အလယ်တွင် ထမင်းစားသည့် တူချောင်းဖြင့် မြေကြီးကို ထိုးချကာအပေါက်ဖြစ်အောင်လုပ်ပြီး ဂွေးတောက်ကိုင်းကို အဆစ်ပါသည့်ဘက်ကို ၁ လက်မခန့်ဖော်ထားပြီး အရင်းဘက်ကို တူချောင်းဖြင့် အပေါက်ဖော်ထားသည့် နေရာတွင် ထိုးထည့်ကာ မြေပိုကြပ်အောင်ဖိထားပါ။

ခွေးတောက်ပျိုးကိုင်းထည့်ပြီးသည့် ပျိုးအိတ်ကို အရိပ်အောက်တွင်ထားပါ။

နေ့စဉ်မြေအခြောက်အစိုကိုကြည့်ပြီး ရေလိုသလောက်ဖြန်းပေးပါ။

၁၀ ရက်ခန့်အကြာတွင် ရွက်သစ်များထွက်လာပါမည်။ အမြစ်များက တစ်လခန့်မှထွက်လာပြီး ၄၅ ရက်ကျော်လျှင် မြေချစိုက်သင့်ပါသည်။

စိုက်ပျိုးနည်း

စိုက်ပျိုးမည့်ဘောင်တွေကို ၆ လက်မခန့်အမြင့်ထားပြီး တစ်ဘောင်နှင့်တစ်ဘောင် ၂ ပေခန့်ခွာရပါမည်။ တစ်ပင်နှင့်တစ်ပင်ကို ၁ ပေခန့်ခွာပြီး စိုက်ပျိုးပါ။

အပင်ပြုစုစောင့်ရှောက်ခြင်း

စိုက်ပျိုးပြီး တစ်လသားအရွယ်တွင် နွားချေး၊ ကြက်ချေး စတဲ့ မြေသြဇာတွေကို ကြွေးပေးရမည်။ ပေါင်းပင်များကိုလည်း ရှင်းလင်းပေးရမည်။ ပေါင်းမြက်များကို ရှင်းလင်းပေးခြင်းဖြင့် အညွှန့်များကို သန်မာစေပြီး ရောဂါပိုးကျရောက်မှုကိုလည်း ကာကွယ်နိုင်ပါတယ်။ ပျပိုး၊ ပိုးတုံးလုံး၊ ရွက်လိပ်ပိုးများ အများဆုံးကျရောက်ဖျက်ဆီးတတ်သည့်အတွက် ကင်းထောက်စစ်ဆေးပေးပါ။

ခူးဆွတ်ခြင်း

သုံးလသားအရွယ်မှာ အညွန့်များကို စတင်ခူးဆွတ်နိုင်ပါသည်။ အညွန့်ထွက်မှုကောင်းလျှင် ၃ ရက်တစ်ကြိမ် ခူးဆွတ်နိုင်တာလည်းဖြစ်နိုင်ပါသည်။ အညွန့်များများဖြစ်လာစေရန် ခူးသည့်နေရာတွင် သတိထားပေးရပါမည်။ အကယ်၍ ဖြတ်လိုက်သည့် ကိုင်းတွေက အပေါ်ကိုရောက်သွားမည်ဆိုလျှင် အညွန့်သိပ်မသန်တာမျိုးဖြစ်တတ်ပါသည်။ ခူးသည့်အချိန် အောက်ခြေမှာရှိတဲ့ နှစ်တက် သုံးတက်လောက်ကို ချန်ပြီး ညှပ်ပေးလျှင် အကိုင်းအခက်တွေ အများကြီး ထွက်လာပြီး အညွန့်များများရမည်ဖြစ်ပါသည်။

ခွေးတောက်ပင်ဟာ အခြားဟင်းသီးဟင်းရွက်များကဲ့သို့ အနုမစိတ်ပဲ အကြမ်းခံသော အပင်အမျိုးအစားဖြစ်သည့်အပြင် သုံးရက်တစ်ကြိမ် ခူးဆွတ်နိုင်တဲ့အတွက် ခွေးတောက်ပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေများတိုးပွားနိုင်ကြပါစေ။

ကိုးကား- စိုက်ပျိုးရေးနှင့် အထွေထွေဗဟုသုတ

  စိုက်ပျိုးရေး စွယ်စုံကျမ်း (မြန်မာ)

- Mizzima

U Han tun

U Han tun

လွန်ခဲ့သော ၁၁ လ က

အိန္ဒိယမျိုးရှိသလား

ဦးလင်းအောင်

ဦးလင်းအောင်

လွန်ခဲ့သော ၁ နှစ် က

မြေဩဇာဘယ်လိုကျွေးရပါသလဲ

Min Thu

Min Thu

လွန်ခဲ့သော ၂ နှစ် က

ရောဂါက ဘာတွေ ကျတတ်လည်းဗျ

You

ဆက်စပ်ဆောင်းပါးများ

Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

စပါးယောင်ခေါ် (တက်ကွက်)အတွက်အကောင်းဆုံးဆေးလေးညွှန်းပေးပါအုံးခင်ဗျာ

Aung Zaw Oo • ဖြေကြားချက် 2 ခု

ခရမ်းပင်ကို ဒီလိုအောက်လက်ချတာ နည်းလမ်းမှန်လားခင်ဗျာ။ ကျွန်တော်စိုက်ခင်းပျက်မှာကြောက်လို့ပါ။

မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု

မန္တလေးအလယ်ပိုင်းသာစည်နယ်မှာစပါးကိုဘလိုစိုက်ပျိုးရင်အစင်ပြေပါသလဲခင်ဗျာပျိုးမထောင်ရသေးပါဘူးခင်ဗျာမိုးကလဲတဖျင်းသုံရွာပြီးစိုက်ပျိုးမိုးကောရပါမလားဗျာမင်းလှကန်မှာလဲရေကနဲနေတော့အကြံပြုပါအုံးခင်ဗျာ

Min zaw Oo • ဖြေကြားချက် 3 ခု

ကျနော်တို့ဒေသက စပါးပြီးရင် ပဲ လုပ်ကြတဲ့အခါ အမြဲ ထွန်ခင်းပဲ လုပ်ကြပါတယ် onlineပေါ်မှာ လေ့လာကြည့်မိသလောက် မထွန်မယက်ပဲ စိုက်တဲ့ ခုတ်ဖုံးနည်းစနစ်က ထွန်ခင်းလုပ်တာထက် သိသိသာသာပို အထွက်ကောင်းနေတာ တွေ့မြငိနေရပါတယ် အပေါ်က မြက်တွေအုပ်ထားပြီး အစိုဓာတ် ထိန်းပေးထားတာ ထွန်ခင်းထက်အပင်အမြင့် တော်တော်သိသာတာ အယ်နီညိုလည်း ရှိတော့ ကျတော့် စိတ်ကူးလေးကို ပြောပြချင်ပါတဟ် (1) ကျတော့်တို့လဟ်တွေက အနိမ့်ပိုင်း နည်းနည်းကျတော့ ခုတ်ဖုံးလုပ်ရတာ အဆင်ပြေပါ့မလား သိချင်ပါတယ် အဆင်ပြေမဟ်ဆို ဘယ်လိုမျိုး လုပ်သင့်ပါသလဲခင်ဗျာ (2) ဒါကတော့ ပုံမှန်အတိုင်း ထွန်မယ် ပဲကြဲမဟ် ကြဲပြီးရင် ရိုးပြတ်တွေ EM ဖြန်းပြီး အပေါ်ကနေ ခပ်ပါးပါး နဲ့ ညီညီညာညာ လိုက်ဖြန့်ပြီး ဖုံးလိုက်ပါမဟ် ထွန်ခင်း ဖြစ်တဲ့ အတွက် အခုလိုလုပ်တာ ပဲ ပင်ပေါက်တာကို ထိခိုက်နိုင်ပါသလားခင်ဗျ ကျတောိ့ရဲ့ စိတ်ကူးကတော့ မြေအစိုဓာတ် ထိန်းနိုင်မယ် ဒါဆို အပင်အားလည်း ကောင်းမဟ်လို့ တွေးမိလို့ပါ လွဲမှားတာများရှိရင်လည်း ဝေဖန်ထောက်ပြပြီး အကြံညဏ်များ ပေး ပေးပါအုံးခင်ဗျာ

Paing Lay • ဖြေကြားချက် 6 ခု

မြေပဲကိုယ်ဘောင်နဲ့စိုက်ပျိုးလို့ရလားခင်ဗျာ စိုက်လို့ရရင်ပုံလေးနဲ့ဖော်ပြပေးကြပါ

Nay G • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....